မုံရွာ တွင် မီးလောင် အိမ်ခြေ ရှစ်ဆယ်ခန့် ဆုံးရှုံး

အောင်မြင်၊           ၊ယမန်နေ့ ည ၈ နာရီခွဲအချိန့်တွင် မုံရွာမြို့ထန်းတောတောင်ပိုင်း အောင်ဇေ
ရုံရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ ၈၀ခန့်ဆုံးရှုံးရကြောင်းသတင်းရရှိသည်။
မီးလောင်မှုဖြစ်ပွားရာရပ်ကွက်သည် မုံရွာမြို့ပါတ် လမ်းအရှေ့ဘက် တွင်ဖြစ်ပြီးပျဉ်ထောင်အိမ်၊
ဝါးကပ်အိမ်များပေါ များပြီးအိမ်တွင်း တနိုင်တပိုင်အမှုန့်ကြိတ်လုပ်ငန်း၊မုန့်လုပ်ငန်းမျိုးစုံလုပ်ကိုင်
မှုများသောအိမ်တွင်း စက်မှု လက်မှု လုငန်းများ တည်ရှိရာ ရပ်ကွက်ဖြစ်သည်။

မီးလောင် ကျွမ်းမှု ဖြစ်ပွားရာရပ်ကွက်နှင့် မုံရွာဗဟိုမီးသတ်ကြီး သည့် ဝေးကွာလှခြင်း မရှိဘဲ
ကားမောင်းချိန်၅မိနစ်သာ ကြာမြင့်နိုင်သောနေရာ ဖြစ်သော်လည်းမီးသတ်ကားများ လာရောက်
မှုနောက်ကျခြင်းကြောင့် ယ္ခုကဲ့သို့မီးလောင်မှုဆုံးရှုံးမှုများပြားရခြင်းဖြစ်ကြောင်း ကျူရှင်ဆရာ
ဦးအောင်မျိုးက FNGသို့ပြော သည်။
မုံရွာအနီးအနားရှိမြို့များမှချောင်းဦး၊မြင်းမူ၊ရေဦး၊ အရာတော်တို့မှမီးသတ်ကားများလာရောက်ငြိမ်း
သတ်ခဲ့သည်။ 

မုံရွာမြို့သည် မီးဘေးဒါဏ်ကိုအကြိမ်ကြိမ်ခံခဲ့ရသောမြို့တမြို့ဖြစ်ပြီး ပြီးခဲ့သည့်နှစ်ကလည်း မုံရွာမြို့ရဲ့အထင်ကရ ဈေးသစ်ခေါ် ချင်းတွင်းရတနာ ဈေးမီးလောင်မှုကြောင့် ငွေကြေးတန်ဖိုး
များစွာဆုံးရှုံးခဲ့ရသည်။

မီးလောင်မှုကို ရဟန်းသံဃာတော်များနှင့် အရံမီးသတ်အဖွဲ့ဝင်များ၊ပြည်သူသူများပူးပေါင်းငြိမ်း
သတ်ခဲ့ကြသည်။ မီးလောင်ခံရသည့် ရပ်ကွပ်သူ၊ရပ်ကွက်သားများမှာ မီးလောင်ပြင်ကို တိုင်းအထူးစစ်ဒေသမှတာဝန်ရှိသူများလာရောက်ကြည့်ရှုမှုအပြီးတွင် အသိမ်းခံရမည်ကို

စိုးရိမ်နေကြသည်။
ထိုသို့တာဝန်ရှိသူများလာရောက်ကြည့်ရှုအပြီးတွင်မိမိတို့အိမ်ခြံကိုအသိမ်းခံရပြီး မြို့ပြင်အလှမ်းကွာသော
နေရာသို့ပြောင်းရွှေ့နေရာချခံရမှုများ ယ္ခင်ကရှိခဲ့ဘူးသည်။ မီးလောင်နေရာသည် မုံရွာခရီးသည်တင်ကားဂိတ်နှင့်
မလှမ်းမကမ်းတွင်ရှိနေခြင်းကြောင့် စီးပွားရေးအကွက်အကွင်းကောင်းသောနေရာတခုဖြစ်နေသည်။