ကုန်ကျစရိတ် များ ကြောင့် မဏ္ဍပ် ထိုင်ခ ဈေးတက်

Last Year Calamity : Revellers in Dilemma

နာမည်ကျော် X20 မဏ္ဍပ်

နေမျိုးဦး၊         မြန်မာ နှစ်သစ် ကူး အတာသင်္ကြန် ပွဲတော် တွင်  ရေပက် ကစားကြမည့် မဏ္ဍပ် များ က ပွဲတော်
အစ အဆုံး တစ်ဦး လျှင် အနည်း ဆုံး မြန်မာ ကျပ်ငွေ ၄၅၀၀၀ ကျသင့် သည် ဟု ရန်ကုန် နှင့်
မန္တလေး ရှိ သင်္ကြန်  မဏ္ဍပ် များဈေးနှင့် ပတ်သက်ပြီး  Freedom News Group က သတင်း
ရရှိသည်။

ယခင် နှစ် သင်္ကြန် က ရန်ကုန် မြို့ ကန်တော်ကြီး ကန် ပတ်လမ်း နှစ်သစ် ကူးကာလ
ဗုံးပေါက်ကွဲ မှု ဖြစ်ပွားခဲ့ ပြီး လူလေးဆယ် ကျော် သေဆုံး ပြီး ၁၀၀ ကျော် ဒဏ်ရာ ရရှိခဲ့ခြင်း
ကြောင့် ယခု နှစ် တွင် သင်္ကြန် မဏ္ဍပ် များ အနေဖြင့် လုံခြုံရေး ကင်မရာ များ တပ်ဆင်ခြင်း၊
လုံခြုံရေး အဖွဲ့ များ နှင့် ပစ္စည်း ငှာရမ်းရခြင်း ကြောင့် မဏ္ဍပ် ဈေးများ တက်ခြင်း ဖြစ်သည်
ဟု မဏ္ဍပ် စီစဥည် တစ်ဦး ကပြောသည်။

ရန်ကုန် မြို့ တွင် မဏ္ဍပ် ဈေးနှုန်းများ မြင့်မား နေသော လည်း  ရန်ကုန် မြို့ နေသူအချို့ လည်ပတ်
ဖို့  စိတ် မ၀င်စား ကြဟု သိရသည်။

ယခု နှစ် သင်္ကြန် မှာ တရား စခန်း ၀င် လို သူတွေ ပို များ လာ ပြီး စက်သုံး ဆီ ဈေးနှုန်း
မြင့်မား နေခြင်း ကြာင့် မော်တော် ကား ဖြင့် လည်ပတ် မည့်သူ များ လည်း ယခင် နှစ်
ကလောက် မများ ဟု သတင်းရရှိသည်။

နှစ်စဉ် သင်္ကြန် မဏ္ဍပ် ပြုလုပ် စီစဉ် သူများ ကလည်း ယခုနှစ် တွင် ထုတ် ပြန်ထား
သည့် CCTV နှင့် ဗုံးရှာကိရိယာ များ အပြင် လုံခြုံရေး ကိရိယာ များ နှင့် ၀န်ထမ်း
များ ပါ ငှားရမ်း ရမယ် ဆိုသောကြောင့် မဏ္ဍပ် စီစဉ်  သူများလည်း  နည်းသွားသည်။

ယခု နှစ် တွင် ရန်ကုန် မြို့  ကန်တော်ကြီး ကန်ပတ် လမ်း ဉ် မဏ္ဍပ် စီစဉ် သူ တစ်ဦးက
” မဏ္ဍပ် မထိုင်တော့ ဘူး ဆို တဲ့ သူ လည်း ရှိတယ်။ ထိုင် မယ် ဆိုတဲ့ သူလည်း ရှိတယ်။
ကျွန်တော် တို့  မဏ္ဍပ် ကတော့ လက်မှတ် ရောင်းကောင်း တယ် “ဟု ဆိုသည်။

မဏ္ဍပ် စီစဉ် သူများ သည့် သက်ဆိုင် မြို့ နယ် အုပ် ချုပ် ရေးမှုး ၏ ခွင့်ပြုချက်၊ စည်ပင်
နှင် မြို့ နယ် ရဲတပ် ဖွဲ့ ၏ လုံခြုံရေး ဆိုင်ရာခွင့် ပြုချက် များ သိန်း ၂၀ ခန့် ကုန်ကျသည်
ဟု သတင်း ရရှိသည်။

ယခုနှစ် တွင် သင်္ကြန် မဏ္ဍပ် အများ စု ကို အာဏာပိုင် မိသား စု များ နှင့် နီးစပ် သူများ
ကစီစဉ် ကြသည်။

Myanmar, New Year Water Festival