လစ်ဗျား စစ်ပွဲ နှင့် စုနမီ အခွေ ပြည်တွင်း ဉ် လူကြိုက်များ

ရန်ကုန်မြို့ ရှိ့ ခိုးကူးခွေ အရောင်း ဆိုင်များဉ် ကဒါဖီ နှင့် စုနမိ အခွေ ကို ၀ယ်ယူရရှိနိုင်သည်။

ဟိန်းခိုင်ထွန်း၊ ၊ လစ်ဗျား နိုင်ငံ ကို ညွှန့် ပေါင်း တပ် ဖွဲ့ က တိုက်ခိုက် နေသည့် သတင်းများကို ဂြိုလ် တု ရုပ် သံ နှင့်
အင်တာ နက် မှဗီဒီယို များ မှကူးယူ၍   ရန်ကုန် နှင့် မန္တလေး မြို့ များတွင် ရောင်းချ ရာ ၀ယ်ယူကြည့် ရှု သူများ ပြားသည်
ဟု Freedom News Group မှ သတင်း ရရှိသည်။

ဈေးကွက် တွင် လစ်ဗျား(သို့ မဟုတ်) ကဒါဖီ  ခွေ ဟု ခေါ် သည့် လစ်ဗျား ခေါင်းဆောင် ကဒါဖီ ၏
၎င်း ပြည်သူ များ ကို သတ် ဖြတ်မှု အား နိုင်ငံ တကာတပ် များ မှ  ကာကွယ်ပေး သည့် စစ်ပွဲ ခွေ များ
မှာ ရန်ကုန် မြို့ တွင် အလွန် လူကြိုက်များသည် ဟု သိရသည်။

ထိုအခွေများ ကို ဗီစီဒီ တစ်ခွေ လျှင် ၃၀၀ ကျပ် ဒီဗွီဒီ တစ်ခွေ လျှင် ၅၀၀ ကျပ် မှ ၇၀၀ ကျပ်ထိ ရောင်း
ချကြသည် ဟု သိရသည်။

ရန်ကုန်မြို့ လမ်းဘေး တစ်နေရာ ခိုးကူးခွေ ရောင်းချ သူတစ်ဦးက ဒီနှစ် သင်္ကြန် ခွေ တွေ က ဒီလောက်
ရောင်းမကောင်း ဘူး၊ ပထမ စုနမီ ခွေရောင်းတာ ရောင်းရ တယ် ဂျပန် စုနမီ ခွေ ရပြီ ဆိုပြီး ပဲ အော်
ရောင်းတာ ၊ အခု လစ်ဗျား ကျတော့ ဒိုရှိုင် လေး ပေါ့ ဒါပေမယ့် ရောင်း ရတယ်။ ကဒါဖီ ရှိ လား ဆိုပြီး
လာမေးကြတယ်။ အခွေ ရောင်းကောင်းတော့ စစ်ပွဲ တောင် နဲနဲ ကြာပါစေ ဆုတောင်းရတယ် ဟု
ခိုးကူး ခွေရောင်းသူ တစ်ဦး က Freedom News Group သို့ ပြောသည်။

လစ်ဗျား စစ်ပွဲ ဗီစီဒီ ခွေ များ တွင် အချို့ က ဟောလိဝုဒ် စစ်ကား များ နှင့် ရမ်ဘို ကားများ မှ ပုံရိပ် များ
နှင့်ရော ကာ ပြုပြင် တည်းဖြတ်ထား ခြင်း များ ရှိပြီး “ရောင် နီ ပျို့ သို့ ခရီးရှည် ” ဆိုသည့် စာတမ်းဖြင့်
ဖွင့်ကာ အမေရိကန် လေယာဉ် တင် သင်္ဘောများ တိုမာဟောခ် ဒုံးကျဉ် များ ဖြင့် ပစ်လွှတ် ပုံ ဖြင့်
စဖွင့် ထား သည့် ဗီဒီယို ခွေ မှာ မူ အဖြစ်အပျက် အကျဉ်း ကဒါဖီ နှင့် လစ်ဗျား နိုင်ငံ ၏ သမိုင်း ကြောင်း
ဆန္ဒပြမှု များ စသည် တို့ ပါဝင်ပြီး မြန်မာ ဘာသာ ဖြင့် နောက်ခံ စကား ပြော သံ များ ထည့် သွင်းထား
၍ ဈေးကွက် တွင် လူကြိုက်များသည်။

