တာချီလိတ် တွင် အင်အားပြင်း ငလျှင်လှုပ်၊နေပြည်တော် တွင် လည်း လှုပ်

Myanmar/ Burma Earthquake Live Report
ဤစာမျက် နှာ အား မြန်မာ နိုင်ငံ တွင်းဉ်  ငလျှင် လှုပ်ခတ် ပြီး ငါးမိနစ် အကြာတွင် FNG
မှ တင်ဆက်က် ခဲ့ပြီး သတင်းများ ကို အချိန် နှင့် တပြေးညီ ထုတ် လွှင့်  ခဲ့သည်။

လိုအပ် လျှင် တာချီလိတ် ဒေသခံ များ ကို အကူအညီပေး ရန် မယ်ဆိုင် နယ်စပ် ချစ်ကြည်ရေး တံတား အနီး တွင် ထိုင်း လူမျိုး အကူအညီ ပေး ၍ အဖွဲ့ များ က အသင့် စောင့် ဆိုင်း နေကြသည်။

ထိုင်း နိုင်ငံ ချင်း ရိုင် မြို့  ၏ မြောက် ဘက် မိုင် ၇၀ ခန့် အကွာကို ဗဟို ပြုပြီး လှုပ်ခတ် သွား
သည့် မဂ္ဂနီကျူ ၆ အဆင့် ရှိ ငလျှင် လှုပ် ခတ်ပြီးနောက် တာချီလတ် မြို့  နှင့် ချင်း ရိုင် မြို့ ကြား
နေရာ ကို ဗဟို ပြု ပြီး အင်အား ၇.၀ အဆင့် ရှိသည့် ငလျှင် တစ်ခု ထပ်မံ လှုပ်ခတ်
ခဲ့ခြင်း ကြောင့် တာချီလိတ် မြို့ တွင် အုတ်တံတိုင်း များ ပြိုကျခြင်း နှင့် နေအိမ် အချို့ ပျက်စီး
ခြင်း တို့ ဖြစ် ပေါ်ကြောင်း FreedomNews Group မှ သတင်း ရရှိသည်။

မြန်မာ စံတော်ချိန် ည ၇း၃၀ မိနစ် အချိန် ခန့် တွင် တာချီလိတ် မြို့ နှင့် ကျိုင်း တုံ မြို့ ကြား နေရာ
ကို ဗဟို ပြု ၍ ပြင်းအား ၇.၀ အဆင့် ရှိသည့် ငလျှင် တစ်ခု ထပ် မံ လှုပ်ခတ် ခဲ့သည်။ ထိုငလျှင်
ကြောင့် တာချီလိတ် ၊ မယ်ဆိုင် နှင့် ကျိုင်း တုံ မြို့ များ တွင် ပျက် စီး ဆုံး ရှုံးမှု များ ရှိခဲ့သည် ဟု
သတင်း ရရှိသည်။

ငလျှင် ကြောင့် တာချီလိတ် တွင် အနည်း ဆုံး သုံး ဦး သေဆုံး ခဲ့ သည် ဒေသခံ အကူအညီ
ပေး ရေး အဖွဲ့ တစ် ခု က Freedom News Group သို့ ပြောကြားခဲ့ပြီး ကျိုင်း တုံ ၊တောင်
ကြီး နှင့် နေပြည်တော် တွင် ထိခိုက် ဒဏ် ရာ ရရမှု များ ရှိသည် ဟု သိရသည်။

အဆိုပါငလျှင်ကြောင့် ထိုင်းနိုင်ငံဘန်ကောက်မြို့လယ်မှ ပလက်တီနမ်းမော့အတွင်းတွင်
လျှပ်စစ်လျှော့ဖြစ်ပြီး မီးလောင်မှုဖြစ်ပွါး သည် ဟု ဘန်ကောက် ပို့ စ် သတင်းစာ တွင်
ဖော်ပြထားသည်။

တာချီလိတ် မြို နှင့် နယ်စပ် မယ်ဆိုင် မြို့ ကို ကူး သည့် တံတား အနီး ရှိ ကမ်း နား နေအိမ် အချို့ ပြို
ကျမှု ရှိပြီး တာံတား ရေလည် တိုင် များ လည်း ပျက်စီး မှု ရှိ ၍  နယ်စပ် ဖြတ်ကျော် တံတား ကို ပိတ်
ထားလိုက်သည် ဟု တာချီလိတ် မြို့ မှ ကျန်းမာ ရေး ၀န်ထမ်း တစ်ဦးက FNG သို့ ပြောသည်။

