တာချီလိတ် တစ်ဝိုက် ငလျှင် ငယ်များ ထပ်လှုပ် ၊အမေရိကန် အစိုးရ က ငလျှင် ဒဏ်ခံရသူများ အတွက် ကူညီမည်

Kခိုင် ယနေ့ မနက် ငါးနာရီ အချိန့် ခန့် တွင် တာချီလိတ် ခရိုင် တစ်ဝိုက် ဉ် အင်အား မပြင်းထန် သော
ငလျှင် ငယ်များ ထပ်မံ လှုပ်ခြင်း ကြောင့် မြို့ နေ လူထု မှ လမ်းမများ ပေါ် ထွက် နေရသည် ဟု
သတင်း ရရှိသည်။ငလျှင် ဒဏ်ကြောင့် တာချီလိတ်၊ တာလေ၊ မိုင်းဖြတ် နှင့် ကျိုင်း တုံ မြို့ များ တွင် ပျက်စီး ဆုံး ရှုံးမှု
များ ရှိသည်။ တာချီလိတ် ခရိုင် အတွင်း ရှိ တာလေ တစ်မြို့ တည်း တွင် ပင် သေဆုံး သူ တစ်ရာ
နီးပါး ရှိ ပြီး ၂၀ ကျော် ပျောက်ဆုံး နေသည် ဟု သတင်း ရရှိသည်။

မတ်လ ၂၄ ရက် နေ့ ညက လှုပ်ခတ် သွား သည့် အင်အား ၇.၀ အဆင့် ရှိ ငလျှင် ကြောင့် ငလျှင်
ဗဟို ချက် ဖြစ်သည့် လွယ်မွေ မြို့  တွင် လည်း  တစ်မြို့ လုံး နီးပါး ပျက်စီးမှု ရှိသည် ဟု တာချီတ်
မြို့ မှ အကူအညီ ပေး ရေး ၀န်ထမ်း တစ်ဦးက Freedom News Group သို့ ပြောသည်။

ငလျှင် သည် လွယ်မွေ မြို့ ၏ မြေအောက် ၆ မိုင် အနက် နေရာ ကို ဗဟို ပြု ၍ လှုပ်ခတ် သွား ခြင်း
ဖြစ်သည်။

ယနေ့ မနက် ထပ်မံ လှုပ်ခတ်သွား သည့် ငလျှင် သည်  ၅.၀ ရခ်ျတာ စကေး အဆင့် ရှိသည်။

အမေရိကန် အစိုးရ ပြောရေး ဆိုခွင့် ရရှိသူ တစ်ဦး က ငလျှင်ဒဏ် ခံရသူ များ အတွက် ၀မ်းနည်း
ကြောင်းထုတ်ဖော် ပြောကြား လိုက်ပြီး ငလျှင်ဒဏ် ခံရသည့် ဒေသမှ ပြည်သူများ ကို ကူညီရန်
အသင့် ရှိသည် ဟု ထုတ်ဖော်ပြောကြားလိုက်သည်။

Myanmar Earthquake