မဟာမိတ်တပ်ဖွဲ့ များ က တိုမာဟောခ် ဒုံးကျဉ်များ ဖြင့် ကဒါဖီ၏ စစ်စခန်းများကို ဆက်လက်တိုက်ခိုက်
ဒီမိုကရေစီ လိုလားသည့် လစ်ဗျား တပ်များ အက်ဒါဘီ ယာမြို့ ကို ပြန်လည်သိမ်းပိုက်
ကဒါဖီ ၏ သစ္စာခံတပ်များ က အပြစ်မဲ့ ပြည်သူများ ကို ဖမ်းဆီးပြီး လူသား ဒိုင်း လုပ်ခိုင်း
ကဒါဖီ ပျောက်ဆုံးနေပြီ ဟု မြို့ တော် ထရီပိုလီ တွင် သတင်းထွက်ပေါ်
Libyan Pro-Democracy Armed forces regroup and Head to Tripoli

ပြင်သစ် က ယခု အချိန်ထိ အရပ်သား သေဆုံးမှု မရှိသေး ဟု ဆို
ရစ်လာ နုဖ် ရှိ ကဒါဖီ ၏ ကြံ့ဖွတ် ခေါင်းဆောင် ဒုံးကျဉ် မှန်ပြီးသေ
ကဒါဖီ က ခလေးများ ကို စကောလားရှစ် မက်လုံးပေး ၍ ၎င်း၏အိမ် ရှေ့ တွင်ထိုင်ခိုင်း
လစ်ဗျား နိုင်ငံ တွင် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ဆန္ဒပြ ကတည်းက ယခု အထိ ၈၀၀၀ ကျော်သေဆုံး
___________________________________________________________
ကဒါဖီ ၏ အပစ် အခတ် ရပ် စဲ ရေး ကို အမေရိကန် က ပယ်ချပြီး ဆက်လက်တိုက်မည် ဟု ပြော
ဘန်ဂါဇီ မြို့  မှ ကဒါဖီ ၏ တပ်များ ကို မဟာမိတ် တိုက်လေယာဉ် များ တိုက်ခိုက် ချေမှုန်း နိုင်ခဲ့
ထရီပိုလီ ရှိ လစ်ဗျား ကာကွယ်ရေး ၀န်ကြီးဌာန ကို ဗြိတိသျှ သင်္ဘောများက တိုမာဟောခ်
ဒုံးကျဉ်ဖြင့် ဆက်လက် တိုက်ခိုက်
THIS IS A BREAKING NEWS UPDATE. Check back soon for further information.
FNG ‘s earlier story is below.

FNG ၊ ၊ယမန်နေ့ က ပြုလုပ်ခဲ့သည့် မဟာမိတ် တပ်ဖွဲ့ များ ၏ ဒုံးလက်နက် ပစ်လွှတ်မှု နှင့်
လေကြောင်းစစ်ဆင်ရေး များ မှာ ထိရောက်မှု ရှိကြောင်း ရေတပ်ဦးစီးချုပ် ၀ီလျှံ ဂေါ်တနီ က CNN
သတင်းဌာနကို ပြောကြား ခဲ့သည်။

အမေရိကန် နဲ့ ဗြိတိသျှ တပ်ဖွဲ့ တွေ ရဲ့ တိုမာ ဟောခ် ဒုံးကျဉ်တွေ နဲ့ ပစ်လွှတ် တိုက်ခိုက်မှု တွေ
ကြောင့် ထရီပိုလီ ရှိ ကဒါဖီ ရဲ့ လေးထပ် အမြင့် ရှိ စစ်ဌာနချုပ် တစ်ခု ပါ ပျက်စီး ခဲ့သည်။ ထို
အဆောက်ဦ တွင် ၁၉၈၆ ခုနှစ် အမေရိကန် တပ်များ ထရီပိုလီ ကို ဗုံးကြဲစဉ်က အမေရိကန်
တိုက်လေယာဉ် တစ်စီး ကို လစ်ဗျား တပ် များ ပစ် ချ နိုင်ခဲ့ခြင်း အထိမ်းအမှတ် ဖြစ် တည်
ဆောက် ထားခြင်း ဖြစ်ပြီး ယခု ပြိုကျသွား ပြီ ဖြစ်သည်။
လစ်ဗျားနိုင်ငံ ထရီ ပိုလီ မြို့ ရှိ CNN သတင်း ထောက် Nic Robertson က ထရီပိုလီ မြို့ တွင်
ပေါက်ကွဲ သံများ ဆူညံ နေပြီး ရံဖန် ရံခါ တွင် လေယာဉ် ပစ် အမြောက်သံ များ စက်သေနတ်
သံများ ဗုံးကြဲ သံများ ဖြင့် ဆူညံ နေသည် ဟု ဆိုသည်။
လစ်ဗျား နိုင်ငံ က ပစ်ခတ်မှု များ ရပ်စဲခြင်း သည် ဟု ကြေငြာခဲ့သော်လည်း မဟာမိတ်
လေယာဉ်များ က ထရီ ပိုလီ ရှိ ကဒါဖီ နေ ထိုင်သည် ဟု ယူဆရသည့် နေရာ များ ကို
ဆက်လက် တိုက် ခိုက်လျှက် ရှိသည်။
၄၂ နှစ်ကြာ ကဒါဖီ ရဲ့ အုပ်စိုးမှု ကို ဖယ်ရှား ဖို့ ကြိုးစား တဲ့ ပြည်သူတွေ ကို လေယာဉ်နဲ့ 
ပါ ဗုံးကြဲပြီး သတ် ဖြတ်ခဲ့ သည့် အတွက် ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီ က အရေးယူ
