ပြည်သူ့အကျိုးကို ရှေ့ ရှု မှ ပြည်သူ့ကို ကိုယ်စားပြုတဲ့ ပြည်သူ့ အစိုးရကောင်း

ချိုတူးဇော်၊          ၊ဆက်သွယ်ရေးဝန်ကြီးဌာနက ပြည်သူလူထု ရဲ့ သက်သာချောင်ချိရေး
ကိုရှေ့ရှုတာလား ၊ အမြတ်အစွန်းကိုရှေ့ရှုနေတာလားဆိုတာပြန်သုံးသပ်ဖို့လိုပါလိမ့်မယ်။
ပြည်သူလူထုကိုကိုယ်စားပြုပြီး ပြည်သူလူထုရဲ့ရွေးကောက်တင်မြောက်မှုနဲ့ ပြည်သူ့အစိုးရ
အဖွဲ့အစည်းရဲ့ဘယ်ဝန်ကြီးဌာနမဆို ပြည်သူလူထုရဲ့သက်သာချောင်ချိလွယ်ကူချောမွေ့စေရေး
ကိုသာရှေ့းရှုဖို့လိုပါတယ်။အဲဒီလိုမှမဟုတ်ရင်အမည်ခံ ပြည်သူ့အစိုးရသာဖြစ်ပါလိမ့်မယ်။

ဆက်သွယ်ရေးဝန်ကြီးဌာနဟာ နိုင်ငံတကာမှ မရှိခဲ့တဲ့ဈေးနှုန်းတွေနဲ့ အများပြည်သူကို မိုဘိုင်းဖုန်းတွေလည်း အကြိမ်ကြိမ်အမျိုးမျိုးရောင်းချပေးခဲ့ပါတယ်။

ဒါ့ထက်မက တယ်လီဖုန်းအခွန်ခတွေ၊မီတာခတွေကို ကောက်ချင်သလိုကောက်၊မြှင့်ချင်
သလိုမြှင့်နေတာလည်းတရားနည်းလမ်းမဲ့ပါပဲ။ခုလည်း ကိုယ်တိုင်မဖန်တီးပေးနိုင်တဲ့ အများပြည်သူရဲ့ သက်သာချောင်ချိတဲ့ နိုင်ငံတကာရဲ့ လွတ်လပ်တဲ့ဆက်သွယ်ရေးလမ်းကြောင်းတွေကို
ပိတ်ပင်တားဆီးဖို့တာစူနေပြန်ပါပြီ။

ဒီလိုလုပ်ရပ်မျိုးဟာ ပြည်သူလူထုကိုကိုယ်စားပြုတဲ့ ရွေးကောက်တင်မြောက်ခံအစိုးရတရပ်အနေနဲ့ လုပ်သင့်မလုပ်သင့်၊လုပ်ခွင့်ရှိမရှိ ဆင်ခြင်သုံးသပ်ဖို့လိုပါလိမ့်မယ်။ ယုတ်စွအဆုံးတယ်လီဖုန်းခွန်၊
စည်ပင်ခွန်၊မီတာခွန် အခွန်ကောက်တာမျိုးကအစ ပြည်သူ့အစိုးရသာစစ်မှန်ရင် ပြည်သူလူထုရဲ့
သဘောတူညီမှုတစုံတရာ မပါဘဲ ၊ လုပ်ရိုးထုံးစံမရှိပါဘူး။

ဒါ့ထက် ဘာလုပ်လုပ် အခွန်အခ၊အမြတ်အစွန်းထက် ပြည်သူလူထုသက်သာချောင်ချိရေးကို
သာရှေ့ရှုဖို့လိုပါတယ်။ နိုင်ငံတော်ဘဏ္ဍာငွေထိခိုက်လို့ဆိုတဲ့အကြောင်းပြချက်နဲ့ ပြည်သူလူထုရဲ့
လွယ်ကူချောမွေ့သက်သာချောင်ချိမှုကို ဖျက်ဆီးတာဟာ ပြည်သူ့အစိုးရကောင်းရဲ့လုပ်ရပ်မဟုတ်ပါဘူး။

