
Updated ကဒါဖီ ၏ အစိုး ရ အဖွဲ့ တွင် ထိပ်တန်း ပုဂ္ဂိုလ် တစ်ဦး ဖြစ်သည့် လစ်ဗျား နိုင်ငံခြား ရေးဝန်ကြီး
မူဆာ ကူဆာ သည် လစ်ဗျား အစိုးရ အဖွဲ့  မှ နှုတ်ထွက်ကာ အင်္ဂလန် နိုင်ငံ နိုင်ငံ တွင် နိုင်ငံရေး
ခိုလှုံခွင့် တောင်းခံသည် ဟု ဂါးဒီယန်း သတင်းစာ ၏ အင်တာနက် စာမျက် နှာတွင် ဖော်ပြထား
သည်။
ယမန်နေ့ က မူဆာကူဆာ သည် ယမန်နေ့ က အိမ် နီး ချင်းတူ နီရှား နိုင်ငံ မှ နေ၍ အင်္ဂလန် နိုင်ငံ
သို့ ယနေ့ မနက် တွင် ရောက် ရှိလာက နိုင်ငံ ရေး ခိုလှုံ ခွင့်တောင်း ခံခဲ့ခြင်း ဖြစ်သည်။
လစ်ဗျား အစိုးရက မူဆာ ကူဆာသည် ကဒါဖီ ၏ သံတမန်ရေး တာဝန် များဖြင့် ရောက် ရှိ နေခြင်း
ဖြစ်သည် ဟု ကာကွယ် ပြောကြား ခဲ့သော် လည်း နောက်ပိုင်းတွင် မူဆာ ကူဆာ ကိုယ်တိုင် လန်ဒန်
တွင် သံတမန် များ နှင့် တွေ့ ဆုံ ၍ သူ နိုင်ငံရေး ခိုလှုံ ခဲ့သည် ကို ပြောကြား ခဲ့သည်။
လစ်ဗျား ခေါင်းဆောင် ကဒါဖီ ၏ ထိပ်တန်း ခေါင်းဆောင် တစ်ဦး ဖြစ်သည့် နိုင်ငံခြား ရေး ၀န်
ကြီး မူဆာ ကူဆာ နှင့် စစ်ဘက် အရာ ရှိ အချို့ သည် အမေရိကန် တွင် နိုင်ငံ ရေး ခိုလှုံ ခွင့်ရရှိ
ရန် ကမ်းလှမ်းထား သည် ဟု Fox News သတင်းဌာန က လွန်ခဲ့သည့် ရက် အနည်းငယ်က
ထုတ်လွှင့်ခဲ့သည် ကို FNG တွင် ဖော်ပြ ခဲ့ပြီး ဖြစ်သည်။
မူဆာ ကူဆာ ဆို တာ ဘယ်သူလဲ
မူဆာ ကူဆာ မှာ အမေရိကန် နိုင်ငံ Michigan State University မှ ဘွဲ့ ရရှိခဲ့သူ ဖြစ်သည်။
မူဆာ ကူဆာ သည်လစ်ဗျား နိုင်ငံ ၏ ထောက်လှမ်း ရေး အကြီး အကဲ အဖြစ် နှစ် ၂၀ ကျော်
ခန့် တာဝန် ထမ်း ဆောင်ခဲ့ပြီး ၂၀၀၉ ခုနှစ် မတ်လ တွင် နိုင်ငံခြား ရေး ၀န်ကြီး အဖြစ် ခန့် ထား
ခြင်း ခံရသူ ဖြစ်သည်။
၁၉၈၈ ခုနှစ် ပန်အမေရိကန် လေကြောင်း လိုင်းမှ လေယာဉ် ဗုံးဖောက်ခွဲ တိုက် ခိုက်ခံ ရမှု မှာ
သူ၏ လက်ချက် ဖြစ် သည် ဟု လစ်ဗျား အတိုက် အခံ တို့ က စွပ် ဆွဲ ထား ကြသည်။
မူဆာ ကူဆာ သည် လစ်ဗျား အစိုးရ အဖွဲ့ အတွင်း ဉ် အရေး ပါသူ တစ်ယောက် ဖြစ်ပြီး ကဒါဖီ
၏ အတွင်း စည်း မှ အရှိန် အ၀ါ ကြီး သူ တစ်ယောက် လည်း ဖြစ်သည်။
မူဆာ ကူဆာ နိုင်ငံရေး ခိုလှုံ ရခြင်း နှင့် ပတ်သက် ပြီး အမေရိကန် နိုင်ငံခြား ရေးဝန်ကြီး ဌာန မှ
ယနေ့  သတင်းထုတ် ပြန်ရာ တွင် “လစ်ဗျား ခေါင်းဆောင် ကဒါဖီ ၏ အစိုးရ အဖွဲ့ အတွင်း ပြို
ကွဲ မှု များ စနေပြီ ဟု သိသာ သည့် အချက် ဖြစ်သည် ဟု ပြောကြား ခဲ့သည်။
လစ်ဗျား နိုင်ငံခြားရေး ၀န်ကြီး အပါအ၀င် ကဒါဖီ၏ အစိုးရ အဖွဲ့ မှ အရာရှိ ၂၀ ခန့် လည်း
အာဖရိက နှင့် အာရပ် နိုင်ငံ အချို့ တွင် နိုင်ငံ ရေး ခိုလှုံ ခဲ့သည်။
စီအိုင်အေ နှင့် လစ်ဗျား သူပုန်
အမေရိကန် လျှို့ ဝှက် ထောက် လှမ်း ရေး ဧဂျင်စီ စီအိုင်အေ ၏ အစီအစဉ် ဖြင့် လစ်ဗျား သူပုန်များ