ခြင်းဖြစ်သည်။
လစ်ဗျား ရုပ်သံက မနေ့ က လေကြောင်း တိုက်ခိုက်မှု မှာ သေဆုံး ခဲ့တဲ့ သူတွေ ရဲ့ နာ
ရေးတွေ ကို လွှင့်ထုတ်ပြသနေပြီး လစ်ဗျား နိုင်ငံခြားရေး ၀န်ကြီးက သူတို့ တွေ ဟာ
အပြစ်မဲ့တဲ့ အရပ်သား များ ဟု ပြောခဲ့သည်။
တနင်္ဂနွေ နေ့  ည သန်းခေါင်းယံ မှတော့ ဗြိတိသျှ ရေ ငုပ် သင်္ဘော ထရာဖောလ်ဂါက
တိုမာ ဟောခ် ပဲ့ထိန်း ဒုံး ပျံ များ ဖြင့် ရပ်(စ)လာနုဖ် နှင့် ထရီ ပိုလီ မြို့ များ ကို ဆက်
လက်တိုက် ခိုက်နေသည်။
ယနေ့ ည လစ်ဗျား ရုပ်သံ ဉ် ကဒါဖီ က မိန် ခွန်းပြောကြားရာ တွင် လစ်ဗျား ပြည်သူများ
သည် စစ်ပွဲ တွင် အနိုင်ရရှိမည် ဖြစ်ပြီး ကိုလိုနီ နယ်ချဲ့ တို့ လိုချင်သည့် ရေနံ တော့ ရရှိ
မည် မဟုတ် ဟု ဒေါသထွက် ကာ လက်သီး လက်မောင်း တန်းပြီးပြောခဲ့သည်။
ကဒါဖီ က ရေရှည် စစ်ပွဲ ဆင်နွဲ သွားမည် ဟု ပြော သော်လည်း အမေရိကန် ကာကွယ်
ရေး ၀န်ကြီး ရောဘတ် ဂိတ်က လစ်ဗျား ၏ စစ်ခန်းများ နှင့် အမိန့် ပေးဌာန များ ပျက်
စီးသွား ပြီး ရက်ပိုင်း အတွင်း ကဒါဖီ ၏ အနာဂတ် မှာ အဖြေပေါ် နိုင် သည် ဟု ဆိုသည်။
ဗုံးကြဲတိုက် ခိုက်မှု တွင် အရှေ့ အလယ်ပိုင်း နိုင်ငံ တစ်ခု ဖြစ်သည့် ကာတာ နိုင်ငံ လည်း
ပါဝင်ပြီး လစ်ဗျား အစိုးရ အဆောက်အဦ တစ်ချို့ လည်း ဗုံးဒဏ် ကြောင့် ပျက်စီး ခဲ့ရသည်။
Related Articles
- Libya live blog: March 21st (blogs.ft.com)
- Libyan military calls for cease-fire amid allied successes (ki-media.blogspot.com)
- News from Tripoli (lezgetreal.com)
- Allied forces strike Gadhafi compound; leader’s whereabouts unknown – CNN International (news.google.com)

ဟား ဟား ဟား အနာပေါ် ဒုတ်ကျသွားတာလား တော်တော်နာသွားထင်တယ် တဲ့ တဲ့ ထိသွားတာဖြစ်မှာပေါ့ နဖူးတဲ့တဲ့။
မင်းတို့ဂျီးတော်ကြီးရဲ့ -င်ကိုသာလျက်ပေးလိုက်တော့ဟေ့ မျိုးမစစ်တဲ့ကောင်တွေ။
ချိန်တန်ပြီ ရေ စစ်အာဏာရှင်တို့ကပြည်သူတွေကိုစစ်ဗျူဟာမြောက် စနစ်တကျအကွက်ချပြီးစီမံချက်တိုက်ခိုက်နေတာပါ (၂)လုံးထီ
မူးယစ်ဆေးဝါး အပါအ၀င်ပေါ့ဗျာ ကျွန်တော်တို့ကလည်ူစနစ်တကျ အကွက်စေ့စေ့ နဲ့ ရငိဆိုင်နိုင်ရမှာ ဒါကြောင့် အခုဒေါ်အောင်ဆန်းစုကြည်လုပ်တဲ့စိတ်ဓါတ်ပြုပြင်ရေးသင်တန်းကျောင်းတွေ တနိုင်ငံလုံးမှာ နေရာအနှံ့မြန်မြန်လုပ်နိုင်ဘို့အရမ်း
အရေးကြီးတယ်လေ ဘာမဆိုစိတ်ကဦးဆောင်တာပါ အဲ့ဒီ ဦးဆောင်တဲ့ စိတ်မှန်မှန်ကန်ကန်ဖြစ်ဘို့ အလွန်အရေးပါ ပါတယ်ဗျာ
ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စိတ်ဓါတ်ပြုပြင်ရေးကို ထောက်ခံပါတယ် ကျွန်တော်တို့ပြည်သူတွေလွတ်မြောက်ချင်စိတ်ဖြစ်လာဘို့က အဲ့ဒါ အခြေခံအကျဆုံးအချက်လို့ဘဲမြင်ပါတယ် လက်ခံလျင်ဖြစ်မြောက်အောင်ဝိုင်းဝန်းကြိုးစားကြစေချင်ပါတယ်ဗျာ။
