
လစ်ဗျား နှင့် အိုင်ဗရီကိုစ် နိုင်ငံ များ ၏ လူထုအုံကြွမှု များ မှာ ဒီမိုကရေစီ လိုလား သူများ ၏ အုံကြွမှုများမှာ
တော်လှန်ရေး စာမျက် နှာ သစ် ကိုဖွင့် လှစ် လိုက် နိုင် သည် ဟု နိုင်ငံ တကာ မဟာ ဗျူဟာ လေ့လာရေး
ဌာန က သုံး သပ် သည်။
လစ်ဗျား နိုင်ငံ တွင် ပြည်သူလူထု က ကဒါဖီ ကို ဆန့် ကျင်သည့် အကြမ်းမဖက် လှုပ်ရှား မှု များ ကို
လေယာဉ် ဖြင့် ပင် ဗုံးကြဲ တိုက်ခိုက်သောကြောင့် ပြည်သူများ က လက်နက် စွဲ ကိုင် ပြီး တော်လှန်
ကြသလို့  အာဖရိက တိုက် နိုင်ငံ တစ်ခု ဖြစ်သည့် အိုင်ဗရီကိုစ် နိုင်ငံ တွင် အာဏာရှင် သမ္မတ လော့ရင့်
ဂတ်ဘို က ၂၀၁၀ နိုဝင်ဘာ လ ရွေးကောက်ပွဲ တွင် အနိုင် ရရှိခဲ့သည့် အတိုက်အခံ ခေါင်းဆောင် အ
လက်ဆာ ကေတာရာ ကို အာဏာ လွှဲပြောင်း ပေး ခြင်း မပြူ။ ပြည်သူများ က ရွေးကောက်ပွဲ ရလာဒ်
ကို အကောင်အထည် ဖော်ပေး ဖို့ တောင်း ဆိုသည့် အခါ ပစ်သတ် သည် ။
နောက်ဆုံး တွင် ပြည်သူများ က လက်နက် ကိုင် တော်လှန် ကြပြီး ယခု နောက် ဆုံး နိုင်ငံ၏ ၆၀ ရာ
နှုန်း ကျော် ကို သိမ်းပိုက် ခဲ့ပြီး မြို့ တော် အဘစ်ဂျန် ရှိ ဂတ်ဘို ၏ အိမ် ကို ပါ သိမ်း ပိုက် လိုက်ကြသည်။
အိုင်ဗရီ ကိုစ် စစ်တပ် မှာ ဗိုလ်ချုပ်ကြီး ဖီလစ် မန် ဂို မှာ လည်း အဘစ်ဂျန် ရှိ တောင်အာဖရိက သံအမတ်
ကြီး အိမ် သို့  ကျောပိုးအိတ် ကလေး တစ်လုံး ဖြင့် ပြေးဝင် ခိုလှုံ ခဲ့ရသည်။
လစ်ဗျား နိုင်ငံ တွင် ကဒါဖီ ၏ သား ဖြစ်သူ ဆာအိဖ် အစ္စလာမ် ကဒါဖီ ၏ လက်ထောက် ဖြစ်သည့်
မိုဟာမက် အစ္စမေး သည် အင်္ဂလန် နိုင်ငံ သို့  ထပ်မံ ထွက်ပြေး ခိုလှုံပြီး နောက် ထပ် ၁၅ ဦးကလည်း
အီဂျစ် နှင့် တူနီးရှား နိုင်ငံ များ သို့ ထွက် ပြေး ခိုလှုံ ကြသည်။
ယနေ့  နေ တိုး အဖွဲ့ များ က မြို့ တော် ထရီပိုလီ နှင့် ရစ်လာနုဖ် မြို့ များ ကို လေကြောင်း တိုက်
ခိုက်မှု များ ပြုလုပ် ခဲ့ပြီး အမေရိကန် နှင့် ဗြိတိသျှ စစ် သင်္ဘော များ က တိုမာ ဟောခ် ဒုံးကျဉ်
များ ဖြင့် ဆက်လက် တိုက် ခိုက် ခဲ့သည်။
ကဒါဖီ အား သစ္စာ ခံသည့် တပ် များ က ယမန်နေ့ က ၎င်း တို့ သိမ်း ပိုက် ထား သည့် ဘရီဂါ
မြို့ မှ ပြန်လည် ဆုတ် ခွာ နေသည်။


