နေမျိုးဦး၊ ၊နှစ်သစ်ကူး သင်္ကြန် ကာလ နည်း ကပ် လာသည် နှင့် အမျှ အဝေးပြေး မော်တော်
ကား လိုင်းများ တွင် ခရီးသည် များ ၏ ယာဉ်စီး ခနှုန်း မြင့် တက် လာသည်။ စက်သုံး ဆီ ဈေးနှုန်း
များ မြင့် တက် ခြင်း ကြောင့် ယခင်နှစ် များ ကထက် ယာဉ် စီး ခနှုန်း မြင့် တက် လာလည် ဟု
ရန်ကုန် မြို့ အောင်မင်္ဂလာ အဝေးပြေး ဂိတ် ရှိခရီးသွား ပို့ ဆောင် ရေး လုပ်ငန်း တစ်ခု က
Freedom News Group သို့ ပြောသည်။
ရန်ကုန် – မန္တလေး ယာဉ်စီး ခနှုန်း များ မှာ ၁၂၀၀၀ ကျပ် ကျသင့်ပြီး ၊ ရန်ကုန် နေပြည်တော် ယာဉ်စီး
ခ ဈေးနှုန်း မှာ ကျပ် ၆၀၀၀ ခန့် ကျသင့်သည် ဟု သိရသည်။ ယခုနှစ် သင်္ကြန် တွင် မော်တော်ကား စီး
လုံး ငှား ပြီး လည်သူများ ရှိသကဲ့ သို့  ကမ်းရိုးတန်း သွား အမြန် သင်္ဘော များ ဖြင့် ကော့သောင် ၊ ရနောင်
နှင့် ဖူးခက် ကမ်းခြေ များ သို့ ပို့ ဆောင်ပေး သည့် ၀န်ဆောင်မှု များ လည်း ရှိသည်။
အဝေး ပြေး ယာဉ် စီး ခ ကဲ့ သို့ ပင်ပြည်တွင်း ရေကြောင်း မှ မဟုတ်သည့် ကုန်တင် ရေယာဉ် ၀န်ဆောင်
မှု ဈေး များ မှာ လည်း မြင့်တက် လျှက် ရှိသည်။ ဧရာ ၀တီ တိုင်း မအူပင်မြို့  နှင့် ရန်ကုန် မြို့ ကို ဆန် အိတ်
၁၀၀ စာ တင်ပို့ မှု အတွက် ကျပ် ယခင်က ၈၀ ၀၀၀ ခန့် ကျသင့်ရာ မှ ယခု ၁၀၀ ၀၀၀ ကျော် မြင့် တက်သွား
သည်။
ပြီး ခဲ့သည့် နှစ်သစ် ကူးကာလက ရန်ကုန် မြို့ တွင် ဗုံးပေါက်ကွဲမှု ကြောင့် သင်္ကြန်ကာလ ပျော်ပါးမည့် သူအချို့ 
မှာ ရန်ကုန် မြို့ တွင်း လည်ပတ်မှု ကို ရှောင်ပြီး နယ် မြို့ များ သို့  ခရီး ထွက်ကြသည်။ ယခင် နှစ်က ထိုင်းနယ်စပ်
မယ်ဆိုင် သင်္ကြန် သို့ စင်းလုံးငှား မော်တော်ကားများ ဖြင့် ပို့ ဆောင် သော ၀န်ဆောင်မှု သည် ပြီးခဲ့သည့် လက
အင်အား ပြင်း ငလျှင်လှုပ် ခတ် သွား ခဲ့သည့် အတွက် ရှမ်းပြည် နယ် တာချီလိတ် နှင့် ကျိုင်း တုံ မြို့ များ
သို့ ပြေး ဆွဲ ခြင်း မရှိတော့ ဟု သိရသည်။
ရန်ကုန် မြို့ ရှိ အဝေးပြေး မော်တော်ယာဉ် လိုင်း ပြေး ဆွဲ သူ တစ်ဦးက “မနှစ်က မဲဆောက် သင်္ကြန် ဆိုပြီး
ဆွဲ တယ် ၊ ဒီနှစ် လမ်း ကြောင်း မကောင်း တာနဲ့  မဆွဲတော့ ဘူး” ဟု FNG သို့ ပြောသည်။
မန္တလေး-မုံရွာ နှင့် မန္တလေး တောင်ကြီး ယာဉ်စီး ခဈေးနှုန်းများ မှာ နှစ်ဆ မြင့် တက် သည် ဟု သတင်း ရရှိသည်။
ရေနံ ထွက် ရှိရာ အာရပ် နိုင်ငံများ တွင် မငြိမ်သက်မှု များ ကြောင့် မြန်မာ နိုင်ငံ နယ်မြို့ အချို့ တွင် ဓာတ်ဆီ
တစ်ဂါလံ ၅၀၀၀ ကျပ် အထိ ဈေးမြင့် တက်လျှက် ရှိပြီး ဒီဇယ်ဈေး မှာ အချို့ နေရာများ တွင် ၈၀၀၀ ကျပ် အထိ
ဈေး မြင့်တက် လျှက် ရှိသည်။ သင်္ကြန် ကာလ အတွင်း စက်သုံး ဆီ ဈေးနှုန်းများ ပို မို မြင့် တက် နိုင်သည်
ဟု သိရသည်။

ဈေးနှုန်းတက်နေတာကလည်း မြန်မာတစ်ခုတည်း မဟုတ်ပါဘူး… အမေရိကန်မှာလည်း တက်နေပါတယ်… နိုင်ငံတကာ အတော်များများမှာကို တက်နေတာပါ… ကုန်ကြမ်းကိုယ်တိုင်က ဈေးတက်တဲ့အတွက် ကုန်ချောတို့ ၀န်ဆောင်မှုတို့ပါ လိုက်ပြီး ဈေးတက်တာပါ…