မှန်ပါတယ် aung… စစ်အာဏာရှင်တွေဟာ ပြည်သူတွေကို ဒုက္ခသံသရာထဲက မထွက်နိုင်အောင် နည်းဗျူဟာမြောက် လုပ်နေတာပါ… အဓိကက ပြည်သူတွေ စား၊ ၀တ်၊ နေရေးဆိုတဲ့အချက်နဲ့ပဲ လုံးပန်းပြီးတော့ နိုင်ငံရေးဖက်ကို မလှည့်နိုင်အောင် လုပ်ထားတာမဟုတ်လားဗျာ…
ဒေါ်အောင်ဆန်းစုကြည်ကို အမြဲတမ်းလေးစားပါတယ်… သူ့ရဲ့ စွန့်လွှတ်မှုတွေ၊ ကြိုးစားလုပ်ဆောင်မှုတွေကိုပါ…
ကျွန်တော်တို့ပြည်သူတွေဟာ အကြောက်တရားတွေ ဖုံးလွှမ်းနေကြပါတယ်… နိုင်ငံခြားရောက်တဲ့သူတွေတောင် စစ်အစိုးရကို ကြောက်တဲ့ အကြောက်တရားတွေပါနေသေးရင် ပြည်တွင်းမှာ ဒီစစ်အစိုးရနဲ့ ထိပ်တိုက်ရင်ဆိုင်နေရတဲ့ ပြည်သူတွေဆိုရင် ဘယ်လောက်တောင် အကြောက်တရားပြည့်နေမလဲဆိုတာ စဉ်းစားကြည့်ပါ…
ဒေါ်အောင်ဆန်းစုကြည်ရေးခဲ့တဲ့ မကြောက်တရားဆိုတဲ့ စာအုပ်ဟာ အလွန်ကောင်းတဲ့စာအုပ်ပါ… ကျွန်တော်တို့ပြည်သူတွေ အားလုံးမကြောက်တရားတွေ ရှိလာတဲ့အခါတော့ အလှည့်အပြောင်းဖြစ်လာမှာပါ…
လူပြိန်း ၈၀ ရာနှူုန်း ရှိ တယ် ဆိုတာ သူတို့ ကို ညံ့တယ် လို့ မထင်လိုက်ကြပါနဲ့ သူတို့က မညံ့ ကြပါဘူး ငွေမရှိ လို့ ပညာ မတတ်လို့
အတွေ့အကြုံ နည်းကြလို့ပါ။ ဒါကလည်းဒေါ် အောင်ဆန်းစုကြည် ပြောသလို နိုင်ငံရေး နဲ့ ဆိုင်တာပေါ့။ သူတို့မှာ လေ့လာဘို့ အချိန်
ဆိုတာ အပိုမရှိ ပါဘူး မိသားစု စားဝတ်နေရေး ကအရေး ကြီးတယ်မဟုတ်လား ။ အသိပညာ နဲ့ တိုးတက်မှု ရှိနေတဲ့ယိုးဒယား လို နိုင်ငံ မျိုး မှာဆို ဒီလို စနစ်မျိုး လက်ခံ ပါ့မလား ။ ဆင်းရဲ တဲ့ မြောက်ကိုရီး ယား လို မြန်မာ နိုင်ငံလို ခင်ဗျားတို့ ပြောသလိုဘဲ လူ ပြိန်း ၈၀ ရာ နှုန်း ရှိ တာ ပေါ့ ဗျာ ။ ဒါပေမဲ့ ဘယ်သူ မှစိတ်ဓါတ်မကျ ကြပါနဲ့ နိုင်ငံ တော် တိုးတက်မဲ့ နည်းလမ်းဆိုရင် အမြဲပဲ ထောက်ခံ အားပေး နေ မှာပါ ။ လက်ရှိ မြန်မာပြည် မှာဖြစ်နေတာက အားမနာ တမ်း ပြောမယ်ဆိုရင် သိသိမသိသိ တတ်တတ် မ တတ်တတ် မင်းဒီနေ ရာမှာတာဝန်ယူရ မယ်ဆိုရင် (တကယ်တတ်တဲ့လူကိုခိုင်းပါ လားလို့ ဘယ်တော့မှမပြောဘူး )ရာထူးရဘို့ ၀င် ငွေကောင်းဘို့ ဒါကိုဘဲ အားလုံးကြည့် နေကြတာလေ။ စားတော့စားချင်ကြတဲ့သူ တွေ ချည်းပါပဲ အခုဟာ ကအရမ်းကိုလွန်လွန်းပါ တယ် ။ဘာတွေဖြစ်ကုန်လဲဆိုတော့တိုင်းပြည်မှာ အဲဒီ အာဏာ ရသွားတဲ့ လူကြီးကို
မသိတာမတတ်တာ ပြန်သင်ပေးနေ ရတာကိုက အနှစ် ၂၀ ကျော်လောက် ကြာသွား တာပေါ့ ဗျာ ဒါပါဘဲ….
စိတ်မဆိုးကြပါနဲ့ ကိုသီဟတို့ ချိန်တန်ပြီ တို့ရေ ကျွန်တော်လေ ဦးသန့်အရေးအခင်းထဲကစပြီး စစ်အဏာရှင် ကိုဆန့်ကျင်နေလာခဲတာပါ အဲ့ဒီတုံးက ကိုယ်တိုင်ဝင်ပါခွင့်မရခဲ့ပေမဲ့ စစ်အာဏာရှင်ကိုမုန်းတီးတဲ့စိတ်ကိုစတင်ခဲ့ပါတယ် ဒီနေ့အထိလည်း ဆန်းကျင်နေတုံးလဲဗျာ ကျွန်တော်ဘ၀အတွက် မျော်လင့်ချက်မထားနိုင်ပါဘူး နော်သားစဉ်မြေးဆက်တွေလွတ်မြောက်လျင်ကြေနပ်ပါပြီးဗျာ ခတ်နာနာလေးပြောလျင်မခံချင်စိတ်တွေဖြစ်လာပြီးနိုးကြားလာမယ်လို့ယူဆမိပါတယ် ကျွန်တော့သားသမီးတွေကို နာအောင်ပြောပြီးမခံချင်စိတ်နဲ့ကြိုးစာအောင်လုပ်ပေးတယ် စွမ်းဆောင်နိုင်လျင်လည်းထိုက်ထိုက်တန်တန်ဂုဏ်ပြုတယ် အခုလည်း…. သဘောမကျလျင်တော့တောင်ပန်ပါတယ်ဗျာ။
