ငလျှင် ကြောင့် ရှမ်းပြည်နယ် တွင် အနည်း ဆုံး လူ ၇၀ ကျော်သေဆုံး

Myanmar ၊ Burma Earthquake LIVE Report

နေပြည်တော် လေဆိပ် သစ် တည်ဆောက်မှု ပျက်စီး ဆောက်လုပ်ရေး လုပ်ငန်း ခွင် တွင် တစ်ဦး သေဆုံး
ငလျှင် ဒဏ် ခံရသည့် ဒေသ မှ ပြည်သူများ ကို မြန်မာ စစ်အစိုးရ က အခု ထိ အကူအညီ တစ်စုံ တစ်ရာ မပေး
သေး ဟု သတင်းရရှိသည်။

စစ်အစိုးရက အကူအညီ မပေးသောကြောင့် မြန်မာ ငလျှင် ဘေးဏ် ခံရသူများ ထိုင်း နိုင်ငံ မယ်ဆိုင် ဘက်
သို့ ထွက် ပြေး ခိုလှုံကြသည်။
ထိုင်းနိုင်ငံအစိုးရက       အရေးပေါ်ကြေငြာချက်ထုပ်ပြန်ခြင်းကူညီခြင်း  ကြောင့် ထိုင်းဘက်သို့ပြေးလာ
ခဲ့ခြင်းဖြစ်ကြောင်းပြောသည်။

Updated :ယနေ့  မနက် ၁၁ နာရီ မိနစ် သုံးဆယ် နောက်ဆုံး ရရှိသည့် သတင်းများ အရ ငလျှင် ကြောင့်
သေဆုံး သူ ခုနှစ် ဆယ် ကျော်ရှိလာပြီး ရန် ကုန် တွင် ငလျှင် ထပ်မံ လှုပ်ခတ်မည် ကို စိုးရိမ်မှု များ ရှိ
နေသည်။

Quakes Rock Leave Burma 30 Dies (updated 12:00 at least 70 Dies)

မဂ္ဂနီကျု ၇.၀ အဆင့် ရှိ ငလျှင် ဗဟိုချက် ကို အနီစက်ဝိုင်း ဖြင့် ပြထားပြီး ငလျှင်ဒဏ် ကို မဂ္ဂနီ ကျု ၆.၀ အဆင့် ထိ ခံခဲ့ရသည့် နေရာများ ကို အနက်ရောင် ဖြင့် ပြထားသည်

 

ယမန် နေ့ ည ရှစ်နာရီ အချိန် ခန့် က ရှမ်းပြည် နယ် ကျိုင်း တုံ နှင့် တာချီလိတ် မြို့ ကြား နေရာကို ဗဟို ပြု၍
အင်အား မဂ္ဂနီ ကျု ၇.၀ အဆင့် ရှိ ငလျှင် ကြောင့် မိုင်း တုံ ၊ တာချီလိတ် နှင့် ကျိုင်း တုံ မြို့ များ တွင် တွင်
အနည်းဆုံး လူ ၃၀ ကျော် သေဆုံး ကြောင်း ကျိုင်း တုံ ဒေသခံ တပ်ရင်း တစ် ခု မှ အရာရှိ တစ်ဦး က
Freedom

News Group သို့ အတည် ပြု ပြောကြားသည်။မိုင်း တုံ ၊ တာချီလိတ် နှင့် ကျိုင်း တုံ မြို့ များ တွင် တယ်လီ ဖုန်း လိုင်း နှင့် လျှပ် စစ်မီးလိုင်း များ ပြတ်တောက်
နေပြီး နောက် ဆုံ ရရှိသည့် သတင်းများ အရ မိုင်းဆတ် လေ ယာဉ် ကွင်း ပျက် စီး ပြီး နှစ်ဦး သေဆုံးသည်။

ငလျှင်သည် တာချီ မြို့ ၏ မြောက်ဘက် နေ ရာ ကို ဗဟို ပြု ၍ လှုပ်ခတ် သွားခြင်း ဖြစ်ပြီး အင်အားကြီး ငလျှင်
ကြီး လှုပ်ခတ် ပြီး နောက် အင်အား အသင့် အတင့် ရှိ သော ငလျှင် များ တာချီလိတ် မြို့ အနီး တစ်ဝိုက် ကို
ဗဟို ပြု ၍ ည ၁၂ နာရီ အထိ လှုပ်ခတ် လျှက် ရှိသည်။

ငလျှင် ကြောင့် ရှမ်း ပြည် နယ် ရှိ စစ်တပ် များ တွင်  အဆောက် အဦ များ ပြိုကျပြီး မိုင်းဖြတ် မြို့ အနီး ရှိ ခလရ
၃၃၁ ရှိ အဆောက် အဦ များ လည်း ပြို ကျကာ စစ်သား များ သေဆုံးသည်။

