ရှမ်းပြည်နယ် တွင် ငလျှင် ငယ်များ ဆက်လက် လှုပ်နေဆဲ

ရစ်ချတာစကေး ၇.၀ အဆင့် ရှိသည့် ငလျှင် ကြောင့် တာချီလိတ်-တာလေ လမ်းများ တွင် ပျက်စီးမှု များ ဖြစ်ပေါ်နေသည်။ Photo-AFP

Kခိုင်၊  ၊ယမန်နေ့ ည နှင့် ယနေ့ နံနက် တွင် ရှမ်းပြည် နယ် ကျိုင်း တုံ ၊ တာချီလိတ် နှင့် မိုင်းယောင်း မြို့ 
နယ်များ ဘက်တွင် ငလျှင် ငယ်များ ဆက်လက် လှုပ်ခတ် ပြီး မိုး ရွာသွန်း နေသောကြောင့်
တာလေ နှင့် တာချီလိတ် မြို့ များ တွင် ကယ်ဆယ် ရေး လုပ်ငန်းများ နှောင့် နှေးနေသည် ဟု
သတင်းရရှိသည်။

တာချီလိတ် နှင့် တာလေ ဆက်သွယ်သော လမ်းများမှာ လည်း ပျက်စီး နေပြီး လွယ်မွေ – ကျိုင်း
တုံလမ်း နှင့် လွယ်မွေ မိုင်းဖြတ် လမ်းများ မှာ လည်း ပျက်စီး နေသောကြောင့် ကယ်ဆယ်ရေး
လုပ်ငန်းများ မှာ ခရီး မတွင် ဟု တာချီလိတ်မြို့  ခံ တစ်ဦး က ပြောသည်။

ယမန် နေ့ ညက စစ်အစိုးရ ၏ အကူအညီပေး ရေး ပစ္စည်းများ မှ လေတပ် လေယာဉ် များ ဖြင့်
တာချီလိတ် မြို့ သို့ ရောက် ရှိ လာသော လည်း အခု အချိန် ထိ ငလျှင်ဒဏ် ကြောင့် အိုးအိမ်များ
ပျက်စီး ခဲ့ရသည့် မိသားစု များ ထံ သို့ မရောက် ရှိသေး ဟု သိရသည်။

သောကြာနေ့ ည ရှစ်နာရီ မိနစ် ၂၀ အချိန့် ခန့် က လှုပ်ခတ်သွား သည့် ငလျှင် ဒဏ်ကြောင့် ရှမ်း
ပြည်နယ် ရွှေတြိဂံ ဒေသတွင် လူ နှစ် ရာ ကျော် သေဆုံး နိုင်သည် ဟု မြန်မာ နိုင်ငံကြက် ခြေနီ
အသင်း မှ အရာရှိ တစ်ဦးက Freedom News Group သို့ ပြောသည်။

Myanmar

Freedom News Group ၏ တွစ်တာ တွင် လည်း ဗီဒီယို များ ကို ကြည့် ရှု နိုင်သည်။

One thought on “ရှမ်းပြည်နယ် တွင် ငလျှင် ငယ်များ ဆက်လက် လှုပ်နေဆဲ

  1. သန်းရွှေအမျိုးယုတ်အုပ်စု မြေမြိုမယ့်နိမိတ်တွေလား……

Comments are closed.