စည်းလုံးမှုမရှိလို့ အခုအချိန်အထိ မရတာပါ… လက်နက်ကိုင်တွေကလည်း သူ့လမ်းသူလျှောက်… ဒီမိုကရေစီကလည်း သူ့လမ်းသူလျှောက်နဲ့တော့ ရဦးမယ် ဒီမိုကရေစီ… လက်နက်ကိုင်နဲ့ ဒီမိုကရေစီပေါင်းဖို့နေနေသာသာ လက်နက်ကိုင်အချင်းချင်းတောင် တစ်ဦးဒုက္ခရောက်နေရင် တစ်ဦးကမသိသလို နေနိုင်သေးတာ… ကျန်တဲ့သူသာဆိုရင်တော့ မပြောနဲ့တော့…
စိတ်မပူကြပါနဲ့… အမေရိကန်ကလည်း လက်နက်တွေထုတ်ပေးဖို့တို့ စစ်အစိုးရကို သူတို့ဦးဆောင်ပြီး တိုက်ပေးဖို့တို့ ဆိုတာမဖြစ်နိုင်ပါဘူး… အမေရိကန်ကိုယ်တိုင်က စားပွဲဝိုင်းမှာထိုင်ပြီး ဒီမိုကရေစီရဖို့ပဲ လုပ်ဆောင်နေတာပါ… ရခဲ့မယ်ဆိုရင်တော့ သူတို့ နာမည်ကြီးမှာပါ… စားပွဲဝိုင်းမှာ ထိုင်ပြီး ဒီမိုကရေစီတောင်းပေးနိုင်လို့… ပြီးတော့ သူတို့ဘက်က ဘာအကုန်အကျမှ မရှိလို့… ထိုင်ပြီးတောင်းလို့မရသေးရင်လည်း သူတို့အတွက် ထိခိုက်နစ်နာစရာ ကုန်ကျစရာမှမရှိတာ… ကြိုးစားနေဆဲလို့ဆိုပြီး ဖြေသိမ့်မှာပါ… ဒါကြောင့် ဒီမိုကရေစီကို အလကားရအောင် အမေရိကန်ကြီး ဦးဆောင်နေပါတယ်… ကျန်တာကတော့ ကိုယ့်လူတို့ဘာသာ တွေးကြည့်ပါ… အဓိကက အဖြစ်မှန်ကို သေချာဆန်းစစ်ပိုင်းခြားနိုင်ဖို့ပါပဲ…
88-ခုနှစ်က အနိုင်ရခဲ့သော NlD ကို အခွင့်ရေးမပေးသော ကတိမတည်သော အနိုင်ယူခဲ့သော နအဖ စစ်အစိုးရ ( ဠင်းတအဖွဲ့) ကို မြန်မာပြည်သူများက …………… ဘယ်လိုလုပ်ရမှာလဲ။ ခွင့်လွတ်ပေးထားကြမှာလား။ ကမ္ဘာ့အလယ်မှာ ဖြစ်နေတဲ့ အာဏာရှင်တွေကို တော်လှန်သလို အရှေ့တောင်အာရှထဲက မြန်မာ စစ်အစိုးရကိုကော သမိုင်းထဲမှာ ချန်ထားခဲ့ကြတော့မှာလား။ ဥပေက္ခာပြုထားကြတော့မှာလား။ ရရာလက်နက်ဆွဲပြီး အခုလောလောဆယ် တိုက်နေတဲ့ လစ်ဗျားလို အိုင်ဗရိကို့စ်တို့လို လုပ်ကြဖို့ အခုချိန်ဟာ အကောင်းဆုံး မဟုတ်ဘူးလား။ သမ္မတအသစ်ကြီးကို အရင်လိုပဲ ထိုင်ပြီး ငေးနေကြရဦးမှာပဲလား ။ UN က စောင့်ကြည့် နေသလို အတိုက်ခံတွေကလည်း စောင့်ပဲ စောင့်ကြည့်နေကြတော့မှာလား။ စောင့်ရင်း သေရမှာလား။ တော်လှန်ရင်း သေကြမှာလား။ သူတို့နှိပ်စက်လို့ သေရမှာလား။ ဘယ်လို လုပ်ကြမလဲ။
မေ့မေ့သား
သူတို့မှာသေနတ်မျိုးစုံကိုပစ်တတ်တယ်.စစ်ပညာလဲနားလည်တယ်.
တို့တွေကျတော့…စားဝတ်နေရေးလဲအရမ်းကိုခက်ခဲတယ်..ပိုက်ဆံရှာရတာလဲမလွယ်ဘူး
ငါတို့ကသူတို့ဘောင်ထဲရောက်နေပြီ..ဘယ်လိုလုပ်ရင်ကောင်းမလဲ..မစဉ်းစားတက်တော့ဘူး
ဘာပဲဖြစ်ဖြစ် မင်းနောက်မှာငါရှိနေတယ်ဆိုတာယုံလိုက်..လိုအပ်ရင်အားလုံးကအဆင်သင့်ဖြစ်နေဖို့လိုတယ်
တို့တွေဘာတွေလုပ်ထားရမယ်ဆိုတာသိတဲ့လူရှိရင်ပြောပြပါဦး..