ယီမင် သမ္မတက အာဏာလွှဲပြောင်း ပေးမည့် အစီအစဉ် ကို အတိုက်အခံ တို့ ပယ်ချ

” Military rule in Arab countries was outdated”

General Ali Mohsen  who join Yemeni Protestors

ယီမင် သမ္မတ အလီ အဗ္ဗဒူလာ ဆာလေး က  ယခုနှစ်ကုန် သမ္မတ ရွေးကောက်ပွဲ ကျင်း ပချိန် ရောက်လျှင်
နှုတ်ထွက် ပေးပြီး အာဏာလွှဲ ပြောင်း ပေး မည် ဆိုသည့် ကမ်းလှမ်း ချက် ကို အတိုက် အခံ တို့ က
ပယ်ချလိုက် ပြီး ယနေ့ သောကြောနေ့ တွင် စစ်တပ် နှင့် ပြည်သူများက သမ္မတ နန်းတော် ကို ၀ိုင်း ၍
ဆန္ဒပြ မည် ဟု အယ်(လ)ဂျာဇီးယား သတင်း ဌာန တွင် ဖော်ပြထားသည်။

ယီမင် အတိုက် အခံ ခေါင်းဆောင် ယပ်ဆင် နိုမန် က ” ဆာလေး က လူလိမ် လူညာ ပဲ ပြည်သူ ငါးရာ
ကျော် ကို လည်း သတ် ပြီး ပြီ သူနဲ့ ဘာအကြောင်း နဲ့ မှ ဆွေးနွေး စရာ မလို ဘူး ဟု AFP သတင်းဌာ
သို့ ပြောသည်။

ယီမင် သမ္မတ က ဘက်ပြောင်း သွား သည့် စစ်ဗိုလ်ချုပ်များ ကို လည်း ပြန်လာ ပါ ခွင့်လွှတ် သည် မူလ ရာ
ထူး ထက် တစ်ဆင့် ပို ပေးက ကလေး များ ကို ဥရောပ တွင် ပညာ သင်ကြား နိုင် ရေး အတွက် စကောလား
ရှစ် ပေး မည် ဟု ဆိုသော်လည်း စစ်ဗိုလ်ချုပ် များ နှင့် တပ်မှုး များ က ပယ်ချလိုက်ကြသည်။

ယနေ့ ယီမင် ပြည်သူများ သည် အာဏာရှင် သမ္မတ အလီ အဗ္ဗဒူလာ ဆာလေး နှုတ် ထွက် ရန် Day Of
Departure  ဟု အမည်ပေး ၍ မီးကုန် ယမ်း ကုန် တိုက် ပွဲ ၀င်ကြမည် ဖြစ်သည်။

အရှေ့ အလယ်ပိုင်း နိုင်ငံ တစ်ခု ဖြစ်သည့် ဆီးရီးယား တွင် လည်း လူထု အုံကြွှမှု များ အားကောင်းနေသည်။