ဆီရီးယား နိုင်ငံ တ၀ှမ်း လူထုအုံကြွမှု စတင်၊ ဂျော်ဒန် လူထုအုံကြွမှု ဉ် ရဲ နှင့် စစ်တပ် က ဆန္ဒပြသူများ ကို ကာကွယ်

ဆီရီးယား လူထု အုံကြွမှု ကို တိုက်ရိုက် ကြည့်ရှုရန် ကလစ်နှိပ်ပါ

ဂျော်ဒန် ရဲတပ်ဖွဲ့ က ဆန္ဒပြသူများ ရှေ့ မှ ရပ်ကာ အကာအကွယ်ပေးထားစဉ် (AP Photo/Nader Daoud)
ယီမင် စစ်တပ်မှ ဗိုလ်မှုးချုပ် တစ်ဦးက ဆန္ဒပြ သူများ ကို ထောက်ခံသည့် မိန့် ခွန်း လာရောက် ပြောကြားစဉ်

ဆီရီးယား နိုင်ငံ အစိုးရဆန့် ကျင်ရေး ဒီမိုကရေး တောင်းဆိုသည့် လူထု အုံကြွမှု များ မှာ
တစ်နိုင်ငံ လုံးသို့  ပြန် နှံ့ သွား ပြီ ဟု BBC သတင်း တွင် ဖော်ပြထားသည်။ နိုင်ငံ တောင်
ပိုင်း ဒါရား မြို့ တွင် တနင်္လာနေ့  က စတင် ခဲ့သည် ဆန္ဒပြမှု ကို လုံခြုံရေး တပ်ဖွဲ့ က ပစ်
ခတ် နှိမ်နှင်း ခဲ့ရာ မှ လူငါး ကျော် သေဆုံး ခဲ့ရမှု အပေါ် ပြည်သူများ က ပေါက်ကွဲ ကာ
ဆန္ဒပြခြင်း ဖြစ်သည်။

ဗုဒ္ဓဟူး နေ့ က ပစ်သတ် ခံခဲ့ရသည့် လူ ၅၅ ဦး သေဆုံး မှု ဈာပန ကို ဒါရာ မြို့ တွင် ကျင်းပရာ
လူထောင်ပေါင်း များစွာ က လိုက်ပါ ပို့ ဆောင်ခြင်း ဖြစ်သည်။

ဒါရား တွင် ဆီးရီးယား သမ္မတ ဘာရှား အယ်(လ) အာဆတ်  ၏ ဓာတ်ပုံ များ နှင့် ၎င်း၏ ဖခင်
ဖြစ်သူ ဘာရှား အယ်(လ) အာဆတ် ရုပ်တု များ ကို ဆန္ဒပြသူများ ကို ဖျက် ဆီး လိုက်ကြပြီး
အစိုးရ အဆောက် အဦ အချို့ ကို လည်း မီးရှို့ ခဲ့ကြသည်။

သောကြာ နေ့ တွင် ဆန္ဒပြမှု များ မှာ နိုင်ငံ မြောက် ပိုင်း ရှိ ဟားမား နှင့် မြို့ တော် ဒါးမား စကတ်
တို့ ကိုပါ ပျံ နှံ သွားသည်။ ဒါရား တွင် လုံခြုံရေး တပ်ဖွဲ့ က ဆန္ဒပြသူများ ကို ဆက်လက်ပစ်ခတ်သည်။

ဆီရီးယား ခေါင်းဆောင် ဘာရှား အယ်(လ) အာဆတ် ၏ အစိုးရ အဖွဲ့ ကို ပြည်သူများ က ဆန့် 
ကျင် ဆန္ဒပြ ရန် စီစဉ် နေကြသည်။ ဘာရှား ၏ တူကိုယ်တိုင် ကလည်း ပြုပြင်ပြောင်းလဲရေး
များ လုပ်ရန် တောင်းဆိုထားသည်။

ဘာရှား၏ ဇနီးမှာ လန်ဒန် တက္ကသိုလ်မှ စီပွားရေး သိပ္ပံ မဟာဘွဲ ကို  ရွှေတံဆပ်ဆု (Gold
Medalist ) ရရှိသူ တစ်ယောက် ဖြစ်သည်။ အာဆတ် တို့ လင်မယား မှာ ဥရောပ တွင် လူ
ရာဝင်သည့် အာရပ် အာဏာရှင် လင်မယား ဖြစ်သည်။ အာဆတ်မှာ အနုစိတ် ဗေဒ (ဆေးပညာ)
ဖြင့် ဘွဲ့ ရရှိထားသူ တစ်ယောက် ဖြစ်သည်။

ဘာရှား နှင့် သူ၏ ဆီးရီယား ဘတ်ပါတီ မှာ တိုင်းပြည် ကို အာဏာရှင် တစ်ဦး သဖွယ်အုပ်ချုပ်သည်။
အတိုက် အခံ များ ကို ဖမ်းဆီးထောင် ချ နှိပ် စက်သည်။

ကဒါဖီ ၏ မြေပြင် တပ်ဖွဲ့ များ ကို ရွေးချယ် တိုက် ခိုက် နေသည့် နေတိုး စစ်လေယာဉ်များ ဓာတ်ပုံ - AFP

