“We accept no initiatives, no deals, and no negotiations with this man,” said Sultan Atwani, leader of the opposition Nasserist Union Party. “There are only hours left for him. All these promises are desperate
excuses.”
_______________________________________________________________________
ယီမင် အာဏာရှင် သမ္မတ က နောက် ကိုးလ နေ လျှင် နှုတ်ထွက် ပါမည် ဆိုသည် ကို စစ်တပ် နှင့်
အတိုက် အခံ တို့ က ပယ်ချပြီး ချက်ခြင်း နှုတ်ထွက်ပေး ရန် တောင်းဆို
KMJ ၊ ၊ယီမင်ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီး ၅ ဦးတို့ ဆန္ဒပြပြည်သူများနှင့် ပူးပေါင်းလိုက်ကြပြီးနောက်
ဆန္ဒပြမှု များ အတွင်း လူနှစ်ရာ နီးပါး ကို သတ်ဖြတ် ပစ်ခဲ့သည့် အာဏာရှင် သမ္မတ အဗ္ဗဒူလား
ဆာလေး ကို ၄၈ နာရီ အတွင်း နှုတ်ထွက်ပေးရန် တောင်း ဆိုခဲ့သည်။ဆန္ဒပြသူများ နှင့် ပူးပေါင်းသည့် စစ်တပ်က ယနေ့ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲဉ် “စစ်တပ်သည် နိုင်ငံရဲ့အစိတ်အပိုင်းတခုဖြစ်ပြီး ပြည်သူတွေရဲ့ဆန္ဒကို တပ်မတော်သားများ
က ဖြည့်ဆည်းပေးရန် တာဝန်ရှိကြောင်း၊ တွေ့ ဆုံဆွေးနွေးအဖြေမရှာဘဲ ငြိမ်းချမ်းစွာဆန္ဒပြသူ များကို အကြမ်းဖက်နှိမ်နင်းခဲ့မှုများကြောင့် နိုင်ငံတ၀ှမ်းပိုမိုဆိုးရွားတဲ့ အခြေအနေများ ပေါ်ပေါက်ခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲတွင်ဗိုလ်ချုပ်ကြီး Ali Mohsen Saleh က ထုတ်ဖော်ပြောကြားခဲ့သည်။
အနည်းဆုံး လူ ၅၂ ဦး သေဆုံးခဲ့သော သောကြာနေ့ အကြမ်းဖက်နှိမ်နင်းမှုအပြီး ဆန္ဒပြပြည်သူများကို ထောက်ခံကြောင်းကြေညာချက်ကို ဗိုလ်ချုပ်ကြီးများက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အစိုးရအဖွဲ̥၀င်ဝန်ကြီးအချို့ နှင့် အမေရိကန်နိုင်ငံဆိုင်ရာ ယီမင်သံအမတ်ကြီးတို့ သက်ဆိုင်ရာ ရာထူးများမှ နှုတ်ထွက်ခဲ့ကြသည်။ ထို့ အပြင် စစ်တပ်၏ ၆၀ ရာခိုင်နှုန်းမှာ ဆန္ဒပြပြည်သူများ နှင့် ပူးပေါင်းလိုက်ကြပြီဟု သိရသည်။
ယီမင် နိုင်ငံ ဒုတိယ အကြီး ဆုံး မျိုး နွယ်စု ဖြစ်သည့် ဟာရှစ် မျိုးနွယ်စု ခေါင်းဆောင်များကလည်း
ယီမင် သမ္မတ ရာထူး မှာ နှုတ်ထွက် ပေးရန် တောင်းဆိုထားသည်။
ယနေ့ မြို့ တော် ဆာနား တွင် စစ်တပ်က ဆန္ဒပြသူများ ကို အကာအကွယ်ပေးထားသည်။
အရှေ့ အလယ်ပိုင်း နိုင်ငံ တစ်ခု ဖြစ်သည့် ဆီရီးယား နိုင်ငံ တွင် ဆန္ဒပြသူများက သမ္မတ အာဆတ်
နှုတ်ထွက်ပေး ရန် တောင်းဆိုသည့် အထွေထွေ သပိတ် ကို သောကြာနေ့ ဉ် ကျင်းပမည် ဟု သိ
ရသည်။
ယမန်နေ့ က နိုင်ငံ တောင် ပိုင်း လူထု အုံကြွမှု တွင် ဆီရီးယား ဘတ် ပါတီ ဌာနချုပ် တစ်ခု မှာ
မီးရှို့ ခံရသည်။

Good