ကြံ့ဖွတ် အဖွဲ့ မှနေ ၍ ယမန်နှစ်က ပြည်ထောင်စု ကြံ့ခိုင် ရေး နှင့် ဖွံ့ ဖြိုးရေး ပါတီ ဟု အသွင်
ပြောင်းထားသည့် မြန်မာ နိုင်ငံ ၏ အာဏာရ နိုင်ငံ ရေး ပါတီကြီး တွင် အကွဲ အပြဲ များ ဖြစ်ပေါ်
နေပြီး ထို အကွဲ အပြဲများ မှာ အနောက် နိုင်ငံ နှင့် နိုင်ငံ တကာ NGO များ ကြောင့် ဖြစ်သည်
ဟု သိရသည်။
အနောက် နိုင်ငံ NGO များ မှ တစ်ဆင့်ပေးသည့် ကြံ့ဖွတ် ပါတီ ၀င်များ အတွက် အထောက်အပံ့
နှင့် ပညာတော် သင် ဆု တစ်ချို့ တွင် မကျေနပ်မှု များ ရှိနေပြီ NGO များ က ပေး သည့် အခွင့်
အရေး အချို့ ကို အာဏာရ ကြံ့ဖွတ် ပါတီဝင် များ နှင့် ရရှိပြီး မိသား စု များ က မရရှိသဖြင့် မကျေမနပ်
ဖြစ်နေကြသည် ဟု သတင်း ရရှိသည်။
ပါတီ တွင်း မညီမျှ မှု များ နှင့် သာမန် ပါတီ ၀င်များ မှာ အခွင့် အရေး မရမှု များ ကြောင့် ပါတီမှ
နှုတ်ထွက် စာ တင်မှု များ များ လာသည် ဟု ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ ဖြိုးရေး ပါတီ ၏
ရန် ကုန် တိုင်း အဖွဲ့ ဝင် လူငယ် တစ်ဦး က Freedom News Group သို့ ပြောသည်။
ပြည်ထောင်စု ကြံ့ခိုင် ရေး နှင့် ဖွံ့ ဖြိုးရေး ပါတီ မှာ နေ၍ ၂၀၁၀ ခုနှစ် နိုဝင်ဘာ ဉ် ရွေးကောက်
ပွဲ ပါဝင်ယှဉ် ပြိုင် ကြသူများ အနက် အနိုင် မရ သူများ မှာ လည်း ပါတီ တွင်း ရှိ အနိုင် ရသူများ
၏ နှိမ်ချ ဆက် ဆံ ခြင်း ကို ခံရသည် ဟု သိရှိရသည်။

စားခွက်လုနေကြတာပါလား……
FNG က ဒါအမြည်းပေးထားတာ နောက် ကျမှ NGO တွေ အကြောင်း လိုက်ပွဲတွေ ဘာတွေ လာမယ် ဟုတ်စ
ခွေးသူခိုးချင်း စားခွက်လုနေကြပြီဟေ့…. ကြည့်ကောင်းဦးတော့မယ့်…..
Waiting for power forcing taking of Kyintphut.