“To watch the courageous Afghan freedom fighters battle modern
arsenals with simple hand-held weapons is an inspiration to those
who love freedom.”
— U.S. President Ronald Reagan, March 21, 1983
ဂျက်ဖရီ ၊ ၊လစ်ဗျား နိုင်ငံ လွတ်မြောက် ရေး နှင့် ဒီမိုကရေစီ ရေး အတွက် တိုက်ပွဲ ၀င်နေသည့် လက်နက် ကိုင် သူပုန်
များ ကို လက်နက် ထောက်ပံ့လျှင် သင့် / မသင့် မှာ အမေရိကန် အစိုးရ အတွ က် ခြောက်အိပ်မက် တစ်ခု
ဖြစ်သည်။ မဝေးသည့် အတိတ် ကာလ တစ် ခု မှာ ပင် လျှင် တာလီဘန် များ နှင့် ပတ် သက် ပြီး ၀ါရှင်တန်
အတွက် သွေး မတိတ် သည့် အနာ ရှိ ခဲ့ ဖူးသည်။
၁၉၈၀ ပြည့်လွန် နှစ် များ တွင် ဆိုဗီယက် ကျုးကျော်သူများ ကို တိုက်ခိုက် ရန် အတွက် အာဖဂန် နစ္စတန်
မူဂျာဟေဒင်များ နှင့်နိုင်ငံ စုံ မှ အပျော်တမ်း တိုက် ခိုက် ရေး သမား များ ကို အမေရိကန် အစိုး ရ က CIA လှို့ ဝှက်
နည်း လမ်းများတစ်ဖုံ လွှတ်တော်မှဥပဒေ ပြု ၍ ပြောင် တစ် ဖုံ ပခုံးထမ်း လေယာဉ် ပစ် စတင်း ဂါး ဒုံးကျဉ်
(FIM 92) များ နှင့် လက်နက်မျိုးစုံ ကို Operation Cyclone အနေဖြင့် ထောက်ပံ့ပေး ခဲ့ဖူးသည်။ တစ် နှစ် လျှင်
ဒေါ်လာ သန်း ၅၀ ဖိုးခန့် (ထိုအချိန်က ငွေကြေးဖြင့်) ထောက်ပံ့ပြီး ၁၉၈၇ ခုနှစ် တွင်မူတစ်နှစ် တည်း ဒေါ် လာ သန်း
၆၉၀ ဖိုးခန့် ထောက်ပံ့ခဲ့သည်။
အာဖဂန် နစ္စတန် နိုင်ငံ နှင့် အာရှအလယ် ပိုင်း နိုင်ငံ မှ လွတ်မြောက်ဖို့  ပိုးစိုးပက်စက် ထောက်ပံ့စို့  ဆိုသည့်
အယူအဆသည်ထိုစဉ် က သမ္မတ ရေဂင် ၏ အယူအဆ (Regan Doctrine) အဖြစ် နာမည် ကျော်ပြီး ..မြာပွေသည့်
တက္ကဆက် အမတ် ချာလီဝီလ်ဆင် (Charlie Wilson’s War တွင်ရှု) က နိုင်ငံ ပေါင်းစုံ သွား ပြီး လော်ဘီ လုပ်ကာ
Operation Cyclone အဖြစ် အကောင်အထည့် ဖော်ခဲ့သည်။ပါကစ္စတန် နိုင်ငံ သည် ပင် လျှင် ဆိုဗီယက် ၏ ကျုး ကျော်မှု
နှင့် နီးနေသည် ဟု အကြောင်းပြ ချက် ဖြင့် F-16 တိုက်လေယာဉ် များ အချိုအချောင် ရလိုက်သည်။
နောက်တော့ ထို မူဂျာ ဟေဒင် များ မှာ တာလီဘန် ဖြစ်သူက ဖြစ် ၊ အယ်(လ) ကာယီဒါး ဖြစ်
သူက ဖြစ်သွား ကြသည်။ ဇာတ် လမ်း က သည် မှာ တင် အဆုံး သတ် လား ဆိုတော့ လည်း မဟုတ် သေး ………
အမေရိကန် ၏ မျက်နှာသာပေးမှု ကို ရလာခဲ့သည့် အာဖဂန် နစ္စတန် တွင် အစွန်း ရောက် အစ္စလာမ် မစ်
အဖြစ် အင်အား ကောင်းလာ ကြသည်။ မူလာ အိုမာ တို့ လို ခေါင်းဆောင် များ က အစွန်းရောက် တာလီဘန်
