ထိုင်း အစိုးရ ၎င်း ၏ နိုင်ငံ တွင်း ရှိ မြန်မာ ဒုက္ခသည် များ ဆက်လက် ထား ရှိ လို တော့ ခြင်း မရှိ
တော့ ဟု ယနေ့ ထုတ်ဖော် ပြောကြားလိုက်သည်။ ထိုင်း – မြန်မာ နယ်စပ် တွင် ဒုက္ခသည် စခန်း
၉ ခု ထက် မနည်းရှိပြီး ၁၄၅ ၀၀၀ ကျော် နေထိုင်ကြသည်။
၁၉၈၀ ပြည့် လွန် နှစ် များ တွင် နယ်စပ် တိုက် ပွဲ များ ကြောင့် ဒုက္ခသည် စခန်းများ ကို စတင် တည်
ထောင် ခဲ့ရသည်။ ထိုင်း အစိုးရက စခန်း တွင်းသာ မက မြို့ ပေါ် နေ ဒုက္ခသည် များ နှင့် နိုင်ငံ ရေး
ခိုလှုံ သူများ ကို လည်း အလို မရှိ တော့ ဟု ပြောသည်။

င်္Fact ကိုပြောရရင်တော့
၁။ မနေ့ က မြန်မာနိုင်ငံခြားရေးဝန်ကြီးလာတွေ့ တယ်။
၂။ ထိုင်း အမျိုးသားလုံခြုံရေးကောင်စီက ဒုက္ခသည်ကိစ္စကို အရေးပေါ် စည်းဝေးတယ်။
၃။ သတင်းထောက်တွေက တစွန်းတစကြားလာတာတွေကို Bacground , context တွေနဲ့ ပေါင်းစပ်ပြီး ခြေဆင်း သတင်းလုပ်တယ်။
၎။ သက်ဆိုင်ရာအာဏာပိုင်တွေက အတိအလင်း အတိအကျထုတ်ပြန်ကျေညာတာကိုတော့ မတွေ့ သေးပါ။
၅။ ၅။ ထိုင်းဟာ ဒုက္ခသည်ဆိုင်ရာ လူ့ အခွင့်အရေးမှာ စာချုပ်ထားတာမဟုတ်တဲ့ အတွက် အချိန်မရွေးပြန်ပိုခွင့်ရှိနေတယ်။
ဖြစ်နိုင်ခြေ အထင်ကိုပြောရရင်..
၁။ ဒုက္ခသည်တွေကို အတင်းပြန်ပို့ လိုက်ရင် ရုပ်ပျက်ဆင်းပျက်ကိစ္စတွေဖြစ်လာနိုင်တယ်
၂။ ဒီလိုမဖြစ်အောင်ရှောင်နိုင်တဲ့ လမ်းက ဒုက္ခသည်တွေကို ရွှေ့ပြောင်းလုပ်သားအဖြစ်ပြောင်းလိုက်တာဖြစ်တယ်။
၃။ တချို့ တော့ ပြန်သွားမှာဖြစ်တယ်။
၎။ ဒုက္ခသည်ရှိနေရာကနေရတဲ့ အကျိုးစီးပွားဟာ နယ်စပ်တလျှောက်ဒုက္ခသည်မရှိတော့လို့ ရလာနိုင်တဲ့ အကျိုးစီးပွားရဲ့ ၁၀ ပုံတပုံမရှိဘူးလို့ အကြမ်းတွက်ချက်နိုင်တယ်။
၅။ ဒုက္ခသည်လက်ခံထားတာက မကောင်းတတ်တဲ့အခြေအနေတွေကြောင့်ဖြစ်ပြီး မြန်မာအမျိုးသားအစိုးရသာဆိုရင် နိုင်ငံတော်ရပ်ရွာဒေသလုံခြုံရေး အချုပ်အခြာအာဏာထိပါးမှု ကာကွယ်ရေး ဥပဒေတွေနဲ့ လုံးဝကိုလက်ခံမှာမဟုတ်ဘူးလို့ ထင်ပါတယ်