လောကမှာ လူကောင်း၊လူဆိုးထက် ကို ယုတ်ညံ့တဲ့ လူယုတ်မာဆိုတာ ရှိပါတယ်။လူကောင်းက ကောင်းတဲ့လုပ်ရပ်ကိုလုပ်မယ် ၊ လူဆိုးက ဆိုးတဲ့လုပ်ရပ်ကိုလုပ်မယ် ။
ယုတ်မာတဲ့လူကတော့ ဆိုးတဲ့လုပ်ရပ်ကိုလုပ်ရုံသာမက လူကောင်းတွေရဲ့ ကောင်းမွန်သာယာအဆင်ပြေမှု
ကိုပါ ဖျက်လိုဖျက်ဆီးလုပ်တဲ့အထိ နိမ့်ကျဆိုးရွားပါတယ်။

အစိုးရ မှာလည်း ပြည်သူလူထုအတွက် ကောင်းတဲ့လုပ်ရပ်တွေကို လုပ်တဲ့ အစိုးရကောင်း ရှိသလို ၊ ဆိုးတဲ့လုပ်ရပ်တွေလုပ်တဲ့ အစိုးရဆိုးလည်းရှိ ပါတယ်

ပြည်သူလူထုရဲ့ သက်သာချောင်ချိအဆင်ပြေမှုကို ရည်ရွယ်ချက်နဲ့ဖျက်လိုဖျက်ဆီးလုပ်တယ် ဆိုရင်တော့  .  . . . ။          ။

ပြည်သူ့အစိုးရကောင်း ပေါ်ထွန်းလာပါစေ ။

ချိုတူးဇော်

အထက်ပါ သဘောထား အမြင် စာစု ကို ဒါရိုက်တာ နှင့် စာရေး ဆရာ ချိုတူးဇော်၏ Facebook မှတ်စု မှ ရယူ
ပါသည်။
မူရင်း စာစု နှင့် သဘောထားအမြင် မှတ်ချက် များ ကို ဒီမှာ ကြည့်ပါ

7 thoughts on “ပြည်သူ့အကျိုးကို ရှေ့ ရှု မှ ပြည်သူ့ကို ကိုယ်စားပြုတဲ့ ပြည်သူ့ အစိုးရကောင်း

  1. တချို့ကပြောကြတယ် လုံခြုံရေးကြောင့် ဆက်သွယ်ရေးကို ဈေးမြင့်ထားတာတဲ့ ကျွန်တော်ကတော့ လုံးဝ သဘောမတူပါဘူး။ အစိုးရရဲ့ ငွေကြေး အကျိုးအမြတ်ရလိုမှုကြောင့်ပဲ ထင်ပါတယ်။ ထိုင်းနိုင်ငံမှာ မြန်မာငွေ 1500 လောက်ပေးရင် ဆင်းကတ် တစ်ကတ် လမ်းဘေးဆိုင်မှာတင်ဝယ်လို့ရပါတယ်။အခု မြန်မာပြည်မှာ ဈေးချိုလာတယ်ဆိုတာတောင် 5 သိန်းကျော်တဲ့ဗျာ။ ကမ္ဘာမှာ အဆင်းရဲဆုံးနိုင်ငံက နိုင်ငံသားအများစု ဘယ်လိုကိုင်နိုင်မှာလဲ။အခုလည်း အင်တာနက်နဲ့ ဆက်သွယ်လို့ရတဲ့ ပီဖင်ဂိုး တို့ ဗီဇက်အိုတို့ ဂျီတော့ တို့ကို ပိတ်နေပြီတဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ်ကို သွားနေတယ်ဆိုပြီး ဘာလို့ နောက်ပြန်ဆွဲနေရတာလဲဗျာ။ကျွန်တော်တို့ နေချင်တာက ထမင်းစားရရုံ အ၀တ်လုံရုံမဟုတ်ဘူးဗျာ ကမ္ဘာ့လူသားပီပီ နေချင်တာ၊ အခုတော့ ထမင်းစားရဖို့တောင် မနည်းရုံးကန်နေရတာဆိုတော့ အားလုံး ညီညီညွတ်ညွတ်နဲ့ ၀ိုင်းလှုပ်၇ှားမှ ကိုယ်လိုချင်တာ၇မှာပေါ့ဗျာ။