ခေါင်းဆောင်များ ဖြစ်လာပြီး အာဏာရလာကြသည်။ နော်တော့ ဆိုဗီယက် ဆန့် ကျင်ရေးစစ်ပွဲ တွင် သေမတူ
ရှင်မကွာ များ ဖြစ်သည့် အယ်(လ)ကာယီးဒါး ခေါင်းဆောင် ဆော်ဒီ သူဌေး အိုစမာ ဘင်လာဒင် နှင့် ပူးပေါင်း ပြီး
အမေရိကန် ဆန့် ကျင်ရေး သမား များ ဖြစ်သွား ခဲ့သည်။ ဟောလိဝုဒ် က ထုတ် သည့် အာဖန် န စ္စတန် ရုပ်ရှင်
အက်ရှင် စွန့် စားခန့် ရုပ် ရှင်ကား ကြီး ၏ ပြကွက် များ က ပရိသတ် ကို ဇာတ်ကွက် စိပ်စိပ် များ ဖြင့် ရင် တလှပ် လှပ်
သဲ တ ဖိုဖို ဖြစ်စေကာ နောက်ဆုံး တော့ စက်တင်ဘာ ၁၁ တိုက်ခိုက်မှု ကြီး ပေါ်ပေါက် စေခဲ့သည်။
လစ်ဗျား နှင့် အမေရိကန်
၂၀၁၁ ခုနှစ် လစ်ဗျား နိုင်ငံ အုံကြွမှု ကား နောက်ဆုံးတော့ ၁၉၈၀ အာဖဂန် နစ္စတန် နှင့် သွားတူနေသည်။
လစ်ဗျား နိုင်ငံ လွတ် မြောက် ရေး အတွက် တိုက် ပွဲ ၀င်နေကြသည့် သူပုန် များ ကို လက်နက် ထောက်ပံ့ သင့်
မသင့် မှာ ၀ါရှင်တန် အတွက် အကြပ် ရိုက်လာ စရာ ဖြစ်လာသည်။
ကဒါဖီ က လစ်ဗျား သူပုန် များ မှာ အယ်(လ)ကာယီဒါး အဖွဲ့ ဝင် များ ဖြစ်သည် ဟု စွပ်ဆွဲ ထား
ခြင်း ကြောင့် ကနဦး တွင် ၀ါရှင် တန် က လက်ရှောင် ပေါက် ကောင် မနှိုက် မိ စေဖို့ ဆုံးဖြတ်ခဲ့သည်။
နောက်တော့ အာရပ် နိုင်ငံ များ အပါအ၀င် ကျူးဘား ခေါင်းဆောင် ကက်စထရို လို လူမျိုး က ပင်
အမေရိကန် ၀င် သင့် သည် ဟု ပြောလာ တော့ ကုလ လုံခြုံရေး ကောင် စီ ဖြင့် ပြန်ဝင်ရပြန်သည်။
လစ်ဗျား သူပုန် များ တွင် ရှိသည့် မီးကြိုး မောင်းပျက် များ လက်နက် များ နှင့် အရည်အချင်း ပြည့်ဝ သည့် စစ်တပ်
တစ်ခု မဟုတ် သည့် အတွက် ကဒါဖီ ၏ သစ္စာ ခံ တပ် များ အား အနိုင် တိုက် ဖို့ ခက်ခဲ လာသည်။
ရေရှည် တွင် လေကြောင်း ပစ် ကူပေး စေအုံးတော့ လစ်ဗျား သူပုန်များ အတွက် ထရီပိုလီ ကို သိမ်း
နိုင်ရန် မှာ အိပ်မက် တစ် ခုလို ဖြစ်နေအုံးမည်။ ထရီပိုလီ ကို သိမ်း ပိုက် ပြီး ကလည်း သူပုန် ဘ၀ ရောက် သွား သည့်
ကဒါဖီ ၏ တပ်ဖွဲ့ များ ကို နှိမ်နှင်း ဖို့ လက်နက် လို အုံးမည်။
တာလီဘန် ခြောက်အိပ်မက် နှင့် အယ်(လ)ကာယီးဒါး အိပ်မက် ဆိုးများ ကြောင့် လစ်ဗျား သူပုန်
တို့ ကို လက်နက် ထောက်ပံ့ရန် မှာ ၀ါရှင် တန် အတွက် အများ ကြီး စဉ်းစားရသည်။ ယခု အကျအဆုံး မရှိသည့်
လေကြောင်း စစ်ဆင် ရေး ကို ပင်လျှင် ရီပတ်ဘလီကန် နှင့် ပြည်တွင်း အုပ်စု
