FNGဧပြီလ ၂၉ ရက်နေ့  တွင် ကျင်း မည့် အဲလိဇဘက် ဘုရင် မကြီး ၏ မြေးတော် ဝေလ မင်းသား ၀ီလျှံ
နှင့် ၎င်း ၏ ကြင်ယာဘက် ကိတ် မီဒယ်(လ)တန် တို့ ၏ လန်ဒန် ၀တ်မင်စတား အက်ဘီ ဘုရား ကျောင်း
ဉ် ကျင်းပမည့် စုလျှား ရစ်ပတ် လက် ထက် မင်္ဂလာ အခမ်း အနား ကို မြန်မာ စစ်ခေါင်း ဆောင် ဗိုလ်ချုပ်
မှုးကြီး သန်းရွှေ ၏ မိသားစု ၀င် တစ်ဦးဦး က လန်ဒန် ရှိ မြန်မာ သံရုံး ၀န်ထမ်း အနေဖြင့် တက်ရောက်
မည် ဟု နိုင်ငံခြား ရေး ၀န်ကြီး ဌာ န မှ အမည် မဖော် လို သည့် အရာ ရှိ တစ်ဦးက Freedom News
Group သို့ ပြောသည်။ Updated
“ပုံမှန် အားဖြင့် ဆိုရင်တော့ Royal Wedding ပေါ့၊ ဘုရင်း အချင်းချင်း၊ တော်ဝင်မျိုးရိုး၊ မင်းမျိုး မတ်နွယ်
တွေ ကိုပဲ ဘုရင် မကြီး ရဲ့ အိမ်တော် ကဖိတ် မှာ ပေါ့၊ စပိန် ဘုရင် တို့ ၊ ဂျပန် ဘုရင် တို့  ထိုင်း ဘုရင် တို့ ၊
အခု အစိုးရက နေ သံ ရုံး ကို ဖိတ်တာ ပေါ့ လူဦးရေ အကန့် အသတ် နဲ့  ဖိတ်တာ။ အဲဒါ ကို ဗိုလ်ချုပ်မှုး
ကြီး သန်းရွှေ ရဲ့ သမီး က တက်ချင်တယ် ဆို လို့  လန်ဒန် သံရုံး လည်း ခေါင်းစား နေတယ် ” လို့ 
ပြောပါတယ်။

ဝေလ မင်းသား သည့် ၁၉၉၇ ခုနှစ် သြဂုတ် လ ၃၁ ရက်နေ့ က မော်တော်ကား တိမ်းမှောက်မှု ဖြင့်
ကွယ်လွန် သွား ခဲ့သည့် ဒိုင် ယာနာ နှင့် ဝေလ မင်း သား ချားလ် တို့ ၏ အကြီး ဆုံးသား ဖြစ်ပြီး ၁၉၈၂
ခုနှစ် ဇွန်လ ၂၁ ရက်နေ့ တွင် မွေးဖွား ခဲ့သည်။
ဝီလျှံ နှင့် ကိတ်မီဒယ်(လ)တန် တို့ သည် ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့ တွင် စေ့စပ် ခဲ့ကြသည်။
မင်းသား ၀ီလျှံ သည် ဗြိတိသျှ နန်းညွှန့် နန်းလျှာ ကို ဆက်ခံ ရန် အတွက် ဖင်ဖြစ်သူ ထက် ရေပန်းစားနေ
သည်။
ဝေလ မင်းသား နှင့် ဒိုင်ယာ နာ တို့  မင်္ဂလာ ဆောင် စဉ်က သတင်းများ ကို မြန်မာ့ ရေဒီယို နှင့် သတင်း
စာများ တွင် ဖော်ပြရန် အတွက် သမ္မတ ဦးနေ၀င်း ထံ ခွင့်တောင်း ခံခဲ့ရသည်။ ဦးနေ၀င်းသည်
ဝေလမင်းသား ၏ မင်္ဂလာ ဆောင် ကို ဖိတ်ကြား ခြင်း မခံ ရသော် လည်း ထို နှစ် တွင် အင်္ဂလန်
နိုင်ငံ ကို သွားရောက် လည်ပတ် ခဲ့ရာ ထိုအချိန်က ၀န်ကြီး ချုပ် ဖြစ်သည့် မာဂရက် စသက်ချာ ၏
လက်ထောက် တစ်ဦး နှင့် တွေ့ ဆုံခဲ့သည်။
မြန်မာ စစ်ခေါင်း ဆောင် ၏ မိသားစု သည် အနောက် နိုင်ငံ မှ တော်ဝင် မိသားစု များ ကို အားကျပြီး
ပဒေသရာဇ် ရူး ရူး နေ သူများ ဖြစ်သည်။ဗိုလ်ချုပ်မှုး ကြီး သန်းရွှေသည် ၎င်း ၏ သမီး တစ်ဦး ၏ လက်
ထပ်မင်္ဂလာ အခမ်းအနား အား ငွေကြေး မြောက်မြား စွာ အကုန် အကျ ခံပြီး မင်္ဂလာ ဆောင် ခဲ့ရာ စိန်
စီသော ည အဖြစ် နာမည် ကြီးသည်။
၎င်း၏ သားမက် ဖြစ်သူ ဦးတေဇ သည် ချားလ်မင်း သား ဆွစ်ဇာလန် တွင် နှင်း လျှော စီးသည် ကို အား
ကျပြီး ပူတာ အို ဉ် နှင်းလျှောစီး ရာ ရဟတ်ယာဉ် ပျက်ကျပြီး ပေါင်ကျိုးခဲ့သည်။
ဗြိတိသျှ တော်ဝင် မင်္ဂလာပွဲ အခမ်းအနား ဓာတ်ပုံ များ ကို ဤနေရာတွင် ကလစ် နှိပ်ပြီး ကြည့်ပါ

၊ဓာတ်ပုံများ၊ Hello Magazine
၊ သတင်း ၊ MOFA, Telegraph

နေမြင့်လေအရူးရင့်လေ..ဆိုတာဒါမျိုးကိုပြောတာ
ဒီပြိတ္တာမတွေစောက်ရှက်ကိုမရှိဘူး
မင်းသားမင်ဂ်လာဆောင်တော.ကျက်သရေတုံးတော.မှာဘဲဝက်သိုးမတွေတက်ရင်ဝီလျံရေကောင်မတွေမလာစေနဲ.နော်
ကောင်းမတွေစောက်ရှက်မရှိဘူး….လူသတ်.ဒမြကောင်ရဲ့..သမီက….ဒင်းတို့သွားရမဲ့..ကြိုးစင်လာပါလိမ့်မယ်…စောင့်ကြည့်ပါ.
တန်ရာ တန်ရာမှန်းကြစမ်းပါ ငပိရည်ကြိုစားကြတဲ.ဘုရင်ရူးတို.ရေ။။။ စောက်ရှက်မရှိ စောက်ဆင်.မရှိ စောက်ကျင်.ဒီလောက်ယုတ်တဲ.အယုတ်တမာ အဏာရူးကများ သူများမင်္ဂလာပွဲတက်အုံးမဒဲ.။