
Kခိုင်၊ ၊ဧပြီလလယ် မှာ ကျရောက် မယ့် မြန်မာ့ ရိုးရာ အတာ သင်္ကြန် ပွဲတော် ကာလ ကို
ဒီနှစ် မှာတော့နွှဲ ပျော်မယ့် သူ နဲ တယ်လို့ ရန်ကုန် မြို့ က နှစ်စဉ် နှစ်တိုင်း သင်္ကြန် မဏ္ဍပ်
ပြုလုပ်လေ့ရှိသူ တစ်ဦးက Freedom News Group ကို ပြောပါတယ်။
သူက “မနှစ်က ဆိုရင် ဒီ အချိန် လောက်ဆို မဏ္ဍပ် ထိုင်မယ့် သူတွေ မေး နေကြပြီ ဒီနှစ်တော့
ဘာသံမှ မကြားဘူး ၊ ကျွန်တော် တို့  လည်း မကိုက်ရင်တော့ မဏ္ဍပ် လုပ်မှာ မဟုတ်ဘူး ဟု
ပြောပါတယ်။
ယခင် နှစ် အတာသင်္ကြန် က ရန်ကုန် မြို့ ကန်တော်ကြီး ကန် ပတ်လမ်း နှစ်သစ် ကူးကာလ
ဗုံးပေါက်ကွဲ မှု ဖြစ်ပွားခဲ့ ပြီး လူလေးဆယ် ကျော် သေဆုံး ပြီး ၁၀၀ ကျော် ဒဏ်ရာ ရရှိခဲ့တာ
ကြောင့် ဒီ နှစ် အတာသင်္ကြန် မှာ ပါဝင် နွှဲ ပျော် ဖို့  ရန်ကုန် လူထု က စိတ် မ၀င်စား ကြတာ
ဖြစ်ပါတယ်။
မနှစ်က ကန်တော် ကြီး ကန် ပတ် လမ်းက ရေကစားမဏ္ဍပ် တစ်ခုမှာ ရေကစား ခဲ့ တဲ့ မဖွေး
ဖွေး က တော့ ဒီနှစ်မှာ တရား စခန်း ပဲ ၀င်တော့ မယ် လို့ ပြောပါတယ်။
ယခု နှစ် သင်္ကြန် မှာ တရား စခန်း ၀င် လို သူတွေ ပို များ လာ ပြီး စက်သုံး ဆီ ဈေးနှုန်း
မြင့်မား တာကြောင့် မော်တော် ကား နဲ့ လည်ပတ် မယ့်သူ လဲ ရှားပါးနေပါတယ်။
နှစ်စဉ် သင်္ကြန် မဏ္ဍပ် ပြုလုပ် စီစဉ် သူများ ကလည်း ယခုနှစ် တွင် ထုတ် ပြန်ထား
သည့် CCTV နှင့် ဗုံးရှာကိရိယာ များ အပြင် လုံခြုံရေး ကိရိယာ များ နှင့် ၀န်ထမ်း
များ ပါ ငှားရမ်း ရမယ် ဆိုသောကြောင့် မဏ္ဍပ် လုပ်မယ့် သူ နည်း တွေ နဲသွား တာ
ဖြစ်ပါတယ်။
အရင် နှစ်တွေ က အင်းလျှား လမ်းမှာ တင် မဏ္ဍပ် သုံး ခု လောက် လုပ်ခဲ့ သူ တစ်
ဦးက တော့ “ဒီနှစ် မဏ္ဍပ် တစ်ခု အတွက် သိန်း ၈၀ လောက် ကုန် မယ်
ဘယ်လောက် ပြန်ရမယ်ဆိုတာ မျှော်လင့် လို့ မရဘူး ၊ ဒီနှစ်တော့ လုပ်ဖြစ်တော့မယ်
မထင် ဘူး အခြေအနေ ကြည့် အုံး မယ် ” လို့ ပြောပါတယ်။
မြန်မာ နိုင်ငံ က နာမည် ကြီး အဆိုတော်တွေ ဟာ လဲ ဒီနှစ် သင်္ကြန် မှာ အရင် နှစ်တွေ
ကလို လာရောက်မေးသူ နဲ ပါး သွားကြောင်း သိရပါတယ်။
ရန်ကုန် မြို့ က Hiphop အဆိုတော် တစ်ဦးကတော့ “နိုင်ငံ ရေးကြောင့် ဖြစ်မယ်ထင်
တယ်၊ ဘာဖြစ်မယ် မှန်း မသိကြတော့ ဘယ်သူမှ ဘာလုပ်ရမှန်း မသိဘူး ဖြစ်နေတယ်”
လို့ ပြောပါတယ်။