    1. မပြောကြပါနဲ့ကွာ… သူ့ဝန်ကြီးလစာနဲ့ မလောက်လို့နေမယ်.. .. မဲခိုးပြီး တက်လာတာလေ.. သူ့အိပ်ကပ်ထဲပဲ ထည့်နေတာ.. နိုင်ငံတော် ဘဏ္ဍာထဲတော့ ရောက်မှာမဟုတ်ဘူး.. ဟီးးး…

  2. ဆက်သွယ်ရေးလည်း တစ်ခါက ဂြိုလ်တုစလောင်းတွေ လိုင်စင်ခ တိုးပြီးကမ္ဘာကျော်အောင်လုပ်ဖူးတယ်။
    မိုဘိုင်းဖုန်းကို နိုင်ငံတကာမရှိတဲ့ဈေးနဲ့ရောင်းဖူးတယ်။အခု အင်တာနက်ကိုရန်ရှာနေပြီနော်။လူ့အခွင့်အရေးကောင်စီတော့ အချက်တစ်ချက်ရဦးမယ်။
    ကမ္ဘာမှာ US တောင် အင်တာနက်အစွမ်းကိုအလေးအနက်ထားရတယ်။

  3. ရွေးကောက်ပွဲ တင်ဆက်တဲ့ သုတွေရဲ့ အမှားမဟုတ်ပါဘုး..
    မဲထဲ့တဲ့သုတွေကတာ…… အဲ့ဒီရွေးကောက်ပွဲကို အသိမှတ်ပြုသွားကြတာပါ..
    ကဲ အခုတော့

  4. ( ဒီလိုလုပ်ရပ်မျိုးဟာ ပြည်သူလူထုကိုကိုယ်စားပြုတဲ့ ရွေးကောက်တင်မြောက်ခံအစိုးရတရပ်အနေနဲ့ လုပ်သင့်မလုပ်သင့်၊လုပ်ခွင့်ရှိမရှိ ) ဟားဟားဟား တော်တော်ရီစရာကောင်းတဲ့လူတွေ မင်းတို့မဲပေးလို့ရွေးကောက်လို့တက်လာတာလား သူတို့ဟာသူတို့အကြံ အဖန်လုပ်ပြီးတက်လာတာလား မင်းတို့မသိဘူလား ကျားရှေ့မှာဒူထောက်တောင်းပန်လျင်သက်သာရာရဘို့ ရှိလျင်ရှိနိုင်မယ် ဒီလူတွေကိုများသွားပြောနေတယ် နားမ
    လည်းဘူးထင်နေလို့လား လည်တာမှ ဟိုဘက်တောင်လွန်သွားသေးတယ် အဲ့ဒီလိုလုပ်ချင်လို့ကိုလုပ်နေတာကိုဘယ့်နယ်ဗျာ တော်တော်ဒုံးဝေကြတာဘဲ။အဲ့ဒီဒါဏ်တွေမခံနိုင်လျင်လွတ်အောင်လုပ်ကြ ။

  5. ပြည်သူလူထု နှင့် အစိုးရကို awareness ပေးတဲ့ ဒီလိုမျိုး ဆောင်းပါးဟာ ဖတ်ရ အားတော်တော် ကောင်းပါတယ်ဗျာ။

Comments are closed.