ငလျှင် ငယ်များ ထပ်မံ လှုပ်ခတ်နေ သေးသည် ဟု အကောက် ခွန် ၀န်ထမ်း တစ် ဦး က ပြောသည်။
မယ်ဆိုင်မြို့ ၏ မြောက် ဘက် မိုင် ၂၀ ခန့် နေရာ ကို ဗဟို ပြု ပြီး ထပ်မံ လှုပ်သည့် ငလျှင် ကြောင့်
တာချီလိတ် တွင် ပျက်စီး ဆုံးရှုံး မှု များ ရှိသည်။

တယ်လီ ဖုန်း လိုင်း များပြတ်တောက် ည ၉း၀၀ (မြန်မာ စံတော်ချိန်)

မြန်မာ ဖုန်းလိုင်း များ ပြတ်တောက် သွား ပြီး ထိုင်း တယ်လီ ဖုန်း လိုင်း (မယ် ဆိုင်)(ချင်းမိုင်)
ဖြင့် နောက် ဆုံး ရရှိသည့် သတင်း များ ကို ဆက် ဖော်ပြပေး သွား ပါမည်။

မြန်မာ နိုင်ငံ တွင်း မယ်ဆိုင်( ထိုင်း) ဖုန်းလိုင် အချို့ လည်း ပြတ်တောက်နေသည်။
မယ်ဆိုင် ဘက်တွင် လည်း ပျက်စီး ဆုံး ရှုံး မှု ရှိသည်။

______________________________________________________________

ငလျှင် နှင့် ပတ် သက် ပြီး ထပ်မံ ရရှိသည့် သတင်း များ ကို အချိန် နှင့် တပြေး ညီ Freedom
News Group မှ ဖော်ပြ ခဲ့ခြင်း ဖြစ်သည်။

သမိုင်း ၀င် ရှေးဟောင်း မြေတော် ကက္ကူ ဘုရား စေတီ အချို့  မြေခ သည် ဟု သတင်း ရရှိသည်။
ရှမ်း ပြည်နယ် တွင်းရှိ တံတား များ ပျက်စီး နိုင် ပြီး ရှမ်းပြည်နယ် လေယာဉ် ကွင်း အချို့ အဆက်
အသွယ် ပြတ်တောက်နေသည်။

ကျိုင်း တုံ အနီး တွင် တော်လဲ သံ များ၊ တောကောင် များ ဒေသံ တို့ တစ်ခါမှ မကြားးရသည့် တိရိစ္ဆာန်
များ အော်ဟစ် သည် ဟု သတင်း ရရှိသည်။
မင်းသိင်္ခ ရေးသည့် ရှေး မြန်မာ မင်း ၁၂၂ ပါး တို့ ၏  ကံကြမ္မာကျမ်း ကို ဖတ် ရန် ကလစ် နှိပ်ပါ။

_______________________________________________________
တာချီ လိတ် တွင် မြန်မာ စံတော်ချိန် ည ၁၂ နာရီ အချိန် ငလျှင် ငယ် တစ်ခု လေးစက္ကန့် ခန့် ထပ် လှုပ်
ကျိုင်း တုံ လေယာဉ် ကွင်း နှင့် လေကြောင်ား အချက် ပြ မျှော် စင် ၊ ကျိုင်း တုံ ဆေးရုံ ပျက်စီး
ကျိုင်း တုံ မြို့ ကို တယ်လီ ဖုန်း ဖြင့် ဆက်သွယ် မရ   Damages in Kyaine Tone (Shan State Town)
__________________________________ _____________________

ကြံ့ဖွတ် ဟု ယူဆ ရသူ များ (သို့ ) စစ်ထောက်လှမ်း ရေး မှ ဂျစ်ကားများ ဖြင့် ၂၀၁၂ ကမ္ဘာပျက်မယ်
နိုင်ငံ ရေး မလုပ် ကြနဲ့ ၊ကို ယ့်အသက် ထက် တန်းဖိုးကြီး တာ မရှိ ဘူးစသည် ဖြင့် ယနေ့ ည ၁၁ နာရီ
ခွဲခန့် တွင် ရန်ကုန် မြို့ ကျောက် တံတား၊ ပန်းဘဲတန်း လမ်းမတော်  စသည့် နေရာများ ဉ် လိုက်လံ
အော်ဟစ် နေသည် ဟု ၃၄ လမ်း အထက်လမ်း ရှိ ဒေသခံ တစ်ဦး က Freedom News Group
သို့ ပြောသည်။

“သူတို့ ကား က အနား က ဖြတ်သွား တာ တစ်ကမ္ဘာ လုံး ငလျှင် လှုပ်နေတယ် နော် ၂၀၁၂ ကမ္ဘာ
ပျက် မယ်။ ဆူမယ် ပူမယ် မလုပ် ကြနဲ့  အချိန် တန်ရင် သူ့ ဟာ သူ အလိုလို ပြီး သွား လိမ့်မယ် သိတယ်
နော်” ဆို ပြီး အော်ကြတာ …ငလျှင် လှုပ်လို့  ထမင်း ကြော်ဆိုင် သိမ်းပြီး ပြန်လာတာ
ကျွန်မဖြင့် လန့် သွား တာ ပဲ ဟု FNG သို့ ပြောသည်။