အစိုးး၇ ကိုယ်တိုင်က ဆိုတဲ့ စာကြောင်းက ဘာကို ၇ည်၇ွယ်တာလဲ စည်းကမ်းဆိုတာ စည်း၇ှိသူတွေအတွက် မလိုအပ်တဲ အ၇ာပါ ဥပဒေဆိုတာ လိုအိပ်မှထုတ်တာလို ကျနော်ကြားဘူးတယ် မနှစ်က အဖြစ် အပျက်မျိုး ဖြစ်မလာခဲ့ ၇င် ကျနော် မေးမယ် တင်းကျပိတဲ့ ဥပဒေမျိုး ကို ခင်ဗျာ မြန်မာ ပြည်မှာ လူဖြစ်သလောက်တွေ့ ဘူးလား သကြန်မှာပေါ့  သေချာပါတယ် ခင်ဗျာတို မှ ပျော်ချင်တာ မဟုတ်ဘူး ကျုပ်တိုလဲ လူတွေပါ ပျော်ချင်တာပေါ့ ခင်ဗျာတို ကဲနေချိန်မှာ ဘေးမှာလုံခြုံေ၇းယူပေးနေ၇တဲ့ ဘ၀ ကို ခင်ဗျာတို့ မှမစာနာတာ တာဝန်တွေလာမပြောနဲ့  တာဝန်နဲ့ လာကိုင်ပေါက်၇င် ချမှတ်တဲ့ ဥပဒေလေးစားပေါ့ ဗျာ
ဟုတ်ကဲ့ပါ… အစိုးရကိုယ်တိုင်မှ အသုံးမကျတာလို့ ဆိုလိုချင်တာပါ… ဒီလို အသုံးမကျတဲ့ စစ်အာဏာရှင်လက်အောက်မှာ လူလာဖြစ်ရတဲ့ ကျွန်တော်တို့ဘ၀တွေလဲ တွေးကြည့်ရင် တော်တော်သနားဖို့ကောင်းပါတယ်…
ဥပဒေဆိုတာ စိတ်ထဲမထင်ရင် မထင်သလိုထုတ်တာပါ… လိုအပ်တယ်ဆိုတာကလည်း ပြည်သူတွေအတွက် လိုအပ်တယ်ဆိုတာထက် စစ်အာဏာရှင်တွေအတွက် အဓိကလိုအပ်လို့ ထုတ်တယ်ဆိုရင် မမှားပါဘူး… နောက်ပြီး စည်းကမ်းသတ်မှတ်ချက်တဲ့… မဏ္ဍပ်ကို ဟိုနေရာဆောက်… ဒီနေရာမှာ မဆောက်နဲ့… ဒီလိုနေ ဒီလိုသွား… ဟိုလိုမနေနဲ့ …အိုဗျာ… ရှုပ်နေတာပဲ… အဲဒါတွေကို ဘယ်သူတွေက လိုက်နာလဲ… ဘယ်သူတွေက မလိုက်နာဘူးဆိုတာကိုကော သိရဲ့လားဗျာ…
နအဖ စစ်အာဏာရှင်တွေရဲ့ သားသမီးတွေ ဆွေးမျိုးတွေပဲ လုပ်ချင်ရာ လုပ်နေကြတာမဟုတ်လား… သာမန်ပြည်သူတွေက စစ်အစိုးရနဲ့ ပြဿနာဖြစ်မှာစိုးလို့ ရှောင်ကြပါတယ်ဗျာ… မဟုတ်ရင် ရှင်းလို့မကျင်းမှာ စိုးလို့ပါ…
သက်ဆိုင်ရာပုဂ္ဂိုလ်တွေရဲ့ သားသမီးတွေများဗျာ… လုပ်ချင်ရာ လုပ်တယ်… နေချင်သလိုနေတယ်… ဘယ်မှာလဲ စည်းကမ်းထိန်းသိမ်းရေးက ပုဂ္ဂိုလ်တွေ အနားတောင် မကပ်ရဲဘူးမဟုတ်လား…
ခင်ဗျားပြောတဲ့ ဥပဒေဆိုတာ ပြည်သူတွေ လေးစားလိုက်နာဖို့ထားတာလို့ ဆိုချင်တာလားဗျာ… ကျွန်တော်တို့နိုင်ငံမှာ ပြောပြောနေတာ ကြားဖူးပါရဲ့ဗျာ… ဘာတဲ့… ” ဥပဒေရဲ့ အထက်မှာ ဘယ်သူမှမရှိပါဘူး ” တဲ့… တကယ့်ဟာသဗျာ… တကယ်ကို ရယ်ရတဲ့ ဟာသပျက်လုံးဗျာ… ခင်ဗျားဗျာ ကျွန်တော့်ကို အဲဒီဟာသတွေနဲ့ လာမကိုင်ပေါက်ပါနဲ့ဗျာ… ရယ်ချင်လွန်းလို့ပါ…
ခင်ဗျားတကယ်မသိတာလား… သိရဲ့သားနဲ့ တမင်လာပြောနေတာလားဗျာ… ဒီလောက် မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာကို မသိဘူးလားဗျာ… ဘာလို့ တကယ့်ပြည်သူတွေဘ၀နဲ့ ကင်းကွာနေတာလဲ… ခင်ဗျားတို့ဟာ ယူနီဖောင်းလေး ၀တ်လိုက်တာနဲ့ ဘာလို့ ပြည်သူတွေအပေါ်အဲဒီအမြင်မျိုးတွေ ဖြစ်သွားတာလဲဗျာ…
