
FNG၊ ၊လစ်ဗျား သူပုန် တွေ က မတ်လ ၂၈ ရက်နေ့ နံနက် အရုဏ် တက် အချိန်မှာ ကဒါဖီ ရဲ့ မွေး
ဇာတိဖြစ်တဲ့ဆာတ်မြို့ ကို နေတိုး အဖွဲ့ ရဲ့ လေကြောင်း ပစ် ကူ သိမ်း ပိုက် လိုက်ပြီ ဖြစ်ပါတယ်။ဒီမြို့ ကို မသိမ်းခင်
မတ်လ ၂၇ ရက်နေ့ ညက ရေနံထွက် ရှိရာ မြို့ တွေ ဖြစ်တဲ့ ဘရီဂါ နဲ့ ရပ်(စ) လာနုဖ် မြို့ တွေ ကို သိမ်း
ပိုက် ခဲ့တာ ဖြစ်ပါတယ်။
ရစ်လာနုဖ် ကို သိမ်းပိုက် စဉ် မှာ ကဒါဖီ ကို သစ္စာခံ တဲ့ တပ် တွေ က ပြန်လည် မခု ခံကြတော့ ဘက်
ထရီပိုလီ မြို့ ဘက်ကို အဝေး ပြေး လမ်း မကြီး တွေ ကနေ မဟုတ် ဘဲ လမ်းငယ် တွေ က နေ ပြန်လည်
ဆုတ် ခွာ သွားကြပါတယ်။
“ကဒါဖီ ရဲ့ တပ် တွေ ဟာ ခွေးပြေး ၊ ၀က်ပြေး ပြေးရတာ ပါ။ သူတို့  ယူနီဖောင်း တွေ ကို ချွတ်ပြီး ထားခဲ့
တယ် လက်နက် တွေ လဲ ယူမသွားကြ တော့ ဘူး စစ်ကား တွေ ၊ တင့်ကား တွေ နဲ့ ပြေးရင် နေတိုး တပ်
ဖွဲ့ တပ် တိုက်လေယာဉ် တွေက ဒုံးကျဉ် စာ မိမှာ” လို့ အသက် ၄၂ နှစ် အရွယ် ရှိ အပျော်တမ်း သူပုန်
တပ်ဖွဲ့  ၀င် တစ်ဦးက Al Jazeera သတင်းဌာ န ကို ပြောပါတယ်။
လစ်ဗျား နိုင်ငံရဲ့ မြို့ တော် ထရီပိုလီ နဲ့ ဇ၀ီယာ မြို့ က ဒါဖီ ရဲ့ တပ်စခန်း တွေ ကို လည်း ဗြိတိသျှ ရေတပ်
က တိုမာ ဟောခ် ဒုံးကျဉ် တွေ နဲ့  ဆက်လက် တိုက် ခိုက်ခဲ့ပြီး ထရီပိုလီ မြို့ မှာ ညလုံးပေါက် ပေါက်ကွဲသံ
တွေ မည်နေတယ် လို့  CNN သတင်းဌာန က Nic Robertson ရဲ့ သတင်းပေးပို့ မှု မှာ ဖော်ပြထားပါတယ်။
လစ်ဗျား နိုင်ငံ ကို တိုက် ခိုက် ဖို့ အိုဘားမား က လုပ်ဆောင် ခဲ့တာ ဟာ အမေရိကန် ကွန်ဂရက်ကနေ အတည်
ပြုချက် မယူခဲ့တဲ့ အတွက် တရား မ၀င် ဘူး ဆို တဲ့ ဝေဖန် မှု တွေ နဲ့  ဒီတိုက် ခိုက်မှု ရဲ့ ကုန်ကျစရိတ် ဟာ ဘယ်
လောက် ရှိမလဲ ဆိုတာ ကို မေးခွန်း ထုတ် နေကြပါတယ်။
လစ်ဗျား နိုင်ငံ ကို အမေရိကန် တိုက် ခိုက် နေ တဲ့ စစ်ရေး ကုန် ကျစရိတ် ကတင် တစ်နေ့  ကို ဒေါ်လာ သန်း
တစ်ရာ လောက် ကုန် ကျစရိတ် ရှိမယ် လို့  ဂျိမ်း ကာကွယ် ရေး အပတ် စဉ် စာစောင် က ခန့် မှန်းပါတယ်။
လစ် ဗျား သူပုန် တွေ ပြန် လည် သိမ်းပိုက် နိုင်ခဲ့တဲ့ ဆာတ် မြို့ ဟာ ကဒါဖီ ရဲ့ သစ္စာ ခံ တပ်ဖွဲ့ တွေ အခိုင်အမာ အ
