ညွှန့် ပေါင်းအဖွဲ့ က လေးရက်မြောက် ည အဖြစ် ဆက် လက် တိုက် ခိုက်
လစ်ဗျား နိုင်ငံ ရဲ့  လေကြောင်း ရန် ကာကွယ်ရေး စနစ်တွေ နဲ့  အမိန့် ပေး စစ်ဌာနချုပ် တွေ ကို သုံးရက်မြောက် နေ့ အဖြစ် ဆက်လက် တိုက်ခိုက်နေ ပြီး မဟာမိတ် တပ် ဖွဲ့ တွေ ရဲ့  တိုက် ခိုက်မှု ဟာပထမနေ့ တွေ လောက်တော့ အင်အား မပြင်းထန်တော့ ဘူးလို့  Al Jazera သတင်း
မှာဖော်ပြထားပါတယ်။
နိုင်ငံ အရှေ့ ပိုင်းက အက်ဒါဘီယား နဲ့  မစ်ဆူရတာ မြို့ တွေ မှာရှိတဲ့ ကဒါဖီ ရဲ့ တပ်တွေ ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ် နေ ပါတယ်။ လစ်ဗျား ခေါင်းဆောင် ကဒါဖီ ဟာ မဟာမိတ် တပ်တွေ
ရဲ့ ထိုးစစ်ကြောင့် သူ့ ရဲ့ အင်အား က အကြီးအကျယ်ဆုတ် ယုတ် သွားပါပြီ လို့  အမေရိကန် တပ်များ ရဲ့ ပူးတွဲ
စစ်ဦးစီးချုပ် က ပြောပါတယ်။
အမေရိကန် သမ္မတ အိုဘားမားက လစ်ဗျား ခေါင်းဆောင် ကဒါဖီ က ပြည်သူတွေ ကို အကြင်နာ ကင်းမဲ့စွာ
ကျူးလွန်နေတဲ့ သတ်ဖြတ်မှု တွေ ကိစ္စကို ဟန့် တားဖို့  စစ်အင်အား သုံး တဲ့ နေရာမှာ ကွန်ဂရက် ဆီ ကနေ
အသုံး စရိတ် တောင်းခံဖို့ အစီအစဉ် မရှိ ဘူး လို့ ပြောလိုက်ပါတယ်။
လစ်ဗျား နိုင်ငံ ရဲ့  လေကြောင်း ရန် ကာကွယ်ရေး စနစ်တွေ နဲ့  အမိန့် ပေး စစ်ဌာနချုပ် တွေ ကို နှစ်ရက်မြောက်
တိုက်ခိုက်ပြီး နောက် မှာ တော့ မဟာမိတ် တပ် ဖွဲ့ တွေ ရဲ့  တိုက် ခိုက်မှု ကို ခေတ္တ အရှိန် လျှော့ထား ပေမယ့် နိုင်ငံ အရှေ့ ပိုင်းက အက်ဒါဘီယား နဲ့  မစ်ဆူရတာ မြို့ တွေ မှာရှိတဲ့ ကဒါဖီ ရဲ့ တပ်တွေ ကို တော့ ဆက်လက်တိုက်ခိုက်နေ ပါတယ်။
အမေရိကန် သမ္မတ အိုဘားမား က လစ်ဗျား ခေါင်းဆောင် ကဒါဖီ ဟာ နိုင်ငံ က ထွက်ခွာဖို့ လိုအပ် နေတယ်
လို့ ပြောကြားခဲ့ပါတယ်။ လစ်ဗျား အပေါ် တိုက်ခိုက်မှု တွေ ကို အမေရိကန် က သူဦးဆောင် နေရာက နေ နေတိုး အဖွဲ့ ကို လွှဲပြောင်းပေးဖို့ လည်း စီစဉ် ထားပါတယ်။
လစ်ဗျား နိုင်ငံ ထရီ ပိုလီ မြို့ က အဓိက ကျတဲ့ စစ်စခန်း တွေ ဟာ ပျက်စီးနေပြီး ကဒါဖီ က နိုင်ငံခြား သတင်း
ထောက် တွေ ကို စစ်စခန်းတွေဆီ ခေါ် ပြပြီး လူသားဒိုင်း အကာအကွယ်မျိုး လုပ်နေတာ တွေ့ ရတယ်လို့ ဗြိ
တိသျှ ကာကွယ်ရေး ၀န်ကြီး က ပြောပါတယ်။