လစ်ဗျား

လစ်ဗျား ခေါင်းဆောင် ကဒါဖီ သည် တိုင်းပြည် ၏ နှစ်ဆယ် ရာ ခိုင် နှုန်း ကို သာ ထိန်းချုပ်နိုင်
တော့သည်။

ညွန့် ပေါင်း တပ်ဖွဲ့ ၏ လေကြောင်း ပစ် ကူ ဖြင့် သူပုန် များ မှာ ၎င်းတို့ ဆုံး ရှုံးခဲ့သည့် အက်ဒါ
ဘီးယား မြို့ ကို ပြန် လည် ထိန်းချုပ် နိုင် ခဲ့ပြီး ရေနံ တွင်း များ ရှိသည့် ဘရီဂါမြို့ ကို သိမ်းပိုက်
နိုင်ရန် ဆက်လက် ချီတက်မည် ဟု အသွင် ကူးပြောင်း အစိုး ရ အဖွဲ့ ဝန်ကြီးချုပ် က CNN
သို့ ပြောသည်။

လစ်ဗျား အစိုး ရ တာဝန် ရှိသူများ က အတိုက် အခံ တို့ နှင့် ဆွေး နွေး ရန် အသင့် ရှိသည် ဟု
ယနေ့  သတင်း ထုတ်ပြန် သည်။

အမေရိကန် ရေတပ် ဦးစီးချုပ် ၀ီလျှံ ဂေါ်တနီ က လစ်ဗျား ခေါင်းဆောင် ကဒါဖီ သည် ၎င်း
အား ထောက်ခံ သူများ ကို လက်နက် များ ထုတ်ပေးပြီး မြေပြင် စစ်ပွဲ ဆင် နွှဲ ခိုင်းသည်
ဟု ထုတ်ဖော်ပြာကြားသည်။

ညွှန့် ပေါင်း တပ်ဖွဲ့ တိုက်လေယာဉ် များ က ကဒါဖီ ၏ မြေမြင် တပ်ဖွဲ့ များ ကို ဆက်လက် တိုက်
ခိုက် လျှက် ရှိသည်။

ဂျော်ဒန်

ဂျော် နိုင်ငံ အမ္မန် မြို့ တွင် ယနေ့  စတင်၍ အစိုးရ ဆန့် ကျင် ရေး ဆန္ဒပြကြရာ ဆန္ဒပြသူများ ရှိရာ
သို့ စစ်တပ် နှင့်  ရဲတပ်ဖွဲ့ ဝင် အချို့ က လာရောက် ပေါင်း စည်းခဲ့ကြသည်။ ဆန္ဒပြသူများ ကို ရိုက်
နှက် သည့် အစိုးရ လိုလား သူများ ကို ရဲ တပ် ဖွဲ့ ဝင် များ က ပြန် လည် ရိုက် နှက် ခဲ့ပြီး ဆန္ဒပြသူ
များ ကို အကာအကွယ်ပေး ခဲ့သည်။

ရဲတပ် ဖွဲ့ ဝင်များ က  ဆန္ဒပြသူများ ကို အကာအကွယ်ပေးထားသည်။  ယနေ့ ဂျော်ဒန် ဆန္ဒပြမှု
တွင် နှစ်ဦး သေဆုံးသည်။

5 thoughts on “ဆီရီးယား နိုင်ငံ တ၀ှမ်း လူထုအုံကြွမှု စတင်၊ ဂျော်ဒန် လူထုအုံကြွမှု ဉ် ရဲ နှင့် စစ်တပ် က ဆန္ဒပြသူများ ကို ကာကွယ်

  1. Many Bastard officer in Burmese Army.that why they don’t protected their own peoples.

  2. ဟာဟ လုပ်တယ်ဟေ့.. ဒို့ဆီမှာသာရဲတွေ၊စစ်သားတွေ ပြည်သူကို ကာကွယ်ပေးမယ်ဆိုရင်ဖြင့် ကျနော်ကတော့တွေ့တဲ့နေရာမှာ အဲဒီပုဂ္ဂိုလ်တွေကို အာဘွားလိုက်ပေးမယ်ဗျို့… ခုတော့ ကူညီပါရစေရေးထားပြီးလည်ပင်းပဲလိုက်ညှစ်နေတယ်။ အသိအာရုံတွေ ဖွင့်ပြီးအိပ်မက်တွေကနေနိုးထပါတော့ကျေးဇူးရှင်တွေရယ်။။

  3. ဒါမှ တကယ့် စစ်သား တကယ့် ရဲ ….
    Shameful to Myanmar army and police..

    When I watching photos, can’t control my tear
    being proud of theirs & being sad of ours.

    1. ပြည်သူတွေအတွက် ကံတရားက အမှန်တရားဆီကို လှမ်းပေးနေတဲ.အချိန်ကြရာက်လို.လာပါပြီ ကိုသိန်းဇော်ရေ။ မျက်ရည်ကျမယ်ဆိုလဲ ကြလောက်တဲ.အဖြစ်ပျက်တွေပါ။ တန်ဖိုးရှိတဲ.မျက်ရည်လို.သာမှတ်ထင်လိုက်ပါလေ။ ကျွန်တော်တို.နိုင်ငံလဲ မကြာခင် စစ်အာဏာရှင်လက်အောက်ကလွှတ်တော.မယ်လို.ယုံကြည်မိနေပါတယ်။

Comments are closed.