aung ရေ… စိတ်မဆိုးပါဘူးဗျာ… လူတိုင်း မတူတဲ့ အတွေးအမြင်တွေ ရှိတတ်ကြပါတယ်… မှန်တယ်ထင်တာ ရေးသာရေးပါ… မှားတယ်ဆိုရင် ဝေဖန်ပါ့မယ်… လူတိုင်း ပြည့်စုံတယ်ဆိုတာတော့ မရှိပါဘူးဗျာ…
အခုလိုမျိုးစိတ်ဓါတ်မျိုးရှိတာ လေးစားပါတယ်… အားလုံး တတ်နိုင်တဲ့ဖက်က ကြိုးစားကြတာပေါ့… aung မှာရှိတဲ့ အတွေးအခေါ်တွေ ချပြပါ… အားမနာပါနဲ့… အမှန်အမှားဆိုတာကတော့ ကျန်တဲ့သူတွေက ဆုံးဖြတ်ပါလိမ့်မယ်…
ကျွန်တော်တို့တွေဟာ သင်္ခမ်းစာတွေ တော်တော်ရခဲ့ပါပြီ… အလဟဿလူတွေ အသေမခံစေချင်ပါဘူး… ဒီစစ်တပ်ကလဲ အကြောင်းသိတွေဖြစ်နေပြီ… အဲဒီအတွက် ကျွန်တော်တို့ဟာ ချင့်ချင့်ချိန်ချိန်နဲ့ လုပ်သင့်တယ်လို့ ယူဆထားပါတယ်…
ကိုသီဟကျန်းမာပါစေ
ကိုသီဟ ချိန်တန်ပြီပြောတာမှန်တယ်၊ ကျွန်တော်လဲထောက်ခံတယ်၊ပြည်သူတွေလူပြိန်းဖြစ်နေအောင်လဲစစ်အစိုးရကလုပ်ထားတယ်ဆိုတာရောအကိုလက်ခံ
မယ်ထင်တယ်
နိုင်ငံခြားကိုရောက်နေတဲ့မြန်မာတွေထဲမှာတစ်ချို့မြန်မာတွေဆိုရင်စစ်အစိုးရကိုယုံနေသေးတယ်ဆိုရင်အကိုယုံမလား? အဲတာကျွန်တော်ကိုယ်တွေ့ဗျာ၊တစ်ချို့ဆိုစစ်အစိုးရမကောင်းကြောင်းပြောရင် သူ့ရန်သူပုံစံမျိုးတောင်ဆက်ဆံတယ်။အဲဒီလိုဖြစ်အောင်ကိုစစ်အစိုးရကလုပ်ထားတာဗျာ၊သူတို့ကိုစကားပြောကြည့်ရင် သိတယ်ဗျ၊ပြည်သူတွေမညံ့ပါဘူး၊တစ်နေ့ကြရင်အဖြေပေါ်မှာပါ၊မှန်ကင်းလဲအမြဲမမြင့်ပါဘူး၊ဲမြက်လဲအမြဲမနိမ့်ပါဘူးဗျာ
ကိုသီဟ ချိန်တန်ပြီပြောတာမှန်တယ်၊ ကျွန်တော်လဲထောက်ခံတယ်၊ပြည်သူတွေလူပြိန်းဖြစ်နေအောင်လဲစစ်အစိုးရကလုပ်ထားတယ်ဆိုတာရောအကိုလက်ခံမယ်ထင်တယ်
နိုင်ငံခြားကိုရောက်နေတဲ့မြန်မာတွေထဲမှာတစ်ချို့မြန်မာတွေဆိုရင်စစ်အစိုးရကိုယုံနေသေးတယ်ဆိုရင်အကိုယုံမလား? အဲတာကျွန်တော်ကိုယ်တွေ့ဗျာ၊တစ်ချို့ဆိုစစ်အစိုးရမကောင်းကြောင်းပြောရင် သူ့ရန်သူပုံစံမျိုးတောင်ဆက်ဆံတယ်။အဲဒီလိုဖြစ်အောင်ကိုစစ်အစိုးရကလုပ်ထားတာဗျာ၊သူတို့ကိုစကားပြောကြည့်ရင်သိတယ်ဗျ၊ပြည်သူတွေမညံ့ပါဘူး၊တစ်နေ့ကြရင်အဖြေပေါ်မှာပါ၊မှန်ကင်းလဲအမြဲမမြင့်ပါဘူး၊ဲမြက်လဲအမြဲမနိမ့်ပါဘူးဗျာ
တကယ်တော့ အကြောက်တရားက ကြီးစိုးနေတာခက်တယ် မွေးကတဲကနေ လူဖြစ်လားထဲက စပြီး လူကြီးမိဘတွေက
ခြောက်လိုက်ကြတာ ဒေဝေါကြီးလာတော့မယ်- သူရဲခြောက်လိမ့် မယ် – ငရဲ ကြီးလိပ်မယ် နိဗာန်ရောက်မယ်နဲ့ 
ဘာသာတရားကလူတွေရဲ လွပ်လပ်တွေးခေါာကြံဆခွင့်တွေကိုပိတ်ထားတော့ ကဲအသက်လဲကြီးလာတော့ ငတုံးငအတွေဖြစ်သွားတော့ နိုင်ငံခြားရောက်တဲ့အထိတောင် ကြောက်စိတ်ကမပြောက်ချင်သေးဘူး
မြန်မာပြည်မှာ နိုင်ငံရေးလုပ်လို့ ထောင်ကြတဲ့လူအရေအတွက်ကိုကြည့်လိုက်ရင် သန်း ၅၀ ကျော်မှာ လူဦးရေ ၂၀၀၀ စွန်းစွန်းပဲ
ရှိတယ်လေ တ ချို့  ၂ ခါပြန် ၃ ခါပြန်တောင်ကြသွားသေးတယ် ဘယ်နိုင်ငံမှဒီမိုကရေစီကို လွယ်လွယ်နဲ့ မရခဲ့ပါဘူး ကိုယ်တိုင်သိ ကိုယ်နား လည်ပြီး ကိုယ်တိုင်လြိုခင်မှ ပန်းတိုင်ရောက်မှာပါ လိုချင်ရင်ကြိုးစားကြပေါ့ 
Good Comment ! Bravo !
