အမြွှာ နှစ် ယောက် က “သန်းရွှေ မကြာ ခင် ရာထူးက ပြုတ် ပြီး ထောင် နန်း စံရမည်” ဟု ပြော

FNG။     ။ABC ရုပ်သံ မှာ တင်ဆက် ခဲ့ပြီး ၂၄ နာရီ အတွင်း မှာ ပင် အမေရိကန် နိုင်ငံ ဉ် လူကြိုက်များ
ခဲ့သည့် အမြွှာ နှစ် ဦး ၏ ဗီဒီယို တွင်  လမ်းလျှောက် တတ် ခါ စ အမြွှာ နှစ် ဦးက “မြန်မာ ပြည်
မှ ရုပ်ဆိုးပြီး အသားမည်း သည့် ကျောက်ဆည်သား ဗိုလ်ချုပ်မှုးကြီး သန်းရွှေသည် မကြာခင်
ရာထူး မှ ဖြုတ်ချပြီး ထောင် နန်း စံ ရမည် ကို ” ဟု  တစ် ဦး ကို တစ်ဦး ပြောကြား နေသည် ဟု
မြောက် ကာရို လိုင်း နား တက္ကသိုလ် ဘာသာစကား ရင်းမြစ် ဌာန (အမြွှာ ဘာသာ စကား လေ့
လာသူ ) ပါမောက္ခ ခေါဇ် ကာနာဟာရာ က Freedom News Group သို့ ပြောသည်။

 

ကလေး နှစ် ယောက် မပီကလာ၊ ပြောဆိုနေကြသည် သည့် ဗီဒီယိုကို ABC ရုပ်သံ လိုင်းခွဲ ၎
၏ Good Morning America အစီအစဉ် မှ မတ်လ ၂၉ ရက်နေ့  တွင် တင်ဆက် ခဲ့ရာ အလွန်
လူကြိုက်များသည်။

အမြွှာ ကလေး နှစ်ယောက် ၏ ပြောဆိုချက် ကို ဖေ့ဘွတ် ရှိ မြန်မာ စာမျက်နှာ တွင် ၀င်ရောက် ဆွေး နွေးနိုင်သည်။

အဆိုပါ ဗီဒီယို တွင် McEntee ၏ သား နှစ်ဦး ဖြစ် သည့် ဆမ် နှင့် ရန် တို့ ၏ စကားပြော ဆက်
သွယ်မှု ကို ဘာသာ ပြန် ကြရာ တွင် “လစ်ဗျား သူပုန် များ ကာတာ ကို ရေနံစိမ်း မှောင် ခို ထုတ်
ရောင်း ၍ နေတိုး က စိတ်ကောက် ပြီး ဆက် မတိုက် တော့ ဟု ဘာသာ ပြန်ကြသလို ၊ ဂျပန် နိုင်
ငံ ၏ ညူကလီ ယား ဓာတ်သတ္တိ ကြွှမှု နှင့် လစ်ဗျား ခေါင်းဆောင် ကဒါဖီက ညူကလီယား
လက်နက် ထုတ်သုံးမှု ကြောင့် ၂၀၁၂ တွင် ကမ္ဘာပျက် မည် ဟု လည်း သူတို့ ပြောကြားခဲ့ကြောင်း
ဘာသာဗေဒ နားလည်သူ တို့ က ပြန်လည် ပြောဆိုကြသည်။

Talking Point Memo တွင်ဘာသာပြန်ထား သူ တစ်ဦး က အမေရိကန် ကာကွယ်ရေး ဦး
စီးချုပ် မိုက်မူလန် သည် အယ်(လ) ကာယီဒါး တိုက်ခိုက်ရေး သမား များ လစ်ဗျား သူပုန်များ
တွင် ပါနေသည် ကို သံသယ  ရှိကာ ဆက်မတိုက် ချင် တော့ သောကြောင့် သဲမုန် တိုင်း ထက
ပစ်မှတ် များ ကို ကောင်းစွာ မမြင်ကြရ ဟု ဆင်ပြေ ပေး သည် ကို ဆိုသည်။

အမြွှာ နှစ် ဦး၏ စကားပြော ဆိုမှု တက္ကသိုလ် ကို အီလီနွိုက် တက္ကသိုလ် (ချီကာဂို) ရှိ
အမြွှာ များ ၏ ဆက်သွယ်မှု လေ့လာ သူ တစ်ဦး က ပြန်ဆိုရာ တွင် မူ ကဒါဖီ သည်
ထွက်ပြေး ရင်း သဲကန္တာ ရ အတွင်း ဉ် သေဆုံး မည် ဟု ဆိုကာ အိုဘားမား သည်
နောက် သက်တမ်း အတွက်  သမ္မတ ဆက်လက် အရွေး ခံရမည် ဟု ဆိုသည်။