မြန်မာနိုင်ငံသား ဒုက်ခသည်တွေကို ထိုင်းအစိုးရအနေနဲ့ ပြန်ပို့မယ်ဆိုတာ ဖြစ်နိုင်ခြေများပါတယ်။ (၁) မြန်မာ-ထိုင်းစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လာတာ (၂) ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေ မြန်မာနိုင်ငံမှာအစိုးရသစ် တရပ်ပေါ် ပေါက်လာတာ။ (၃) ဒုက်ခသည်ဆိုသူတွေဟာ အစစ်အမှန်မဟုတ်ကြတာ။ စီးပွားရေးသမားတွေ အချောင်သမားတွေများနေတာကြောင့် ထိုင်းအစိုးရက ပြန်ပို့ချင်နေတာပါ။ အစစ်အမှန် စစ်ပြေးတွေနဲ့ နိုင်ငံရေး။ တော်လှန်ရေးသမားတွေက မြေဇာပင်ဖြစ်ရတာပါ၊
ဒီလိုသတင်းက ခဏခဏ ထွက်ပါတယ်။ ဒီဒုက္ခသယ်စခန်းကို ဗိုလ်ထိန်မောင်တို့ နအဖ ဖင်လျှက်နေတဲ့ အချိန်ကဆို ဖျက်သိမ်းဖို့အတွက် အာဏာရူးး ခရစ်ယာန် အယောက်ဆောင် ဘုန်းကြီး တိမသေ ကိုယ်တိုင်ပြောခဲ့ဘူးပါတယ်။ ရှင်းရှင်းပြောရမယ်ဆိုရင်တော့ အိမ်ရှင်အိမ်ငှါးတွေလို အိမ်လခ ပိုတောင်းခြင်လို့ ထိုင်းဖက်က ပြောတာပါ။ နောက်ဆုံးတော့လည်း ယူအန်နဲ့ သူ့အဖေ အမေရိကန်က လက်ခံထားလိုက်ပါဆိုရင် အမှီးပြန်ကုပ်သွားလိမ့်မယ်။
ဒီခေါင်းစဉ်နဲ့တော့မဆိုင်ပါဘူးဗျာ…
ပေါက်ကွဲလွန်းလို့ဝင်ရေးတာပါ မှားရင်လည်းတောင်ပန်ပါတယ်ဗျာ…..
ကျနော်တို့ရန်ကုန်တိုင်း၊ကျောက်တံတားမြို့နယ်ကစည်ပင် ရဲတွေအကြောင်းပေါ့ဗျာ သင်္ကြန်တွင်သူတို့ စားသောက်ဖို့အတွက် အကြောင်းပြ ပီး လိုင်စင်ရ..သူတောင်းစားယူနီဖောင်းတွေဝတ်ပီး တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် အနဲဆုံး ၂၀၀၀ကျပ် ဆိုပီလိုက်တောင်းနေတယ်ဗျာ…မြို့တော်ဝန်ရေ …ဘာလုပ်နေလဲ က
လုံခြုံရာ ခိုခွင့်မရတော့…
ကိုယ့်အိမ်သာ လှမ်းခဲ့ အသော့…
တော်လှန်ကာ ဖြို ကြတာပေါ့…
ဒီပြည်သာ ကြုံရမှာ တစ်ကြော့….
ဒုက္ခသည်တွေအတွက် ကူညီထောက်ပံ့မှုတွေအများကြီးလျှော့လိုက်တော့ ထိုင်းအစိုးရအတွက်ဝင်ငွေနဲသွားပြီလေ ထိုင်းအစိုးရက ပိုက်ဆံဆိုအားကြီးကြိုက်တာ မယုံရင် အခုဘဲ မြန်မာဒုက္ခသည်တွေကိုပြန်မပို့ပါနဲ့ နောက်ထပ်အကူအညီအထောက်အပံ့ပြန်ပေးပါမယ်လို့ပြောလိုက် ထိုင်းအစိုးရက နောက်လာမယ်ဆိုရင်လည်း အများကြီးလာခဲ့ပါလို့ပြောမှာ ဒုက္ခသည်တွေဆီက နိုင်ငံခြားငွေဘယ်လောက်ရတယ်ဆိုတာကို တရားဝင်ထုပ်မပြရဲတာကိုက သက်သေဖြစ်နေပါတယ် ဘာမှမဟုတ်ပါဘူး ထိုင်းအစိုးရက မြန်မာဒုက္ခသည်တွေကိုပြန်ပေးဆွဲသလို နိုင်ငံတကာမှာတောင်းစားချင်လို့ပါ