စည်းလုံးညီညွတ်မှု..အမှန်တကယ်မရှိတဲ့အတွက်..မြန်မာပြည်သူတွေဟာ..နောင်
အနှစ်တစ်ရာကျော်ရင်တောင်မှ..စစ်မှန်တဲ့ဒီမိုကရေစီရမှာမဟုတ်ဘူးလို့ပဲ..ကျွန်တော်
ထင်တယ်။ တိုင်းရင်းသားတွေလက်နက်ကိုင်အဖွဲ့အစည်းတွေကလည်းအခြင်းခြင်းအမှန်
ကယ်စည်းလုံးမှုမရှိကြဘူး….တောင်းဆိုမှုမှာတစ်သံတည်းမထွက်နိုင်ကြဘူး။ အခုကြည့်
ဒီခေဘီအေ ကဦးဆောင်ပြီး စစ်အစိုးရကိုတိုက်နေတာကို ညီအစ်ကိုအရင်းဖြစ်တဲ့ KNU
ကဒီအတိုင်းလက်ပိုက်ကြည့်နေတယ်..။တစ်ခြား လက်နက်ကိုင်အဖွဲ့တွေကလည်း ငါ
တို့ကိုမှလာမထိရင်ပြန်မလုပ်ဘူးလို့ နှလုံးသွင်းထားကြသလိုပဲ။ အခု SSA စတိုက်နေတယ်
…ဝ သွေးစည်းညီညွတ်ရေးအဖွဲ့နဲ့…ကချင်အဖွဲ့တွေကလည်း..အဲ့လိုပဲ..လက်ပိုက်
ကြည့်နေကြတယ်။တစ်ခြားအဖွဲ့ဘာဖြစ်ဖြစ်ငါတို့အဖွဲ့ဘေးကင်းလုံခြုံရင်ပြီးတာပဲဆိုပြီနှပ်
နေကြတယ်။ အဲ့ဒီလိုအခြင်းခြင်းမစည်းလုံးသရွေ့ စစ်အစိုးရက လေချွန်ပြီးတစ်ဖွဲ့ပြီးတစ်
ဖွဲ့ကို အမည့်ခြွေခြွေနေလို့ရတယ်။ စည်းစည်းလုံးလုံးနဲ့တစ်ပြိုင်တည်း လက်နက်ကိုင်
အဖွဲ့တွေ..ဒီစစ်အစိုးရကိုပြန်တိုက်ကြည့်ပါလား..လပိုင်းလောက်နဲ့အမြစ်ပြတ်တယ်။
ပြီးတော့…တောထဲကလက်နက်ကိုင်အဖွဲ့အစည်းတွေကိုထားလိုက်အုံး…ရက်ကွပ်
တစ်ခုထဲက..အရှေ့အိမ်..အနောက်အိမ် နဲ့ အလယ်အိမ် သုံးအိမ်ကိုစည်းလုံးညီညွတ်
မှုအမှန်တစ်ကယ်ရှိလားဆိုတာအရင်စမ်းစစ်စေချင်တယ်။ အရှေ့အိမ်ကအလယ်အိမ်နဲ့မ
တည့်တဲ့အချိန် အနောက်အိမ်သွားပြီးကုန်းချော။ အဲ့ဒီလိုပဲ..အနောက်အိမ်နဲ့အလယ်
အိမ်ပြန်တွေတဲ့အချိန်..အရှေ့အိမ်ကကုန်ချောသွားတာကိုပြန်ပြီးဖောက်သည်ချ။ ဒီလိုနဲ့
အရှေ့နဲ့အလယ်ပြန်တည့်ရင် အလယ်အိမ်ကို ခလောက်ဆန်တယ်ဆိုပြီးတော့..ဝိုင်းကျဉ်။
အဲ့ဒီလိုမျိုးကိုသပွတ်အူလိုက်နေကြတာကိုကြည့်ခြင်းအားဖြင့်..စည်းလုံးညီညွတ်မှုမရှိတဲ့
အတွက်…လွတ်လပ်ရေးရပြီးကတည်းက…ခဏတဖြုတ်သာဒီမိုကရေစီရဲ့အနှစ်သာရ
ကိုခံစားခဲ့ရပြီး..ခုချိန်ထိ အာဏာရှင်လက်ကမလွတ်နိုင်ကြတာပါပဲ။ ၈၈ အရေးတော်ပုံ
တုန်းက ဆန္ဒပြပွဲ..တစ်ရားဟောပွဲတွေမှာတက်တက်ကြွကြွပါဝင်ခဲ့တဲ့လူတစ်ချို့..အခု
အစိုးရလက်ထက်မှာ..အစိုးရကစီးပွားရေးမတ်လုံးပေးလို..ကြီးပွားချမ်းသာပြီး ရေငုံနှုတ်
ပိတ်နေရုံသာမကပဲ…ကြံဖွံ့ထဲမှာတောင်..တက်တက်ကြွကြွပါဝင်နေကြတဲ့လူတွေကို
ကျွန်တော်အသိတွေထဲမှာကိုရှိတယ်…အဲ့လိုလူတွေတစ်နိုင်ငံလုံးမှာဘယ်လောကတောင်
ရှိမလဲဆိုတာခန့်မှန်းလို့တောင်မရဘူး။ လူတွေကပြောတယ်…အစိုးရဝန်ထမ်းကိုလာဒ်ထိုး
လို့ရတယ်ဆိုပဲ..။ ဒီထက်မှန်အောင်ပြောရရင်..မြန်မာနိုင်ငံမှာရှိတဲ့ ဗမာလူမျိုးအပါအဝင်
တိုင်းရင်းသားတွေအားလုံးလာဒ်ထိုးလို့ရတယ်…ရှမ်းလက်နက်ကိုင်ကို ဘိန်းလုပ်ငန်းနဲ့အချို
သပ်လို့ရတယ်။ ကချင်ကို ကျောက်စိမ်းနဲ့နှစ်သိမ့်လို့ရတယ်။ ဘယ်လိုမှလက်ထိုးလို့မရတဲ့
ကရင်ကိုတောင် သွေးခွဲပြီး အားနည်းအောင်လုပ်ထားလိုက်တယ်။ စစ်အစိုးရတော်လွန်းလို့
တော့မထင်နဲ့ …ဦးနှောက်သုံးစရာမလိုလောက်အောင်ကိုလွယ်လွန်းနေတာ။ အဓိက က
တော့..စည်းလုံးမှုမရှိတာပဲ…။ အဲ့ဒီလိုမြန်မာတွေစည်းလုံးမှုမရှိသရွေ့ ဘယ်တော့မှ..ဒီမို
ကရေစီ အစစ်ကိုမရဘူးစိတ်ချ..အသက်သာကြီးသွားမယ်…ဒါကဒါပဲ။ ဒီကွန်မန့်တွေကို
ဖတ်နေကြတဲ့…မိတ်ဆွေများ…စိတ်သဘောထားခြင်းကွဲလွဲနေရင်..ခွင့်လွှတ်သည်းခံပေး
ကြပါ။ ဒါတွေဟာကျွန်တော့်ရဲ့ လက်ရှိဖြစ်ပေါ်ခံစားနေရတဲ့ ထင်မြင်ယူဆချက်တွေဖြစ်ပါတယ်။
တိုင်ဆိုင်သူများရှိရင်လည်း..ခွင့်လွှတ်နားလည်ပေးကြပါလို့ဆန္ဒပြုလျက်……….