_________________________________________________________

တာချီလိတ် မြို့ အနီးရှိ ခလရ ၃၃၁  တပ်ရင်း ပါပျက်စီးသည် ဟုသတင်းရ ရှိသည်။
_______________________________________________________________

နေပြည် တော်တွင် ည ၈ နာရီ ၄၆ မိနစ် အချိန် ဉ် အင်အား မဂ္ဂနီ ကျူ ၄.၃ အဆင့် ရှိ ငလျှင် နှစ် ခု ရှစ်မိနစ်ခြား
စီလှုပ်ခတ် သွားသည်။ နေ ပြည်တော် ရှိ အဆောက် အဦများ မှန် များ ကွဲ (Updated 9:12 PM)
နေပြည်တော် ရှိ အထပ် မြင့် အဆောက် အဦ တစ် ချို့ တွင် ပျက် စီး မှု များ ရှိ
_______________________________________________________________
တာချီလိတ် တွင် ငလျှင် ငယ် များ ဆက် လှုပ် (Updated 10:00 PM)
Small Earthquake strikes Tachileik continues
မြန်မာ အာဏာပိုင် များ မှ ငလျှင် သတင်း အသိမပေး ၍ တာချီလိတ် ဒေသခံ များ ထိုင်း ရေဒီယို ကို နားထောင် နေရ
_______________________________________________________________

ရန်ကုန် တွင် ငလျှင် လန့် ကန်ထရိုက် တိုက် နေသူများ ချမ်းအေးသည့် ဒဏ် အံတုရင်း လမ်းပေါ် ထွက်နေ
(တာမွေ ၊ ကျောက်မြောင်း၊ စမ်းချောင်း ၊ရေကျော်)

လာရှီုး၊ကျိုင်း တုံ  နှင့် သီပေါ မြို့  ကြား နေရာကို ဗဟို ပြု ပြီး အင်အား ငယ် ငလျှင် များ ထပ်မံ လှုပ်ခတ် (Updated 9:15 PM)

တာချီလိတ် မြို့ တွင် ငလျှင် ငယ် များ ထပ် လှုပ် တယ်လီဖုန်း လိုင်း၊ GSM ဆက်သွယ်မှု လိုင်းများ
ပြတ်တောက် သွားပြီး FNG နှင့် တာချီလိတ် မြို့ ခံ စကား ပြောရင်း ပြတ်တောက်သွား သည်။
အခြား တာ ချီလိတ် တယ်လီ ဖုန်းများ ခေါ် ဆို ၍ မရ ။

Earthquake with preliminary magnitude of 7.0 strikes Myanmar, U.S. Geological Survey reports.
CNN Breaking News
CNN သတင်းဌာ န မှ မြန်မာ ငလျှင် သတင်း ဖော်ပြချက် ကို ဤနေ ရာ တွင် ကလစ် နှိပ် ၍ ဖတ် ရှုပါ။
______________________

မယ်ဆိုင် Gmail Chat Log for Earthquake developing stories

lwin: ဟုတ်ကဲ့

တာချီလိတ်မြို့ကလူတွေအားလုံး   အိမ်ပြင်မှာထွက်နေရတယ်
တစ်မြို့လုံးဘဲ
ငလျှင်အသေးလေးတွေလဲ ဆက်လှုပ်နေတုန်းဘဲ
အခုလက်ရှိအထိအိမ်တွေကိုမပြန်ဝင်ရဲသေးဘူး
me:  ဟုတ်ပြီ ထူးတာ ရှိရင် ထပ် ပြောပါအုံး
lwin: မီးတွေ တော့ မပြတ် သေး ပါဘူး ။ မယ် ဆိုင်မှာတော့ Rescue တွေ မီး သတ် ကား
တွေ အသင့် ပြင်ထားတယ်၊ ပြိုသွား တဲ့ အိမ်တွေ ကို မြို့ ပိုင် သွား ကြည့် နေတယ်။ မြန်မာ
ဘက် မှ မီးလင်းနေတယ် ဖုန်း ဆက် ကြည့်တော့ အာဏာ ပိုင် တွေ က ပြင်ဆင်ထားတာ
မရှိသေး ဘူး လို့ ပြောတယ်။
ဖုန်းတွေ က ခေါ်လို့ ရတယ် မကိုင် တာ
ko:  ငါ့အထင်တော့ ဖုန်းတောင်ယူချိန်မ၇အောင် ပြေးရတာဖြစ်မယ်ါ်

