Latest : ကုလသမဂ္ဂနှင့် ပြင်သစ် ရဟတ်ယဉ် များ ကလေကြောင်း တိုက် ခိုက် မှု အပြီး သမ္မတ
လော့ ရင့် ဂက်ဘို ၏ သမ္မတ နန်း တော် ကို သိမ်းယူ လိုက် ကာ လော့ရင့် ဂတ် ဘို့ လည်း
ပျောက်ဆုံးနေသည်။

အာဖရိက တိုက် အနောက်ဘက်ကမ်းခြေ အိုင်ဗရီကိုစ် မြို့ တော် အဘစ်ဂျန် တွင် သမ္မတ
လောရင့် ဘက်ဘို အား သစ္စာ ခံသည့် တပ် များ အား တိုက် ခိုက် နေသည့် ရွေးကောက်
ပွဲ အနိုင်ရ သမ္မတ ကို ထောက်ခံ သည့် အင်အားစု ဘက်မှ ကုလ သမဂ္ဂတပ် များ က စတင်
ဝင်ရောက် တိုက် ခိုက် နေပြီ ဟု AP သတင်း တွင် ဖော်ပြထားသည်။
မြို့ တော် တွင် တပ်ဆွဲထားသည့် ကုလ ငြိမ်းချမ်းရေး ထိန်း သိမ်းရေး တပ်ဖွဲ့ ဝင်များ က
ဟယ်လီကော်ပတာ များ များ ဖြင့် လော့ရင် ဘက်ဘို၏ တပ်များ ကို ၀င်ရောက် တိုက်
ခိုက်ခြင်း ဖြစ်သည်။
ယမန်နေ့ က ပြင်သစ်တပ်ဖွဲ့ ဝင်များ က နိုင်ငံ တကာ တပ် များ ၀င်ရောက် လျှင် အဆင်ပြေ
နိုင်ရန် အတွက် အဘစ်ဂျန် လေဆိပ် ကို သိမ်းယူ လိုက်ပြီ ဖြစ်သည်။
ပြီးခဲ့သည့် နှစ် နိုဝင်ဘာလ က အနိုင်ရရှိခဲ့သည့် သမ္မတ အလက်ဆန် ၀တ်တာရာ ကို အာဏာ
လွှဲပြောင်း ပေးခြင်း မပြု သည် မှ စ၍ လူထု အုံကြွမှု စတင် ပေါ်ပေါက်ပြီး ယခု နှစ် ဆန်းပိုင်း
တွင် ဂီနီ နယ်စပ် ရှိ တိုဘာ မြို့ှမှ စစ်သား များ ဆန္ဒပြသူများ နှင့် ပူးပေါင်း ခဲ့ ရာမှ စ၍ လက်
နက် ကိုင် လှုပ်ရှား မှု စတင် ခဲ့ခြင်း ဖြစ်သည်။
မြို့ တော်၏ ထက်ဝက် ခန့် ကို သိမ်းယူခဲ့သည့် ၀က်တာရာ လိုလား သည့် တပ်များ က မကြာခင်
လော့ရင် ဘက်ဘိုက် တိုင်း ပြည်မှ မောင်းထုတ် နိုင်တော့ မည် ဟု Al Jazeera သတင်းဌာန
ကိုပြောသည်။
နောက် ဆုံး ရရှိသည့် သတင်းများ အရ ပြင်သစ် တပ်များ၏ Mig 24 ဟယ်လီ ကော်ပတာ များ
က ဘက်ဘို တပ် စခန်း များ ရှိ ရာ နေရာများ ကို လေကြောင်း မှ အပြင်းအထန် တိုက် ခိုက်နေပြီ
ဖြစ်သည်။
ကုလ သမဂ္ဂ အထွေထွေ အတွင်း ရေးမှုးချုပ် က တောင်းဆိုမှု ကြောင့် ပြင်သစ် တပ်များ က ၀င်
ရောက် တိုက် ခိုက်ရခြင်း ဖြစ်သည်။ ကိုလိုနီ ဟောင်း အိုင်ဗရီ ကိုစ် တွင် ပြင်သစ် တပ်အင်အား
၁၅၀၀ ကျော် တပ်ဆွဲ ထားသည်။
ဘက်ဘို ၏ သစ္စာ ခံ တပ်များ၏ ပစ်ခတ်မှု ကြောင့် ပြည်သူ တစ်ထောင် ကျော် အသက်ဆုံးရှုံး
ခဲ့ပြီး ဖြစ်သည်။
အင်္ဂလန် ချယ်ဆီး အသင်းမှ ဘောလုံး အကျော်အမော် ဒရော်ဘာ က သူပုန် တပ်များ ကို ထောက်
ခံကြောင်း ယနေ့ ကြေငြာချက် ထုတ် ပြန် ခဲ့သည်။
Ivory Cost ,UN Involve