kayan ပြောတာ ကျွန်တော်သဘောတူပါတယ်… လုံးဝမှန်နေတယ်လို့လဲ ထင်မိတယ်… ဘာဖြစ်လို့ အဲဒီစိတ်ဓါတ်မျိုးတွေ ရှိတာလဲ မသိဘူး… ဘာလို့ ပေါင်းစည်းမှုတွေ မလုပ်နိုင်တာလဲ… သူတို့တွေ လက်နက်ကိုင်တာ လူမျိုးစုတစ်စုတည်းအတွက် လုပ်နေတာဆိုရင်တော့ ကျွန်တော်တို့ အားမကိုးသင့်ပါဘူး…
ကျွန်တော် အရင်တခါမှတ်ချက်ပေးဖူးသလို KNU တို့ DKBA SSA S & N တို့ဆိုတာ လူမျိုးစု တစ်စုအတွက်လုပ်နေသလိုဖြစ်နေပါတယ်… တစ်တိုင်းပြည်လုံးအတွက် ကိုယ်စားမပြုပါဘူး… အဲဒီအတွက် ဖရိုဖရဲဖြစ်နေတယ်လို့ ယူဆပါတယ်… UWSA ဆိုရင် သူတို့ကောင်းစားဖို့အတွက်ပဲ လုပ်နေတာပါ… ကျန်တာ ဘာမှမရှိပါဘူး… ဒါကတော့ အရှင်းသားပါ… အဲဒီအတွက် သူတို့တွေ မညီညွတ်တာဟာလည်း ထူးဆန်းတဲ့အကြောင်းအရာတော့မဟုတ်ပါ…
သို့
Aung
“ချိန်တန်ပြီ မင်းပြောတာတော့ မှန်ပါတယ် ဒါပေမဲ့ ဒို့တိုင်ပြည်ကလူတွေရဲ့ (၈၀) % လောက်က လူပြိန်းတွေဖြစ်နေတယ်လေကွာ” အဲဒီ (၈၀) % မှာ မင်းအမျိုးတွေမပါတာ သေချာလား…. ပြည်သူတွေကို မစော်ကားနဲ့ကွ…….. ဒီမှာ ရှိတဲ့ ပြည်သူတွေရဲ့ လက်ရှိ အခြေအနေကို မလေ့လာပဲနဲ့…. လျှာအရိုးမရှိတိုင်း လျှောက်မပြောနဲ့ကွ…. သတ္တိရှိရင် မြန်မာပြည်ကို ပြန်လာခဲ့ကွ….
ချိန်တန်ပြီ မင်းပြောတာတော့ မှန်ပါတယ် ဒါပေမဲ့ ဒို့တိုင်ပြည်ကလူတွေရဲ့ (၈၀) % လောက်က လူပြိန်းတွေဖြစ်နေတယ်လေကွာ ဒါကြောင့်မင်းဖြစ်စေချင်တဲ့ အခြေအနေမျိုးမရောက်နိုင်ဘူးဆိုတာငါပြောရဲပါတယ် ။ လစ်ဗျား
ပြည်သူတွေရဲ့ဆန္ဒ ကို ကမ္ဘာ နိုင်ငံတွေကလေံလာထားပြီးသားပါဖြစ်နိုင်လို့လုပ်ပေးတာ ။ဒို့မြန်မာပြည်ကလူတွေရဲ့စိတ်ကိုလည်း
သူတို့လေဲလာထားပြီးသားပါ စောက်သုံးမကျလို့ဘယ်သူမှလာမကူတာကွ မင်းမယုံရင် နာ၈စ် ကိုပြန်သတိရလိုက်ပါ ဒီလောက်
သေကြေပျက်စီး ဆုံးရှုံးမှုတွေရင်ဆိုင်နေရချိန်ကူညီဘိုလာတဲ့လူတွေကိုမောင်း ထုတ်တဲ့ အာဏာရှင်ကို တစ်နိုင်ငံလုံးကဘာမှ
တုံ့ပြန်တာမရှိဘူး ဟင်မဲတောင်ထည့်ပေးလိုက်သေးတယ် အဲ့ဒီတုံးက အမေရိကန်ကပင်လယ်မှာအဆင်သင့် ပြည်သူတွေကသာတောင်းဆိုလိုက်လျင်ဒုက္ခ သည်တွေကောတိုင်ပြည်ကော (၂)ခုလုံးကယ်လို့ရတယ်ဟုတ် ဒီလိုအခြေအနေမျိုးမှာတုတ်တုတ်မလှုပ်တာ ကွာ ၂၀၀၇ ကိုရောကြည့်မလား (၃)ချက်လောက်ဘဲပစ်ရသေးတယ် တစ်ယောက်မှမရှိတော့ဘူး ။ ဟားဟားဟား ချိန်တန်ပြီရေ မင်းကိုတော့သနားပါတယ် ဟဲဟဲဟဲတရား နဲ့ဖြေပါကွာ။ နော်နော်နော်…..
