ကဒါဖီ နှင့် ယီမင် သမ္မတ ပြေးပေါက်ရှာ

ညွန့် ပေါင်း တပ်ဖွဲ့ များ ၏ ပစ်ကူဖြင့် ဆုံးရှုံး ခဲ့သည့် မြို့ များ ကို ပြန်လည် သိမ်းပိုက် ရန် ချီတက် လာနေသည့် ဒီမိုကရေ စီ လို လား သည့် လစ်ဗျား လက်နက် ကိုင်များ Photo :New York Times

FNG၊          ၊အမေရိကန် နှင့် ညွှန့် ပေါင်းတပ် ဖွဲ့ ဝင်များ က လစ်ဗျား နိုင်ငံ ကို ပဉ္စမ နေ့ အဖြစ်
ဆက်လက် တိုက် ခိုက်ရာ မစ်ဆူရာ၊ဇာတာ နှင့် အက်ဒါဘီယာ မြို့ များ မှ ကဒါဖီ အား သစ္စာ ခံ
သည့် တပ်ဖွဲ့ များ ကို အဓိက ထားပြီး လေကြောင်း မှ တိုက် ခိုက် မှု များ ပြု ခဲ့ကြသည်။

အင်္ဂါနေ့  ညက ပစ်လွှတ် ခဲ့သည့် တိုမာဟောခ် ဒုံးကျဉ် များ အနက် ၁၈ လုံးမှ ထရီပို လီ ရှိ အကြီး
ဆုံး သော လစ်ဗျား ရေတပ် ဌာနချုပ် ကို ချိန် ရွယ် ပစ်ခတ် ခဲ့ခြင်း ဖြစ်သည်။အမေရိကန် နှင့် ဗြိတိသျှ ဖျက် သဘောင်္များ နှင့် ရေငုပ် သင်္ဘော များ ကလည်း ထရီပိုလီ နှင့် အက်
ဒါဘီယာရှိ လစ်ဗျား ရေတပ် စခန်းများ ကို ညလုံးပေါက် တိုမာဟောခ် ဒုံးကျဉ် များ ပစ်လွှတ်ကာ
ဖျက် ဆီး ခဲ့ကြသည်။

ညွှန့် ပေါင်း တပ် ဖွဲ့ များ ၏ စစ်ပွဲ စတင် ကတည်း က ပထမ ဆုံး အကြိမ် ဖြင့် လစ်ဗျား ခေါင်း ဆောင်
ကဒါဖီ က ၎င်း ၏ ထောက်ခံသူများ ကို မိန့် ခွန်း ပြောကြား ရာ တွင် “လစ်ဗျား ပြည်သူများ သည် အရှုံး
ပေးလိမ့် မည် မဟု တ်ကြောင်း နှင့် တစ်လမ မျှ နောက် ဆုတ် ပေး မည် လည်း မဟုတ် ကြောင်း
ဒေါသူပုန် ထကာ ပြောကြား ခဲ့သည်။ ညွှန့် ပေါင်း တပ် ဖွဲ့ ၏ ဗုံးဒဏ် ကြောင့်  ပျက်စီး နေ သည့်
အဆောက် အဦ မှ ပြောကြား သည့် မိန့် ခွန်းဉ် ” “၎င်းသည် အနိုင် ရရှိ လိမ့် မည် ဟု ဆိုသည်။”

လစ်ဗျား ခေါင်းဆောင် ကဒါဖီ သည် ၎င်းပုန်းခို နေသည့် ဘဘ် အယ်(လ)ဇီယာ စစ်စခန်း အနီး တွင်
ပြောကြာသည့် မိန့် ခွန်း ဉ် “ရေတိုမှာ ပဲ ဖြစ်ဖြစ် ရေရှည် မှာ ပဲ ဖြစ်ဖြစ် ကျူးကျော် သူ တွေ ကို လစ်
ဗျား ပြည်သူများ အနိုင် ရ လိမ့် မည် ဟု ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံခြား ရာ ၀န်ကြီး ဟီလာရီ ကလင်တန် က လစ်ဗျား ခေါင်းဆောင် ကဒါဖီ နှင့် မိသား
စုများ အာဖရိက နှင့် အရှေ့ အလယ်ပိုင်း နိုင်ငံ တစ်ခု ခု ဉ် ခိုလှုံ ခွင့် တောင်း ခံ နိုင်သည် ဟုထောက်လှမ်း
ရေးသတင်း အချက် အလက် များ ကို အခြေခံ ပြီး ပြောကြား ခဲ့သည်။