အမြွာ နှစ် ယောက် စကား ပြောသည့် အသံ မှာ အမေရိကန် တွင် လူကြိုက် များ လှသည့်
မိုဘိုင်း လက်ကိုင်ဖုန်း ခေါ် ဆိုသံ Ring Tone လည်း ဖြစ်နေသည်။

အမြွာ နှစ် ဦး က သန်းရွှေ သည် ထောင် ထဲ တွင် အချုပ် ဖြင့် တစ်နှစ်ခန့် နေထိုင်ရပြီး သေ
ဒဏ် အမိန့် ချခံ ရ ပြီး တစ်ပတ် အကြာတွင် အိပ်မပျော် ၊ စား မ၀င် ဖြစ်ကာ သေဆုံး မည်
ဟု ပြောကြား ခဲ့သည်။ ဒေါ်ကြိုင် ကြိုင် သည် လည်း ထောင်ဒဏ် ၁၀၈ နှစ် အပြစ်ပေး ခံရ
မည် ဟု အမြွှာ နှစ် ဦး က ထည့် သွင်း ပြောကြား သွားသည်။



ABC ရုပ်သံ မှ မူရင်း တင်ဆက်မှု

Twin Secret Language,  ABC, Viral

7 thoughts on “အမြွှာ နှစ် ယောက် က “သန်းရွှေ မကြာ ခင် ရာထူးက ပြုတ် ပြီး ထောင် နန်း စံရမည်” ဟု ပြော

  1. joker..
    မင်းလဲဂရုစိုက်နေအုန်းနော်…တော်ကြာအမေရိကန်က မင့်ကို ဖင်လာချအုန်းမယ်..စေတနာနဲ့ပြောတာပါ..
    ညညအိပ်ရင်လဲ ဖင်ပိတ်ပြီးအိပ်အုန်း..နော်…ဟိုကောင်တွေကလျှင်တယ်.ဒုတ်ကြီးတယ်.မင်းဘယ်မှာရှိတယ်
    အိပ်နေတယ်ဆိုတာသိတယ်..လှျော့မတွက်နဲ့နော်…ဘော်ဘော်ချင်းမို့အသိပေးတာ..

  2. ကဒါဖီက ညူကလီးယား လက်နက်သုံးတာမသုံးတာထက် သူများနိုင်ငံကို မတရားကျူါ်ကျော်ချင်တဲ့ အမေရိကန်မှာ များစွာတာဝန်ရှိတယ်။
    မတရားစွပ်စွဲ ၊ ကျူးကျော် ၊ ဗိုလ်ကျ ဒါတွေကိုလဲ ထောက်ခံနေကြတာ အံ့သြစရာပဲဗျ။
    ကျုပ်ကတော့ အမေရိကန်ရဲ့ လက်ရှိလုပ်ရပ်ကို များစွာကန့်ကွက်တယ်ဗျာ ။ ။

    1. မောင်ဂျိုကား ရေ့  သူများတွေကျူးကျော်တာ မကျော်တာထက် မင်း နှမ၊ အမ လယ်ကွက်လေးတွေကို မင်းအထက်ကလူ ထယ်ဝင်ထိုး မသွားအောင်သာ ဂရုစိုက်ပါ ညီလေးရာ မင်းမကျေနပ်ရင် သတ္တိရှိရင် အမေရိကန်သံရုံးရှေ့မှာ ဆန္ဒသွားပြလို့ရပါတယ်ကွာ(ငါးမင်းဆွေလိုပေါ့) မတရားမှုကိုကန့်ကွက်တဲ့လူဆိုပြီး မင်းလုပ်ရပ်ကို လူတွေကအားပေးကြမှာပါ

  3. ဒီကလေးတွေက တော်တော်လေး အသိဥာဏ် ရှိတာပဲနော် ဒီအရွယ်လေးနဲ့  ကမ္ဘာမှာ ရှိတဲ့  အကြီးအကဲတွေနဲ့  ဖြစ်ပျက်နေတာတွေကို တော်တော်လေး သိတာပဲ…..

  4. ဟား ဟား… ဟုတ် တယ် ဒါ ပေ မယ့် ကြား ရ တာ စိတ် ချမ်း သာ သ လို ဘဲ…

Comments are closed.