(၈၀) ရာခိုင်နှုန်းဟာ လူပြိန်းတွေဆိုတာထက် သိရဲ့သားနဲ့ မတတ်နိုင်လို့ အောင့်ခံနေရတာပါ… နီးရာဓါး ပြေးကြောက်နေရတာပါ… aung ပြောသလို လူပြိန်းတွေပဲ ထားပါစို့… သူတို့ကို ဒီအတိုင်းထားမလား… မသိကျိုးကျွံပြုထားမလား… သူတို့ကို လူပြိန်းဆိုပြီး ဘာမှ အသုံးမ၀င်တော့ဘူးဆိုလိုချင်တာလား… အဲဒါဆိုရင်တော့ လုံးဝကန့်ကွက်ပါတယ်… လူပြိန်းဖြစ်စေ လူလိမ္မာဖြစ်စေ သူတို့တွေရဲ့ အသိတွေထဲကို ကျွန်တော်တို့သိတာလေးတွေကို မျှဝေပေးရမယ်… မသိဘူးဆိုရင် သိအောင်မျှဝေပေးရမယ်… ဘာတွေဖြစ်သင့်တယ်ဆိုတာ ကျွန်တော်တို့ရဲ့ အမြင်တွေကို ဝေငှရမယ်… ဒါမှ အဲဒီလူတွေအားလုံး ဘာလုပ်သင့်တယ်ဆိုတာ သိလာမယ်… ဆုံးဖြတ်ချက်တွေ ချလာနိုင်မယ်… အသိတွေကျယ်လာမယ်… ဒါတွေဟာ ကျွန်တော်တို့ အနေနဲ့ လုပ်ကို လုပ်ရမယ့်ကိစ္စတွေပဲ… (၈၀) ရာခိုင်နှုန်းသာ လူပြိန်းဆိုရင် အဲဒီလူပြိန်းတွေ သဘောပေါက်အောင် လုပ်ဖို့က aung တို့လို နားလည်တဲ့သူတွေရဲ့ အလုပ်ပဲ… ငါသိတယ်ဆိုပြီးလဲ တစ်ယောက်တည်း မသိမ်းထားပါနဲ့… တတ်နိုင်သလောက် လက်ဆင့်ကမ်းပါ… လမ်းတွေပြပေးပါ… ဒါမှ တတ်နိုင်တဲ့ဖက်က တာဝန်ထမ်းဆောင်တယ်လို့ ယူဆပါတယ်… ကိုယ်တိုင်ဆန္ဒပြရမှ တာဝန်ကျေတယ်လို့လဲ ကျွန်တော်မဆိုလိုပါဘူး… တတ်နိုင်တဲ့ဘက်က တတ်စွမ်းသလောက် ပံ့ပိုးပေးပါ…
ကျွန်တော်တို့ မြန်မာနိုင်ငံက ပြည်သူတွေဘ၀ကို လာကြည့်ပါ… ကျွန်တော့်လိုမျိုးပဲ နိုင်ငံရေးကို စိတ်ပါဝင်စားတဲ့ လူငယ်တွေ အများကြီးပဲ… သူတို့လဲ တတ်နိုင်သလောက် လုပ်နေကြတာပဲ… စိတ်မ၀င်စားတဲ့သူတွေလဲ ရှိတာပါပဲ… အရာရာတိုင်းဟာ ဒွန်တွဲနေပါတယ်… မလုပ်ဘူးဆိုတဲ့ လူတွေရှိသလို လုပ်နေတဲ့လူတွေလည်း ရှိတယ်ဆိုတာ သိထားသင့်ပါတယ်… ကျွန်တော်တို့ရဲ့ ရှေ့ဆက်ရမယ့်လမ်းဟာ ဘယ်လမ်းနဲ့ သင့်တော်မလဲဆိုတာတော့ ကျွန်တော်တို့တွေ ဝေဖန်ရမယ်… ပိုင်းခြားရမယ်… လမ်းဟောင်းအတိုင်းပဲ လိုက်မလား… လမ်းသစ်ထွင်မလားဆိုတာ ကြံဆရမယ်… ကျွန်တော်တို့တွေဟာ ပုံစံခွက်ထဲက သူတွေမဟုတ်ဘူး… ကျွန်တော်တို့ဟာ ဘယ်အရာမှတရားသေစွဲကိုင်နေမှာမဟုတ်ဘူး… လုပ်သင့်လုပ်ထိုက်တာကို လုပ်ဖို့ကြိုးစားနေကြတယ်… ပြည်သူတွေကိုလဲ ဘာလုပ်သင့်တယ်ဆိုတာ ချပြကြမယ် …
မြန်မာစစ်အစိုးရဟာ (၈၈) တို့ (၂၀၀၇) တို့တုန်းက အတွေ့အကြုံတွေ အများကြီးရထားပါတယ်… သူတို့လဲ နောက်ထပ်ဒါမျိုးတွေ ဖြစ်လာရင် ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ စီမံချက်တွေအများကြီးချထားပါတယ်… နောက်ပြီး ကျွန်တော်တို့ မြန်မာပြည်သူတွေရဲ့ စိတ်ကိုလည်း သိထားပါတယ်… ပြည်သူတွေဆန္ဒပြရင် သေနတ်နဲ့သာပစ်… အားလုံးထွက်ပြေးသွားမယ်ဆိုတာ သိထားတယ်… ဒါဟာမှားတယ်လို့လဲ မယူဆပါဘူး… ကျွန်တော့်အမြင်အရဆိုရင် (၈၈) ကတည်းကပွဲသိမ်းသင့်ပါတယ်… (၈၈)မှာ ပွဲမသိမ်းခဲ့လို့ ကျွန်တော်တို့ရဲ့ တော်လှန်ရေးကြီးဟာ အီလာတဲ့ အခြေအနေရှိနေပါတယ်… အီလာတဲ့အတွက် အင်အားမတောင့်တင်းတဲ့ လုပ်ပိုင်ခွင့်တွေနည်းတဲ့ဘက်က တဖြည်းဖြည်း ဆုတ်ယုတ်လာတယ်လို့ မြင်မိပါတယ်… အခုဖြစ်နေတဲ့ အရှေ့အလယ်ပိုင်းမှာက ရုတ်တရက် ထဖြစ်ကြတာဆိုတော့ အနိုင်အရှုံးက ပြတ်သားပါတယ်… တခါတည်း အပြတ်လုပ်သွားတဲ့သဘောပါ… မြန်မာပြည်သူတွေက အခုလိုမျိုး အီလာတဲ့အတွက် စိတ်ပျက်ကုန်ကြပါတယ်…