ယီမင်
ယီမင် နိုင်ငံ က တစ်လ ကျော် ကြာ ဆန္ဒပြ မှု တွေ ရဲ့ အပြင်းထန်ဆုံး နေ့ ဖြစ်တဲ့ စနေ့ မှာ ဆန္ဒပြမှု တွေ
ကို ဖြိုခွဲ ခဲ့ လို့  လူ ငါးဆယ် ကျော် သေဆုံးရတာ ကို အကြောင်းပြုပြီး ယီမင် စစ်တပ် က ဗိုလ်ချုပ်ကြီး နှစ်
ဦးအပါအ၀င် ထိပ်တန်း စစ်တပ် အရာရှိ ငါးဆယ် ကျော်က ဆန္ဒပြသူတွေ နဲ့ ပူးပေါင်းခဲ့ပါတယ်။
မြို့ တော် ဆာနား နဲ့  ဆာနား တက္ကသိုလ် ကျောင်းဝင်းမှာ ဆန္ဒပြသူတွေ ကို သမ္မတ အဗ္ဗဒူလ်လာ ဆာလေး
ကို သစ္စာခံ တဲ့ တပ်တွေ က မချေမှုန်း နိုင် အောင် တင့်ကားတွေ ၊စစ်တပ် တွေ နဲ့  အကာအကွယ်ပေး
ထား ပါတယ်။
အမေရိကန်၊ကုလ သမဂ္ဂ၊စပိန်၊ တရုတ်၊ဗြိတိသျှ၊ ဆော်ဒီအာရေးဗီးယား စတဲ့ နိုင်ငံ တွေ မှာ ရောက်ရှိ
နေတဲ့ ယီမင် သံအမတ် ကြီး၂၈ ဦး က လည်း သမ္မတ အလီ အဗ္ဗဒူလာ ဆာလေး ရဲ့ လုပ်ရပ် ကို ကန့် ကွက်
တဲ့ အနေနဲ့  ဆန္ဒပြသူတွေနဲ့ ပူးပေါင်း တဲ့ ကြေငြာ ချက် တွေ ထုတ် ပြန် ခဲ့ပါတယ်။
သမ္မတ ဆာလေး ဖြုတ်ချဖို့  နိုင်ငံ တောင်ပိုင်း အေဒင် မြို့ က စစ်တပ် တွေ က မြို့ တော် ဆာနား ကို အပြင်း
အထန် ချီတက် နေပြီ လို့ အယ်အာရေးဗီးယား သတင်းမှာ ဖော်ပြထားပါတယ်။
သမ္မတ နန်းတော် အနီးမှာ လည်း ပစ်ခတ်သံတွေ ရှိနေပြီး ယီမင် သမ္မတ ဆာလေး ကတော့သူ့ နိုင်ငံက
အခက်အခဲ တွေ ကို ဖြေရှင်းပေးဖို့ ဆ်ာဒီ အာရေး ဗီးယား နိုင်ငံ ကို အကူအညီတောင်းထားပါတယ်။
ယီမင် ကာကွယ်ရေး ၀န်ကြီး မိုဟာမက် နာဆာ ကတော့ သမ္မတ ကို အကာအကွယ်ပေး ပြောထားပေး
မယ့် သူ့ မှာ တပ် အင်အားကြီးကြီး မား မား မရှိ ဘူးလို့  ယီမင် တော်လှန်ရေး ဘလောက်တွေ မှာဖော်
ပြထားပါတယ်။
ဆီရီးယား
ဆီရီးယား နိုင်ငံ မြို့ တော် ဓါးမ စကတ် နဲ့  နိုင်ငံတောင် ပိုင်းက ဒီရာ မြို့ တွေ က ဆန္ဒပြမှု တွေ မှာ
အစိုးရ က အင်အားသုံးပြီး ဖြေရှင်း ခဲ့လို့  နှစ်ဦး သေဆုံး ခဲ့ရတာ ကို အမေရိကန် က ရှုံချထားပါတယ်။
ဆီရီးယား အစိုးရ အဖွဲ့ အတွင်းမှာ လည်း ဆန္ဒပြသူတွေ ကို လိုလား သူတွေ က အစိုးရ ကို ဝေဖန်ပြစ်
တင်နေလို့  လူထု အုံကြွမှု ဟာ ပိုကြီးထွား လာနိုင်တယ် လို့ ဓါးမ စကတ် မြို့ ကို ရောက်နေတဲ့
Wall Street Journal သတင်းထောက်က သတင်း ပို့ ထားပါတယ်။