များ က အကြီး အကျယ် ဝေဖန် နေကြသည်။ အခြေအနေ နှင့် အချန် အခါ က အိုဘားမား ကို ရေဂင်
လောက် မျက်နှာ သာ မပေးတော့။ လာမည့် သမ္မတ သက်တမ်း အတွက် ၀င်ရောက် အရွေးခံမည့် ဟု
ကြေငြာထား သည့် ဒေါ်နယ် ထရမ့်က လစ်ဗျား သူပုန် များ တွင် အယ်(လ)ကာယီးဒါး အဖွဲ့ ဝင်များ ပါသည်
ဟု ထပြောသည်။ အမေရိကန် ၏ နေတိုး တပ်မှုး ဖြစ်သူ ဗိုလ်ချုပ် ကြီး ဂျိမ်း စထရာ ဗစ်က တော့ အယ်(လ)
ခိုင်ဒါ ၏ ခြေရာလက်ရာများ မတွေ့  ဟု ဆိုသည်။
လစ်ဗျား ပြဿနာ သည် အမေရိကန် အတွက် အတိမ်း အစောင်း မခံ သော ကိစ္စဖြစ်လာသည်။
လက်နက် မထောက်ပံ့လျှင် ကဒါဖီ က သူပုန် များ ကို ပြန်လည် အနိုင် ယူပြီး ရေနံ လက်နက် ထုတ်
သုံး လိုက် ပြန် လျှင် ရေနံ အပေါ် အလွန် အကျွံ မှီ ခိုနေရသည့် နိုင်ငံ များ ဒုက္ခရောက် ဖွယ် ရှိသည်။
လစ်ဗျား သူပုန် များ နှင့် အတိုက် အခံ များ ကလည်း သူတို့ ထဲတွင် အယ်(လ)ကာယီးဒါး မပါ ဘူးဟု
ပြောသည်။ “သူတို့ ကို လက်နက် မြန်မြန် ပေးပါ သူတို့ ကဒါဖီ ကို မြန်မြန် ပွဲသိမ်း စေမည် ဟု အာမ ဘန္တေ
အထပ်ထပ် ခံသည်။”
နောက်ဆုံးတွင် အိုဘာမား ၊ ဒေးဗစ် ကင်မရွန်း နှင့် ဆာကိုဇီ တို့ က လက်နက် ထောက်ပံ့မည် ဟု
အကြမ်း သဘောတူထားကြသည်။

လစ်ဗျား နှင့် ဥရောပ သမဂ္ဂ
မတ်လ ၂၉ ရက်နေ့ တွင် လစ်ဗျား အရေး ဆွေး နွေး ပွဲ လန်ဒန် ကွန်ဖရင့် ကို ကျင်းပခဲ့ကြသည်။ ကုလသမဂ္ဂ
အဖွဲ့ ချုပ် အထွေထွေ အတွင်း ရေးမှုး ဘန်ကီမွန်း နှင့် အမေရိကန် နိုင်ငံခြား ရေး ၀န်
ကြီး ဟီလာ ရီ ကလင်တန် တို့  အပါအ၀င် အီးယူ ဆရာကြီး၊ ဆရာမကြီး များ ရှေ့ ဆုံးတန်းမှာ
မိန့် မိန့် ကြီး နေရာ ယူထားကြသည်။အာရပ် နိုင်ငံများလည်း ပါသည်။
ရေနံ ထွက် သော နိုင်ငံ အကြောင်း ကို ဆွေးနွေးမှာ ဖြစ်၍ မိုးမလင်း ခင်လောက် က ပင် အီးယူ
ဆရာကြီး အချို့ ဆွေးနွေး ပွဲ ကျင်းပမည့် ဟိုတယ် နား တွင် ရစ်သီ ရစ်သီ လုပ်နေသည် ဟု သတင်း
များတွင် ဆိုသည်။
လန်ဒန် ဆွေးနွေး ပွဲ က ကဒါဖီ ခောတ်လွန် လစ်ဗျား နိုင် ငံ အကြောင်း ကို ဆွေးနွေး မည် ဟု ဆိုသည်။
အီးယူက ကုလသမဂ္ဂ ၏ လက်နက် တင်သွင်းခွင့် ပိတ်ဆို့ ထားမှု အရေး ယူချက် ကို လိုက်နာရန် ပြောသည်။
ကုလသမဂ္ဂက ဒဏ်ခတ် အရေးယူထားသောကြောင့် သူပုန် များ သိမ်းပိုက်ထား ရာ ဒေသ မှ ရေနံ များ
ပြည်ပ သို့ မရောင်းသင့် ဟု လည်း ဆိုသည်။ (ကာတာ နှင့် ဒူဘိုင်း မှ လစ်ဗျား သူပုန် တပ်ဖွဲ့ ကို အစိုးရ
အဖြစ် တရားဝင် အသိအမှတ် ပြုပြီး ရေနံ ကို မှောင်ခိုဈေး နှင့် ညှိုပြီး ဖြစ်သည်)