၁၉၉၀ အနိုင်ရခဲ့တဲ့ NLD ဟာ ပြတ်သားတဲ့ဦးဆောင်မှုပေးရမှာပါ… ပြတ်သားတဲ့ ဦးဆောင်မှု မရှိရင်တော့ တဖြည်းဖြည်းနဲ့ ဆုတ်ယုတ်လာဦးမှာပါပဲ… ဒါက ကျွန်တော့်အမြင်ကို တင်ပြတာပါ… လုံးဝမှန်တယ်လို့တော့ ကျွန်တော်မယူဆရဲပါဘူး… ကျွန်တော့်ထက် ပိုသိနားလည်တဲ့သူတွေက ဝေဖန်ထောက်ပြပေးပါ…
ကျွန်တော်တို့ ပြည်သူတွေဘက်ကကြည့်ရင်လည်း ရှေ့မှာ သာဓကတွေအများကြီးရပြီးသားပါ… မြန်မာပြည်သူတစ်သိန်းလောက် အသေခံရင် ဒီမိုကရေစီရမယ်ဆိုရင် အသေခံမယ့်သူ တစ်သိန်းကို ရွေးလို့ရမယ်လို့ ထင်သလား… မရနိုင်ပါဘူး… လူတိုင်းသေမှာ ကြောက်တယ်… ဘာခုခံစရာမှ မပါတဲ့သူတယောက်က လက်နက်နဲ့ အနိုင်ကျင့်ခံရမှာ ကြောက်တယ်ဗျ… ဘာခုံခံခွင့်မှ မရပဲ သေသွားတာထက်စာရင် သူတစ်ပြန်ကိုယ်တစ်ပြန် တိုက်ခိုက်ရင်း သေသွားတာကို ပိုလိုလားမိမှာပဲ… လူတိုင်း အဲဒီစိတ်ဓါတ်မျိုးရှိတယ်လို့ ယူဆပါတယ်…
အဲဒီအတွက် ကျွန်တော်တို့က ဒီလမ်းစဉ်ကို ချပြတာပါ… မသိတဲ့သူရှိရင် သိအောင် ပြောပြရမှာပါ… သိတဲ့သူရှိရင်လည်း ဝေဖန်ကြပါ… အကြံပြုကြပါ…
ဂါဒါဖီ လည်း ကျုပ် တို့  ဘိုး တော် နဲ့  နည်း နည်း တူ လာ သ လား လို့  ၊
စစ်ပွဲဆိုတဲ့အတွက် အသေအပျောက်တော့ရှိမှာပဲ… ကဒါဖီရဲ့သစ္စာခံတပ်တွေသတ်လိုက်တဲ့ ပြည်သူတွေရဲ့ အရေအတွက်ထက်စာရင် နည်းပါသေးတယ်… ဒီမိုကရေစီအတွက် အသက်တွေ သွေးတွေ စတေးနေကြရတာပဲ… လွယ်လွယ်ကူကူ ရဖို့ဆိုတာ မစဉ်းစားပါနဲ့… အထူးသဖြင့် အာဏာရှင်တွေဆီကနေ အာဏာပြန်ရဖို့ဆိုတာကတော့ ပိုမဖြစ်နိုင်သေးတာပါဘဲ…
လိုချင်လို့ ယူထားတဲ့သူကို ပါးစပ်ကနေတောင်းနေလို့ကတော့ အာပေါက်ရုံသာ ရှိမယ်… သူတို့က တိုင်းပြည်အာဏာကို ပြည်သူတွေဆီကနေ လုထားတာ… အမှန်တကယ် အာဏာရှိရမှာက ပြည်သူသာ ဖြစ်တယ်… ကိုယ့်ရဲ့တန်ဖိုးကြီးတဲ့အရာကို သူများက လုယူသွားရင် ကျွန်တော်တို့က ဒီအတိုင်းပဲ လက်ဝါးလေး ဖြန့်လို့ တောင်းနေမှာလား… မျက်နှာငယ်လေးနဲ့ အောက်ကျို့ခံပြီး တောင်းနေအုန်းမှာလား… သူက တသက်လုံး မပေးပဲ နောက်မျိုးဆက်တွေအထိ လက်ဆင့်ကမ်းသွားရင် ကျွန်တော်တို့ကလည်း ဒီလိုပဲ လက်ဝါးလေးဖြန့်ဖြန့်ပြီး နောက်မျိုးဆက်တွေအထိ တောင်းနေရအုန်းမှာလား… ကျွန်တော်တို့ ပြည်သူတွေက သဘောထားကြီးကြီးနဲ့ စစ်အစိုးရကို တောင်းခဲ့တာ နှစ်ပေါင်း (၂၀) ကျော်ခဲ့ပါပြီ… အခုအချိန်အထိ ဘာမှမဖြစ်လာသေးဘဲ သူတို့လုပ်ချင်ရာလုပ်တယ်ဆိုတာက သူတို့ရဲ့ သဘောထားကို ကျွန်တော်တို့ ပြည်သူတွေဆီကို ဖော်ပြလိုက်တာပါပဲ… ကျွန်တော်တို့ ပြည်သူတွေကလည်း ဒီစစ်အာဏာရှင်ကို လုပ်သင့်တာ လုပ်ကြရမှာပဲ… တရားတယ် မတရားဘူးဆိုတာ မလိုအပ်ဘူး…
ကျွန်တော်တို့ ပြည်သူတွေ စဉ်းစားပါ… ပါးစပ်ကပဲ တောင်းနေကြမှာလား… စားပွဲဝိုင်းမှာထိုင်ပြီး အာဏာကို လွှဲပေးခဲ့ဖူးတယ်ဆိုတဲ့ အစဉ်အလာရှိလားဆိုတာ စဉ်းစားကြပါ… ကျွန်တော်ကတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မူဝါဒကို အကြိုက်ဆုံးပဲ… ခေတ်နဲ့ စနစ်နဲ့ လိုက်လျောညီထွေမှုရှိတယ်…
ကိုချိန်တန်ပြီရေ့—–ခင်ဗျားသိပ်မှန်တာမပြောနဲ့—-ခွေးကိုက်ခံရလိမ့်မယ်–ကျွန်တော်တို့က စစ်ခွေးတွေလေ–ဟဲဟဲ