ဂျပန် နိုင်ငံ တွင် လှုပ်ခတ်ခဲ့သည့် စုနမိ ငလျှင် သဘာဝဘေးဒဏ် ဗီဒီယို ခွေမှာ လည်း လူကြိုက်များ
သည်။

ရန်ကုန် မြို့ မှာ အငြိမ်းစား ကျောင်းဆရာ တစ်ဦးက အိမ်မှာ အင်တာ နက် တို့ စလောင်း တို့ မရှိဘူး
လေ ပထမ နေ့ က အင်တာနက် က သွားကြည့်တယ်။ နောက်နေ့ ကျတော့ အခွေထွက် လာလို့ 
အခွေ ပဲ ၀ယ်ကြည့်တော့ တယ်။ မြို့ ထဲ က ၀ယ် လာ တာ တစ်ခွေ ၃၀၀ ဟု ” ကဒါဖီ အခွေ ကို
ဝယ်ကြည့် ခဲ့သူ တစ်ဦး က ပြောသည်။

ထိုအခွေ များ မှ ပုံရိပ်အများ စု မှာ ဂြိုလ် တု စလောင်းများ မှ ဖြစ်ပြီး အချို့ မှ အင်တာနက် မှ ဗီဒီယို
များ နှင့် ရုပ်ရှင်ဇာတ်ကားများ မှ ဇာတ်ဝင်ခန်းများ ကို ဖြတ်ညှပ်ကတ် ထားခြင်း ဖြစ်သည်။

ဗွီဒီယိုခွေငှားဆိုင်များနှင့်လမ်းဘေးဓာတ်ပြားအရောင်း ဆိုင်တို့တွင်ခိုးကူးခွေများ တွေ့ရှိပါကအစစ်
အဆေးမရှိထောင်(၃)နှစ်ချမှတ်ခံရမည်ဟုသက်ဆိုင်ရာမှအကြောင်းကြားထားကြောင်း မြန်မာ နိုင်ငံ
ဗီဒီယိုအခြေခံအစည်းအရုံး က သတင်း ထုတ် ပြန်ထား သော် လည်း ၀မ်းရေးကြောင့် ရောင်းချသူများ
မှာ ဆေးရုံ နှင့် စက်ရုံ အလုပ် ရုံ ၀န်းများ အထိ သို့ ပင် တိုးချဲ့ လာခဲ့သည်။

9 thoughts on “လစ်ဗျား စစ်ပွဲ နှင့် စုနမီ အခွေ ပြည်တွင်း ဉ် လူကြိုက်များ

  1. yeah right :

    i don’t like this. i don’t like this mentality of myanmar people. why do you have to “SELL” other people suffering for money? why can’t you people give out free. there are about 18K people died in japan. Women and children are suffering. their death only mean money to you? i say “fuck you” to all the people who is selling it. Do you see those people mind? that seller want to wish for longer war because he selling 700kyats DVD. it is only 70Cents. in their mind 70 cents is worth than thousands of people dying. No wonder Burma is still suffering look at the mentality of the people. we are lack in huminity, that’s why burma is where it is now. People in other countries have enough courage to fight the bad government. have courage to die and what do burmese do? instead of adoring the other countries all they think is how to make money out of others suffering. with this kind of mentality i bet Military will still rule for next generations to come.

    အရူးလား..ဘာတွေလျှောက်ပြောနေပါလိမ့်

  2. every body should know ..that what happening in the world…japan sunami ,လစ်ဗျားwar..that is news..

  3. မကြာခင် ခိုးကူးခွေ စစ်ဆင်ရေး ဆိုပြီးလိုက်ဖမ်းကြပါတော့မယ်

  4. ကောင်းသောနည်းဖြစ်ပါတယ်ဗျာ…ခွေများများကူးပေးနိုင်ပါတယ်…တစ်ခွေလောက်ရယင်ကို ဖြစ်ပါတယ်..ကူညီပေးကြဗျို့..
    တော်တော်မိုက်တဲ့အစီအစဉ်ပါ…သတင်းစာသားနဲ့ရော…ဗွီဒီယိုများပါ ကူးပေးကြဗျို့….