ကို သိုသိပ်စွာ လက်နက် ထောက် ပံ့မှု များ စတင် နေ ပြီ ဟု ယနေ့  အမေရိကန် သမ္မတ အိုဘာမား က
ပြောကြား လိုက်သည်။
လစ်ဗျား နိုင်ငံ တွင် အမေရိကန် မြေပြင်တပ် များ မရှိသော် လည်း စီအိုင်အေ အဖွဲ့ များ စတင် ၀င်
ရောက် လှုပ်ရှား နေပြီ ဟု ထုတ်ဖော်ပြောကြား သွား ခဲ့သည်။
ဗြိတိသျှ ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန် နှင့် ပြင်သစ် သမ္မတ နီကိုလစ် ဆာကို ဇီတို့ က သူပုန်များ ကို
လက် နက် များ တရား ၀င် ထောက်ပံ့ သွား မည် ဟု ကြေငြာ ခဲ့သည်။ ဗြိတိသျှ ထောက်လှမ်းရေး
အဖွဲ့ MI5 သည် လည်း လစ်ဗျား သူပုန်များ ၏ စစ်အောင် နိုင် ရေး အတွက် စတင် ကူညီ နေပြီ ဖြစ်
သည်။
နေတိုး တပ် ဖွဲ့ ဝင်များ က လစ်ဗျား အပေါ် လေကြောင်းတိုက် ခိုက်မှု အရှိန် လျှော့ သွားချိန် တွင်
ကဒါဖီ ၏ သစ္စာခံ တပ် များ က မူ မစ်စရာ တာ မြို့ ရှိ အရပ် သား များ နှင့် ဆေး ရုံများ ကို ဆက်လက်
တိုက် ခိုက် ဆဲ ဖြစ်ကာ ယနေ့  မနက် အစောပိုင်း တွင် ရေနံ ထွက် ရှိရာ ရာ ရပ်(စ) လာနုဖ် နှင့် ဘရီဂါ
မြို့ များ ကို ပြန်လည် ထိန်းချုပ် လိုက်ပြီ ဖြစ်သည်။
လေကြောင်း တိုက်စစ်
အမေရိကန် နှင့် နေတိုးတပ် ဖွဲ့ များ ၏ သုံးရက် ခန့် အရှိန် လျှော့ ချား ထား သည့် လေကြောင်း တိုက်
စစ်ကို ယနေ့ စတင် ရာ AC 130 စစ်သေနတ် နှင့် ၄၀ မီလီမီတာ ၊ ၁၅၀ မီလီမီတာ အမြောက်တင်
လေယာဉ် များ တိုက် လေယာဉ်များက ထရီပိုလီ ရှိ ကဒါဖီ ၏ စစ်ရေး ပြစ်မှတ် များ ကို ပြန်လည် တိုက်
ခိုက် ခဲ့ကြသည်။
လစ်ဗျား ခေါင်းဆောင် ဗိုလ်မှုးကြီး ကဒါဖီ အား အာဖရိက နိုင်ငံ တစ်ခု ဖြစ်သည့် ယူဂန်ဒါ နိုင်ငံ က နိုင်ငံရေး
ခိုလှုံ ခွင့် ပေးမည် ဟု ကမ်းလှမ်းထားသည်။
Related Articles
- Gunships mark change of tactic in Libya air strikes (guardian.co.uk)
- US using low-flying gunships in Libya (sfgate.com)

အားဏာနဲ့မူးလို့ မပြီးသေးတဲ့ ငကြောင် ဓာတ်ကြောင် သန်းရွှေကြီးကတော့ သူုတို့ပေပေ တရုပ်ကြီးမှာ ခုံလှုံခွင့်တောင်းထားတယ် တဲ့။ အိုးတွေ ခြံတွေလည်း ပြုပြင်ပြီးပြီ ဆိုပါတယ်။ သူတို့တသိုက်လုံးစားကြဖို့ မျိုကြဖို့အတွက်လည်း တိုင်းပြည်က သယံဇာတတွေ ကို ထုတုန်း ခြမ်းတုန်းပါပဲ။ ရောင်းတုန်း ယူတုန်းပါပဲ။ သံပရာသီးကြီးလိုပါပဲ အိုလာလေ ဆိုးလာလေပါပဲ။
ဘယ်ကိုပဲပြေးပြး အမှန်တရားကနေရာမရွေး ပြစ်ဒဏ်ပေးနိုင်တယ်ဆိုတာ ဒီငနာသန်းရွှေတယောက်သိဖို.တော.လိုမယ်။ “ပျံလေတဲငှက်ခါး နားမှသိမယ်” ဆိုရိုးရှိပါရောလား။ ဒါဆို ကျွန်တော်က “ပြေးလေအုံးသန်းရွှေ ငရဲပြည်ဟာ သင်.အတွက်လေ” လို.ပြောလိုက်မယ်။ မြန်မြန်ရောက်အောင်သာ သွားပေတော.။