Chat Log  from Mandalay ( နေ ပြည်တော် ငလျှင် အခြေအနေ)
me:  ဆက်စုံစမ်း ပေးပါ နပတ အခြေအနေ 

ko:  အေး
ဆက်ခေါ်နေတယ်
ဒါပေမဲ့   လူတွေအားလုံးဟာ  ဘယ်ကိုမှမသွားရဲတော့  သတင်းအချက်တွေသိပ်မရဘူးဖြစ်နေတယ်
ရတဲ့ဘက်ကနေ ရအောင်လိုက်ပေးမယ်။
တာချီလိတ် မြို့ ၏ အနောက်တောက် ဘက် ၁၅ မိုင်ခန့် အကွာနေရာ ကို ဗဟိုပြုပြီး လှုပ်ခတ်သွား သည့် ငလျှင် ကို USGS မှ သတင်းထုတ်ပြန်ထားသည်

This is developing story, check back for more updates.

9 thoughts on “တာချီလိတ် တွင် အင်အားပြင်း ငလျှင်လှုပ်၊နေပြည်တော် တွင် လည်း လှုပ်

  1. မိုင်းပြင်း မှာ ထရန် စဖော်မာ တွေ ပေါက်ပြီး ၀ါယာလျှော့ ဖြစ်တယ်။ လေယာဉ် ကွင်းတွေ ရှိရဲ့ သား နဲ့  နအဖ က အခုထိ
    ဘာမှ မလုပ်ပေး သေးဘူး

  2. ဓါတ်ပုံကို updateလေးတင်ပေးပါ…

  3. ဘု၇ား ဘု၇ား ကျနော်တို့ မြန်မာ နိုင်ငံဟာ နာဂစ်နှိပ်စက်လို့ အကြိးအကျယ် သေကြေပျက်စီးခဲ့ရပြိးပြီ။
    ဆူနာမီလည်း မလာပါနဲ့ ဘာမှလည်းထပ်မလာပါနဲ့ လို့ ဆုတောင်းနေပါတယ်။
    ထိုင်းဖက်က လူတွေလည်း ချမ်းသာကြပါစေ။

    နဂိုကမှ ဆင်းရဲရတဲ့ ကြားထဲ ထပ်ပြီး သဘာဝဘေးဒဏ်က နှိပ်စက်လိုရင် ဘာမှကို ကျန်တော့မှာမဟုတ်လို့ပါ။
    ချမ်းသာကြပါစေဗျာ။

  4. ရန်ကုန်မှာလည်း လူတွေ ထိတ်လန့်နေကြပါတယ်… (၂၀၁၂) ဆိုတာကိုလည်း လူအတော်များများ ပြောဆိုနေကြပါတယ်…

    (၂၀၁၂) ဖြစ်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ ကျွန်တော်တို့တွေကတော့ တိုင်းပြည်အတွက် တတ်နိုင်တဲ့ဖက်က လုပ်သင့်တာကို လုပ်နေကြရမှာပဲ… (၂၀၁၂) သာတကယ်ဖြစ်မယ်လို့ ဒင်းတို့တွေယုံကြည်နေရင် တိုင်းပြည်အာဏာကို ဘာလို့ ဆုပ်ကိုင်ထားသေးတာလဲ… ပြည်သူတွေကို လွှဲပေးလိုက်ပါလား… စစ်အာဏာရှင်တွေ အသေဖြောင့်အောင်လို့ပါ…

    စစ်တပ်က ၀ါဒဖြန့်နေတာကို နားမယောင်ကြပါနဲ့… လူဆိုတာ သေတဲ့အထိ လုပ်သင့်တာကို လုပ်နေကြရမှာပဲ… မနက်ဖြန် ကမ္ဘာပျက်မယ်ဆိုရင်တောင် ဒီနေ့အထိ အလုပ်လုပ်နေကြရမှာပဲ…

    1. နေပြည်တော် မှာ လဲ လှုပ်တယ် လွှတ်တော် တောင် တစ် ချို့ နေရာတွေ ပြိုသွားလို့ အမတ်တွေ အိမ်ပြန် လွှတ်ရတော့မယ်

  5. ဟုတ်ပါတယ်. တာချီလိတ်-မယ်ဆိုင်ဒေသခံတစ်ယောက်ပါ. ငလျှလှုပ်ခတ်မှုကြောင့် အများပြည်သူများ အထိပ်တလန့်နှင့် လမ်းပေါ် လမ်းဘေးများတွင် နေ နေကြပါတယ်. ၈နာရီ ၂၅ မိနစ်ခန့်တွင် ပထမငလျှင်လှုပ်ပြီး မကြာခဏဆိုသလို ကြို့ကြားလှုပ်ပါတယ်. ယခု ပိုစ်ရေးသည့်အချိန်ထိ အများပြည်သူများ လမ်း အပြင်များတွင် ရှိတုန်းပါ.မြန်မာစံတော်ချိန် ည ၁၁နာရီ ၃၂ မိနစ်ရှိပါပြီ.

Comments are closed.