တာချီလိတ် နှင့် ငလျှင် ဗဟို ချက် ဖြစ်သည့် လွယ်မွေ တွင် အဆောက် အဦများ ပြိုကျမှု ရှိပြီး လွယ်မွေ သည်
ရှရုားနှင့် မြောက်ကိုရီးယား အကူအညီ ဖြင့် တည်ဆောက်ထားသည့် မြန်မာ စစ်အစိုးရ ၏ ရေဒါ စခန်း တည်ရှိသည်။

ရွှေတြိဂံ ဒေသ တာချီလိတ် မြို့ တွင်း ဉ်ပင် အနည်း ဆုံး လူ ၅၀ ကျော် သေဆုံး သည် ဟု တာချီလိတ် အခြေစိုက် ခြေ
လျှင် တပ်ရင်း တစ် ခု မှ အရာ ရှိ တစ်ဦး က Freedom News Group ကို အတည်ပြု ပြောကြားသည်။

ငလျှင် ဒဏ်ကြောင့် နေပြည်တော် ရှိ နိုင်ငံတကာ လေဆိပ် သစ် ဆောက် လုပ်ရေး လုပ်ငန်း ခွင် တွင် ပျက်စီး
ဆုံး ရှုံးမှု များ ရှိသည် ဟု အမည် မဖောလို့ သည့် Asia Express ဆောက်လုပ်ရေး လုပ်ငန်း မှ တာဝန် ရှိ သူ
တစ်ဦး ကပြောသည်။

မြန်မာ စစ်အစိုးရ မီဒီယာ များ က ငလျှင် ကြောင့် ၆၃ ဦး သေဆုံး သည် ဟု ကြေငြာ သော် လည်း တောင်ကြီး
စ၀်စံ ထွန်း ဆေးရုံမှ တာဝန် ရှိ သူများ က ၁၀၀ ကျော် သေဆုံး နိုင် သည် ဟု ခန့် မှန်း ပြော ဆိုကြသည်။
တောင် ကြီး မြို့  တွင် လေးဦး သေဆုံးသည်။

ယခုမနက်ပိုင်းတွင် ငလျှင်ငယ်များထပ်မံလှုပ် ခတ်မှုများရှိနေသည် ဟု တာချီလတ် မြို့ ခံ တစ်ဦး က ပြောသည်။
တာချီလိတ် တွင် ငလျှင် ထပ်မံ လှုပ်ခတ် မည် ကို စိုးရိမ် သဖြင့် တာချီလိတ် ဘောလုံး ကွင်း ဉ် စု ဝေး နေကြသည်
ဟု Freedom News Group မှ သိရှိရသည်။

ရန်ကုန် တွင် ငလျှင် သက်ရောက်မှု ကို ယမန့် ညက ခံစားလိုက်ရပြီး နောက် ငလျှင် လှုပ်ခတ် မှု ထပ်မံဖြစ်
ပေါ်လာ မည်ကို အထပ် မြင့် အဆောက် အဦ နေ သူများ က ထိတ် လန့် နေကြသည်။

ထိုင်းနိုင်ငံအစိုးရက       အရေးပေါ်ကြေငြာချက်ထုတ်ပြန်ကာ ကူညီခြင်း  ကြောင့် ထိုင်းဘက်သို့ပြေး
လာခဲ့ခြင်းဖြစ်ကြောင်းပြောသည်။

ယခုလက်ရှိအထိမြန်မာဘက်ကမ်းတွင် တာဝန်ရှိသူများက တာချီလိတ်မြို့သားများကို ကူညီခြင်းမရှိပါ
သီးသန့်အလှူရှင်များက လူအများနေထိုင်ရန်  ယာယီတဲများပြုလုပ်ပြီး  သောက်ရေများကိုလဲဝေ
ငှပေးနေပါသည်။

သီးသန့်အလှူရှင်များက လူအများနေထိုင်ရန်  ယာယီတဲများပြုလုပ်ပြီး  သောက်ရေများကိုလဲဝေငှပေးနေပါသည်။

This is developing story, check back for more updates.

3 thoughts on “ငလျှင် ကြောင့် ရှမ်းပြည်နယ် တွင် အနည်း ဆုံး လူ ၇၀ ကျော်သေဆုံး

  1. နာဂစ် တုန်းကလည်း..ဗိုက်တင်းသွားတယ် အခု.. လည်း ဗိုက်တင်းမယ်နဲ့တူတယ်…

  2. အဲဒါပဲ .. ဒါနဲ့များရွှေပြည်တဲ့.ဒုက္ခရောက်တော့ရွှေအစိုးရက?????????

Comments are closed.