လစ်ဗျား ခေါင်း ဆောင် နှုတ် ထွက် လာစေ ဖို့ ဒါမှမဟုတ် ထွက် ပေါက် တစ်ခု တွေ့ ဖို့ ဖိအားပေး
နိုင်သည့် နည်းလမ်း များ ရှိသည် ဟု လည်း လစ်ဗျား အရေး ဆွေး နွေး ပွဲ ဥရောပ သံ များ က ဆို
သည်။
မြွှေမသေ တုတ်မကျိုး ကစား ပြီး လစ်ဗျား နိုင်ငံ နှစ်ခြမ်း ကွဲ သွား အောင် ဥရောပ နိုင်ငံ အချို့ က ကြံစည်
သည် ဟု ဝေဖန်ကြသည်။
လစ်ဗျား ဆမ်းမစ် တွင် အီးယူ ဆရာကြီး တို့ အား ကောင်းနေ၍ လစ်ဗျား သူပုန်များ ကို ပိုမို အင်အား
ကောင်းလာအောင်လုပ်ပေးချင်သည့် ဟီလာရီ ကလင်တန် ၊ ဆာကိုဇီ နှင့် အိမ်ရှင် နိုင်ငံ ၀န်ကြီးချုပ်ပင်
မီးစင်ကြည့်က နေရသည်။ လစ်ဗျား ကို အဓိက တိုက် ဖို့  အတွက် အဓိက တာဝန်ယူထား သည့် နေတိုး
အဖွဲ့ ဆိုသည် မှာ လည်း ပြောရလျှင် အီးယူပင် ဖြစ်သည်။
ယနေ့  အစည်း အဝေး မှာ လစ်ဗျား အနာဂတ် အရေး အထက် အီးယူ အနာဂတ် အရေး ဖြစ်နေ ပုံရသည်
ဟု ပြင်သစ် သတင်း စာ လမွန့် က ဝေဖန်သည်။ပရို ရီပတ် ဘလီ ကာ က မူ လန်ဒန် ဆွေး နွေး ပွဲ မှာ
လစ်ဗျား ကို သားသတ် သမား များ အမဲ ဖျက် နေ သလို သားတော် ရာ ဟု လာ အမွေ တောင်း နေသလို
ဖြစ် နေသည် ဟု စီနီယာ ကော်ရက် စပွန့် ဒက် က သုံး သပ် သည်။
ဟုတ်တော့ လည်း ဟုတ် သည် တစ်ပတ် စစ်စရိတ် ဒေါ်လာ သန်း တစ်ထောင် လောက် ကုန် ကျနေသည်ကို
ဘယ်သူမှ လက်ဗလာ ခြေဗလာ ဖြင့် ပြန်ထွက် ချင် မည် မဟုတ်။
လစ်ဗျား အရေး အတွက် အနောက် နိုင်ငံကြီးများ က တခြိမ်းခြိမ်း လုပ်သော စည်းဝေးပွဲများ၏ ကုန် ကျစရိတ်
မှာ သူပုန် များ အတွက် F-16 ငါးစီးလောက် ၀ယ်ပေး လို့ ရနေပြီ ဟု ဆိုသည်။
ကဒါဖီ ၏ ပွဲသိမ်း ကွက် ကို မြန်မြန် ဆန်ဆန် မကစား နိုင်လျှင် တော့ ဖြင့် နောင် တွင် နိုင်ငံတကာရှိ အတိုက်
အခံ များ အနေ ဖြင့် “ ပိုက်ဆံ ရှိ မှ တော်လှန်ရေး စပါ” ဆိုရမလို ဖြစ်နေသည်။

ကောင်းဗျာ…..
ကျေးဇူးပါ FNG ဆောင်းပါးကောင်းကောင်း မဖတ်ရတာကြာပြီ..
“ ပိုက်ဆံ ရှိ မှ တော်လှန်ရေး စပါ” … ပိုက်ဆံမရှိပဲနဲ့ ဘယ်လက်နက်ကို ၀ယ်မှာတုန်း… လက်နက်ကိုင်တွေကို ထောက်ပံ့ဖို့ ဘယ်သူပေးမှာတုန်း… ဘိန်းရှိတဲ့သူက ဘိန်းရောင်း… ရေနံပေါတဲ့ သူက ရေနံရောင်း… သဘာဝသယံဇာတရှိတဲ့သူကလည်း ရှိတာရောင်း… ဒါပဲပေါ့…
အကုန်လုံးကို အနှစ်ချုပ်လိုက်ရင် ဒီဆောင်းပါးရေးသားချက်နှင့်အမြင်တို့သည် မှန်ကန်စွာသုံးသပ်ထားချက်ဖြစ်သည်ဟု ယုံကြည်သည်။ စောဒကတက်ဖွယ် မမြင်မိပါ။