လစ်ဗျား ခေါင်းဆောင် ကဒါဖီ က ၎င်း၏ ပြည်သူများ ကို ဆက်လက် တိုက် ခိုက် ရန် အမိန့် ပေး ဆဲ့ ဖြစ်
ခြင်း ကြောင့် အခြား နည်း လမ်းများ ကို သုံးပြီး ၎င်း၏ လှုပ်ရှားမှုများ ကို ဟန့် တား သွား မည် ဟု
ပြောကြားခဲ့သည်။

ဘန်ဂါဇီ ရှိ  ဒီမိုကရေစီ လိုလား သည့် လစ်ဗျား လက်နက် ကိုင် များ က ပြီး ခဲ့သည့် သီတင်းပတ်
အတွင်းက ၎င်း တို့ ဆုံးရှုံး ခဲ့ရသည့် အက်ဒါဘီယာ ကို ပြန်လည် သိမ်း ပိုက် နိုင် ရန် ချီတက် လာ
နေကြသည်။

ဆီရီးယား နိုင်ငံ ဒါယာ တွင် လူထု အုံကြွှမှု များ ဆက်ဖြစ်နေပြီး ယမန် နေ့ ညက အစိုးရ အဆောက်အဦ
တစ်ခု ကို ဆန္ဒပြ သူများ က မီး ရှီု့ ခဲ့ကြသည်။

ယီမင် သမ္မတ အလီ အဗ္ဗဒူဆာလေး က ၂၀၁၂ ခုနှစ် ဇန် န၀ါရီ လ တွင် နှုတ်ထွက် ပေး ပါမည် ကို အတိုက်
အခံ တို့ က ပယ်ချလိုက်ပြီး ချက်ခြင်း နှုတ် ထွက် ပေး ရန် တောင်း ဆိုထားသည်။ သမ္မတ ဆာလေးက
ကျောင်းသား လူငယ်များ နှင့် ဆွေးနွေ ချင်း ပါသည် ဆိုသည့် ကမ်းလှမ်း ချက် ကို အတိုက် အခံ တို့ 
ထပ်မံ ပယ်ချ ပြီး နောက် ၎င်းက ယီမင် သည် ပြည်တွင်း စစ်သို့ ဦးတည် နေသည် ဟု ဆိုသည်။

ယီမင် စစ်တပ် ခေါင်းဆောင် တစ်ဦး ၏ ပြောကြား ချက် ကို ကိုးကားပြီး FOX သတင်းဌာန က ပြော
ကြား ရာတွင် ယီမင် သမ္မတ သည် ဆော်ဒီအာရေးဗီးယား နိုင်ငံ တွင် နိုင်ငံရေး ခိုလှုံ ခွင့် တောင်း
ခံ နိုင် သည် ဟု ဆိုသည်။

 

One thought on “ကဒါဖီ နှင့် ယီမင် သမ္မတ ပြေးပေါက်ရှာ

  1. ဒီလို အကြောင်းတွေ ဖြစ်လာမှာ စိုးလို့ ဦးသန်းရွှေက လေယာဉ်တစ်စီးစာ ပစ္စည်းတွေ ဒေါ်လာ စိန် ရွှေ ကျောက်သံ ပတ္တမြား
    အကုန်လုံး တရုတ်ကို ပို့ထားပီးဘီ…အထောက်အထား တစ်ချို့ကို ဓါတ်ပုံ ခိုးရိုက်ထားတာ ရှိတယ်..
    အထဲမှာလဲ ပြည်သူ့စစ်သားများရှိပါတယ် မပူနဲ့ ဘဘနေမကောင်းဖြစ်တာနဲ့ ဖေါ်ထုတ်ကြတော့မယ်…ဦးသန်းရွှေက ဦးနေ၀င်း
    တုန်းကဆိုယင် တကယ်သေသွားလားတောင် မသိဘူး ကာယကံရှင် ဆနအရဆို မီးသဂြိုလ်လိုက်တာ ပီးတော့ မိသားစုကို
    ထောင်ထဲထည့်ထားလိုက်တယ်လေ

Comments are closed.