သင်္ကြန်ကို ဖျက်လိုဖျက်ဆီးလုပ်တဲ့သူ မည်သူမဆို ပြည်သူရန်သူပဲ… လုပ်ချင်ရင် သူတို့သားသမီးတွေရှိတဲ့ မဏ္ဍပ်ကိုသွားလုပ်ဗျာ… ဖြစ်နိုင်ရင် မဏ္ဍပ်တစ်ခုလုံးပြာပုံဖြစ်သွားပါစေ… ခေါင်းထဲထည့်မှာမဟုတ်ဘူး… အပြစ်မဲ့ ပြည်သူတွေကိုတော့ လုပ်တာကိုတော့ သည်းမခံဘူး… ဘယ်သူပဲ လုပ်လုပ် ရှုံ့ချတယ်…
ခင်ဗျားပြောတဲ့ ဘ၀ကို ကျွန်တော်စာနာပါတယ်ဗျာ… တကယ်ပါ… ကျုပ်တို့တွေ ပျော်နေချိန်မှာ ဘေးက လုံခြုံရေးယူပေးနေတဲ့သူတွေကို စာနာပါတယ်… ကျုပ်တို့ဟာ မြန်မာပြည်သူ၊ ပြည်သားတွေပါ… ခင်ဗျားတို့ကိုမစာနာဘူးလို့ ခင်ဗျားတို့ မထင်ပါနဲ့ဗျာ…
တဖြည်းဖြည်းနဲ့ ကျွန်တော်တို့ရဲ့ ရိုးရာအမွေသင်္ကြန်လဲ ပျောက်ကွယ်တော့မယ် ထင်တာပါပဲဗျာ… သင်္ကြန်ဟာ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေရဲ့ တန်ဖိုးထားပျော်ရွှင်ရတဲ့ ပွဲတော်တစ်ခုပါ… သင်္ကြန်ဆိုတာကို မြန်မာပြည်သူတိုင်း တန်ဖိုးထား ပျော်ရွှင်ကြပါတယ်… ဘယ်သူမဆို သင်္ကြန်ရောက်ခါနီးလို့ သင်္ကြန်တေးသံတွေကြားရင် စိတ်တွေမြူးလာကြပါတယ်… သင်္ကြန်ဆိုတာဟာ မြန်မာပြည်သူလူထုအားလုံးရဲ့ နှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်း ကိန်းအောင်းနေတဲ့ မြန်မာတွေရဲ့ အစဉ်အလာ ရိုးရာပွဲတော်တစ်ခုပါ… သင်္ကြန်မှာ ဘာမှကန့်သတ်ချက်မရှိဘူး…
မြန်မာနိုင်ငံတွင်း နေထိုင်ကြတဲ့ တိုင်းရင်းသားတွေနဲ့ တရုတ်၊ ကုလားတွေ အကုန်လုံး ဒီပွဲတော်မှာ ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွှဲခွင့်ရပါတယ်… အသားအရောင်၊ ဘာသာရေး၊ လူမျိုးရေးစတဲ့ ဘာကန့်သတ်ချက်မှ မရှိတဲ့ မြန်မာနိုင်ငံထဲက ပွဲတော်ဟာ မြန်မာ့ရိုးရာအတာသင်္ကြန်ပါပဲ…. အဲဒီလိုမျိုး မြန်မာ့ရိုးရာသင်္ကြန်ပွဲတွေကို ဖျက်ဆီးတဲ့သူတွေဟာ မြန်မာပြည်သူတွေရဲ့ စိတ်တွေကို ညစ်နွမ်းစေအောင်လုပ်တဲ့ အထဲမှာပါတယ်…
အစိုးရကိုယ်တိုင်က ငါထင်ရာလုပ်မယ်… အာဏာကြီးကို ကိုင်ကိုင်ထားပြီး ငါ့ပါးစပ်က ထွက်တာ ဥပဒေဘဲဆိုတဲ့သူတွေ ကြောင့် သင်္ကြန်ဟာ တစ်နှစ်ထက် တစ်နှစ်ပိုပိုပြီး ခြောက်သွေ့လာရတယ်… ကျွန်တော်တို့ရဲ့ အကိုတော်များပြောခဲ့တဲ့ သင်္ကြန်တွေဟာ ပျော်ရွှင်စရာအတိတွေနဲ့ ပြီးခဲ့တာတွေပါ… ဘာမှ ဥပဒေကြီးကြီးမားမား ကန့်သတ်ထားတာလဲမရှိ… ပျော်ချင်သလိုပျော်နေခဲ့ကြရတဲ့ သင်္ကြန်ဆိုတဲ့ အနှစ်သာရဟာ အခုခေတ်မှာပြန်ပြောရင် ဒဏ္ဍာရီတစ်ခုလို ဖြစ်ပါတော့မယ်… ဒီလိုနဲ့ဆက်သွားရင် နောင်ဆိုရင် သင်္ကြန်ဆိုတာ ပျော်စရာပွဲတော်တစ်ခုလားဆိုတာ အမေးခံရတော့ပါမယ်…