တပ်ပြေး စံချိန်တင်၊ ရဲပြေး ပိုများလာ

နေမျိုးဦး ၊ ၊နိုင်ငံ တ၀ှမ်း ရှိ မြို့ နယ် နှင့် ရဲတပ်ရင်း မှ ရဲတပ်ဖွဲ့ ဝင်များ သည် ယခု နှစ် ထဲ တွင်
ထွက်ပြေးမှု ပိုမိုများပြားလာ သည် ဟု အမည် မဖော် လို သည့် ရန်ကုန် တိုင်း ရဲ တပ်ဖွဲ့ အရာ ရှိ တစ်ဦး
က Freedom News Group  သို့ ပြောသည်။

ယခင် နှစ်က စာရင်းများ အရ  တစ် နိုင်ငံ လုံး တွင် ၃၄၀ ဦးရှိခဲ့ရာ မှ ယခု နှစ် ပထမ သုံးလ
ပိုင်း တွင် ပင် ၁၀၀ ကျော်ရှိသည် ဟု အဆိုပါရဲ အရာ ရှိ က ပြောသည်။

” စစ်ကိုင်း၊ကချင် ၊ကရင် နဲ့  ရှမ်းပြည် နယ်တွေ မှာ အများ ဆုံးပဲ။ နယ်စပ်တွေ နဲ့ နီးတော့ တစ်
ဖက် နိုင်ငံ တွေ မှာ အလုပ် လုပ် ဖို့  ထွက်ပြေးကြတာ ” ဟု ပြောသည်။

ထိုင်း နိုင်ငံ မဲ ဆောက် မြို့ သို့ ထွက်ပြေး ရောက် ရှိလာသည့်  နယ်ထိန်း အဆင့် ရှိ ရဲ တပ် ဖွဲ့ ဝင်
တစ်ဦးက “ကျွန်တော် ရဲ မှာ လုပ် သက် ၂၂ နှစ် ရှိပြီ သားသမီး က သုံး ယောက် တာဝန်ချိန်
မဟုတ် လည်း သွား ရတာပဲ၊ လူကြီး လမ်းကြောင်း၊ အရေးပေါ် လုံခြုံရေး  ယူပေးရတာ နဲ့ 
ဗုံးပေါက်တာ တွေ အကုန် သွားရတယ် ဒီကြား ထဲ မြို့ နယ် မှုး နဲ့ စခန်းမှုး က မထင် ရင် မထင်
သလို ဆွဲ ထိုးတာ တို့ ပါး ရိုက်တာ တို့ လုပ်သေးတယ်။ အသက် ကရ လာပြီ ပိုက်ဆံ မရှိတဲ့
အပြင် ကျွေးတောင် တင် တယ်။ နောက်ပြီး ရဲ ပါ ရှေ့ တန်း လွှတ်တာ ရှိနေ တော့ အခု လို
မိတ်ဆွေ တစ်ယောက် အဆက် အစပ် နဲ့ ဒီဘက် က စက်ရုံတွေ မှ လာလုပ် ရတာ ဟ
FNG သို့ ပြောသည်။

မြန်မာ နိုင်ငံ၏ လက်နက် ကိုင် တပ်ဖွဲ့ များ တွင် အခြား အဆင့် များမှာ ဆင်းရဲတွင်း က
မတက် နိုင် ဖောင်စီးရင်း ရေငတ် ဖြစ်နေသေကြောင့် တပ်တွင်းမှာ လည်း မငြိမ်မသက်
ဖြစ်ကာ တပ်ပြေး များ လည်း ပိုမို များပြား လာနေသည်။

ယခု နှစ် ဒီဇင်ဘာလက မန္တလေး တိုင်း အတွင်း ရှိ ချမ်းအေးသာဇံ ရဲစခန်း တွင် ဒုရဲအုပ်
တစ်ဦး ပါ ထွက်ပြေးမှု ဖြစ်ပွား ခဲ့သည်။

ရန်ကုန် တိုင်း အတွင်း ရှိ  ခြေလျှင် တပ် ရင်း တစ် ခုမှ တပ်ကြပ်ကြီး တစ်ဦးက လည်း
ဒီနှစ် တပ်ပြေး တွေ ပို များ မယ် အခု လဲ တပ်ထဲမှာ  သုံး လ မပြည့် ခင် ဆယ်ယောက် ရှိနေ
ပြီး ဟု ပြောသည်။

2 thoughts on “တပ်ပြေး စံချိန်တင်၊ ရဲပြေး ပိုများလာ

  1. မထင်ပါနဲ့ဗျာ ၈၈ တုန်းကလဲ စစ်တပ်ကိုမျော်လင့်တကြီးနဲ့စောင့်ခဲ့တာပါ ဒါပေမဲ့ စစ်တပ်က ပြည်သူကိုဉီးမဆောင်ဘဲ နေ၀င်းနောက်လိုက်ဘဲ လုပ်သွားတာဘဲ…

  2. ဒီအချိန်ဟာ စစ်တပ်နဲ့ပြည်သူ ပူးပေါင်း ရမည့် အကောင်းဆုံးသော အချိန်ဘဲ။ မြန်မာ့ဒီမိုဂရေစီ အရေးအောင်မြင် ပါစေ။

Comments are closed.