
လဇ် တေလော ဟု လူသိများသည့် ဗြိတသျှ နိုင်ငံ ဖွား အမေရိကန် မင်းသမီး အလိဇဘက် တေ
လာသည့် အသက် ၇၉ နှစ် အရွယ် မတ်လ ၂၃ ရက်နေ့ တွင် နှလုံး မှ ခန္တာ ကိုယ်သို့ လိုအပ်သည့်
သွေး ကို မလွှတ် နိုင်င်တော့ သည့် နှလုံး ပျက်စီးမှု (CHF) ဖြင့် လောစ်ဇင်းဂျလိစ် ရှိ ဆီဒါ ဆိုင်းနိုင်း
ဆေးရုံကြီး တွင် ကွယ်လွန် ခဲ့သည် ဟု သတင်း ရရှိသည်။
အလိဇဘက် တေလာ သည် တရားဝင် အိမ်ထောင် ဆက် ရှစ် ဆက် ကို ထူထောင် ခဲ့သူဖြစ်ပြီး
၁၉၆၃ ခုနှစ် ကလီယို ပါထရာ ရုပ်ရှင် ဇာတ်ကား ရိုက်ကူးစဉ် ထိုဇာတ်ကားထဲ မှ မင်းသား ရစ်ချတ်
ဘာတန် နှင့် ချစ် ဇာတ်လမ်းများ ကြောင့် နိုင်ငံ တကာ တွင် ဟိုး လေး တကျော် ဖြစ်ခဲ့သည်။

၁၉၆၀ Butterfield 8 ဇာတ်ကား နှင့် ၁၉၆၆ Who afraid Virginia Woolf? ဇာတ်ကား တို့ 
တွင် အော်စကာ ဆုရရှိ ခဲ့သည်။
အသက် ၉ နှစ် အရွယ် ကတည်းက အလိဇဘက် တေလာသည် စတင် သရုပ်ဆောင် ခဲ့ ပြီး
ဟောလိဝုဒ် ရွှေ ခောတ် ဉ် သူမ ၏ ဘ၀ နေ ထိုင် မှု ဟန် က နောက်ပိုင်း အမျိုးသမီး သရုပ်
ဆောင် များ ထိ သြဇာ သက်ရောက်ခဲ့သည်။
အဆိုတော် မိုက်ကယ် ဂျက် ဆင် နှင့် တွဲ ၍ လူမှု ရေး လုပ်ငန်းများ ဆောင်ရွက်
ကာ ၁၉၈၅ ခုနှစ် မှ စ၍ သူမ နာမည်ဖြင့် HIV၊AIDA ကူညီ စောင့်ရှောက် ရေး ဖောင်ဒေးရှင်း
တစ်ခု ကို တည် ထောင်ခဲ့သည်။
အလိဇဘက် တေလာသည် မြန်မာ ပရိသတ် တို့ အကြိုက် ဟောလိဝုဒ် ရုပ်ရှင် မီးသမီး တစ်
ယောက် ဖြစ်သည်။

Related Articles
- Elizabeth Taylor is dead at 79 (cbsnews.com)
- Elizabeth Taylor Dead at 79, Hollywood Loses An Icon (lezgetreal.com)
- Elizabeth Taylor, Silver Screen Legend, Dies at 79 (foxnews.com)
- Screen icon Elizabeth Taylor dies (bbc.co.uk)