  5. ရောင်းရတဲ့လူကလဲ ထမင်းငတ်လို့။ ဝယ်ကြည့်ရတဲ့လူကလဲ သတင်းငတ်လို့။ လိုက်ဖမ်းရတဲ့လူတွေကလဲ အာဏာငတ်လို့။ ဒီကောမတ်ဝင်ရေးရတာလဲ လွတ်လပ်စွာ ပြောဆိုခွင့်ငတ်နေလို့။

  6. i don’t like this. i don’t like this mentality of myanmar people. why do you have to “SELL” other people suffering for money? why can’t you people give out free. there are about 18K people died in japan. Women and children are suffering. their death only mean money to you? i say “fuck you” to all the people who is selling it. Do you see those people mind? that seller want to wish for longer war because he selling 700kyats DVD. it is only 70Cents. in their mind 70 cents is worth than thousands of people dying. No wonder Burma is still suffering look at the mentality of the people. we are lack in huminity, that’s why burma is where it is now. People in other countries have enough courage to fight the bad government. have courage to die and what do burmese do? instead of adoring the other countries all they think is how to make money out of others suffering. with this kind of mentality i bet Military will still rule for next generations to come.

    1. သတင်းကို ဖတ်ကြည်.ရင်ပဲ ဗမာပည်သူတွေ ဘယ်လို လုပ်ကိုင်စားသောက်နေရတယ်ဆိုတာ ထင်သာမြင်သာ
      ရှိတယ် လို. မြင်ကြည်.ပါလား
      ဗမာပြည်သူတွေဟာ သူများဒုတ်ခရောက်ရ တာကို ၀မ်းသာတတ်တဲ.လူမျိုးတော. မဟုတ်ပါဘူး
      (အာဏာရှင် ခေတ်ပျက်သူဌေး လူတန်းစား အနည်းစုကို မဆိုလိုပါ)
      စကားပုံ တစ်ခု ရှိတယ်…
      ပေါင်မုန်.ငတ်သူကို ပေါင်မုန်.ငတ်သူမှ ကိုယ်ချင်းစာနိုင်တာတဲ.။။။
      ကျွန်တော်တို. နိုင်ငံအနေနဲ. လိုက်လျောညီထွေပြောကြည်.ရအောင်..
      ထမင်းနဲ. ငါးပိရည်ငတ်တဲ.သူကို ထမင်းနဲ. ငါးပိရည်ငတ်တဲ.သူကပဲ တကယ်ကိုယ်ချင်းစာနိုင်မှာပါ..
      ပြည်.စုံနေတဲ. သူအတွက်ကတော. ကိုယ်ချင်းစာတရားဆိုတာကို ပြောနိုင်တာပေါ.
      “””အူမတောင်.မှ သီလစောင်.နိုင်မယ်””” ဆိုတာလေးကို ကြားဖူးမယ်ထင်ပါတယ်…
      (ဗမာရဲ. အခုခတ် အခြေခံနဲ. လူလတ်တန်းစား အများစု ဘက်မှ ပြောကြားပေးခြင်း ဖြစ်ပါတယ်)
      လွတ်လပ်စွာ ပြန်လည်ဝေဖန်နိုင်ပါတယ်…:))))

  7. ပြည်သူများ မျက်စေ့နားပွင့်အောင်လုပ်ဘို့ ဒီနည်းဘဲရှိတယ်၊ စလောင်းဆိုတာလဲ မလွယ်၊အင်တာနက်ဆိုတာလဲ မကောင်းတဲ့
    အချိန်မှာ ဗွီဒီယိုခွေ ဖြန့်တာ ပြည်သူကြားမှာ အထိရောက်ဆုံးနည်းပါဘဲ။ပြည်ပရောက် ပညာရှင်များကလဲ ပြည်ပကနေ လွတ်
    လပ်စွာ ရရှိတဲ့ သတင်းများကို ဒီနည်းနဲ့ တစ်ခွေလောက် မြန်မာပြည်ပို့လိုက်တာနဲ့ ပြည်တွင်းမှာ များများကူးလို့ရပါတယ်။
    ခုလို ခွေများ ဖြန့်ဝေ ဘာသာပြန်ပေးတဲ့သူကို အထူးကျေးဇူးတင်ပါတယ်။

Comments are closed.