ခြေစိုက်ထားတဲ့ မြို့  လည်းဖြစ်ပါတယ်။ဒီမြို့ ကို သူပုန် အဖွဲ့ တွေ ပြန်သိမ်း နိုင် ဖို့ အတွက် မြို့ တွင်း မှာ ရှိနေတဲ့
ကဒါဖီ လိုလား သူတွေ ကို နေတိုး အဖွဲ့ က နာရီ ၃၀ ကျော်ကြာ လေကြောင်း ပစ် ကူ ပေးခဲ့ရပါတယ်။
အမေရိကန် ကာကွယ်ရေး ၀န်ကြီး ရောဘတ် ဂိတ်ကတော့ ကဒါဖီ ရဲ့ လက်ချက် ကြောင့် လစ်ဗျား ပြည်သူတွေ
အသက်ပေါင်းများ စွာ သေမယ့် ဘေးကနေ ကာကွယ်ပေးလိုက် နိုင် ပြီ လို့ ထုတ်ဖော်ပြောကြား ပါတယ်။
အခုသိမ်း ပိုက် လိုက် နိုင်တဲ့ ဆာတ် မြို့ ဟာ ထရီပိုလီ မြို့  နဲ့  ကီလိုမီတာ ၄၀၀ ခန့် သာ ကွာဝေပြီး အဲဒီ နှစ်
မြို့ ကြားထဲက မီဆရာတာ မြို့ ရဲ့ နေရာ အတော်များများ ကို တော့ မူလကတည်းက သူပုန် တပ်ဖွဲ့ တွေ က ထိန်း
ချုပ်ထားပါတယ်။
အဓိက ကျတဲ့ ရေနံ တွင်း တွေ ရှိ ရာ မြို့ တွေ ကို ထိန်းချုပ် ခဲ့ပြီး နောက် လစ်ဗျား သူပုန်တွေ က ရေနံ စိမ်း
ကို မကြာခင် ပြန်လည် ထုတ်လုပ် မှာ ဖြစ်တယ် လို့  ကြောငြာ ခဲ့တဲ့ အပြင် ဒူဘိုင်း ရေနံ ကုမဏီ တစ်ခု
နဲ့ ပါ စာချုပ် ချုပ် ဆိုခဲ့ပါတယ်။
မနေ့ က လစ်ဗျား သူပုန်တွေ သိမ်းပိုက် လိုက်တဲ့ ဘရီဂါ မြို့ ဟာ တစ်နိုင်ငံ လုံးရဲ့  ရေနံ ထုတ်လုပ်မှု ၅၀ ရာခိုင်နှုန်း
ထွက်ရှိတာ ဖြစ်ပါတယ်။

ဒီစစ်ကိုတိုက်လို့ အမေရိကန်ပြည်သူတွေအနေနဲ့ လှိုက်လှိုက်လှဲလှဲ ၀မ်းသာမယ်လို့ထင်နေလား… ကိုယ့်အစိုးရအကြောင်း ကိုယ့်ပြည်သူသာ အသိဆုံးပါ… အခုအခါ အမေရိကန်ပြည်သူတွေအနေနဲ့ ကိုယ့်အစိုးရကို နိုင်ငံတကာမှာ လိုက်ပြီး ဟိုစပ်စပ် ဒီစပ်စပ်လိုက်လုပ်ပြီး ကုန်ကျနေတာတွေကို ကိုယ့်ပြည်သူတွေ ကိုယ့်တိုင်းပြည်အတွက် အကျိုးရှိတဲ့နေရာမှာ အသုံးပြုသင့်တယ်လို့ ထင်တဲ့သူတွေ များနေကြပြီး… အခုတိုက်တဲ့ လစ်ဗျားစစ်နဲ့ ဂျပန်အတွက် အသုံးစရိတ်တွေကို ဘယ်လိုကြံဖန်လိုက်ရတယ်ဆိုတာ စာဖတ်သူများသိချင်လဲသိမှာပါ… မသိရင်လည်း လေ့လာကြည့်ပါ… မြန်မာပြည်သူတွေအနေနဲ့ အမေရိကန်ကိုအားကိုးဖို့ မစဉ်းစားပါနဲ့… မလွယ်တဲ့ အခြေအနေရှိနေပါတယ်… အဓိကက ကိုယ့်အားကိုယ်ကိုးပြီး ကြံဖန်မှ ဖြစ်ပါလိမ့်မယ်… ဒါလောက်ပါပဲ…