
FNG၊ ၊၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး ကာလအတွင်း ပြည်သူလူထု အုံကြွမှု ကို ဖြိုခွဲ နှိမ်နှင်း ခဲ့
သူ တစ်ဦး အဖြစ် လူသိများ သည့် ရန်ကုန်မြို့ တော်ဝန် ဗိုလ်မှုး ချုပ် ဟောင်း အောင်သိန်းလင်းသည်
ယနေ့  နိုင်ငံတော် သမ္မတ ဦးသိန်းစိန် မှ လက်မှတ်ထိုး ပြီး ထုတ် ပြန်သည့် စာရင်း တွင် ရန်ကုန်
မြို့ တော် ၀န် အဖြစ်မှ ချန် လှပ် ခံထား ရသည် ကို တွေ့ ရသည်။
၂၀၀၄ ခုနှစ် မှ စ၍ ရန်ကုန် မြို့ တော်ဝန် အဖြစ် တာဝန် ထမ်းဆောင် ဖို့  စစ်အစိုးရ က ခန့် အပ်ခဲ့သည့်
ဗိုလ်မှုးချုပ် အောင်သိန်းလင်း သည် မြို့ တော် ၀န် အဖြစ် ခြောက်နှစ် ကျော်ကြာ တာဝန်ထမ်းဆောင်မှု ကို
အဆုံးသတ် သွား ပြီ ဖြစ်သည်။
မြို့ တော်ဝန် ဗိုလ်မှုးကြီး ကိုလေး ကို ရာထူးက ဖယ်ရှားပြီး နောက် ဗိုလ်မှုးချုပ် အောင်သိန်း
လင်းဟာ မြို့ တော်ဝန် အဖြစ်တာ ၀န် ထမ်းဆောင် ခဲ့ရခြင်း ဖြစ်သည်။
မြို့ တော်ဝန် ဦးအောင်သိန်းလင်းသည် စရိုက်ကြမ်း သည့် သူ တစ်ဦး ဖြစ်ခြင်း ကြောင့် ရန်ကုန် မြို့ တော်
စည်ပင်သာယာရေးကော်မတီ ၀န်ထမ်း များ နှင့် ဈေးသူ၊ဈေးသား များ က ရွံ့မုန်းကြသည်။
ရန်ကုန် မြို့ တော် ၀န် အဖြစ် ဂျပန် သံအမတ် ကြီး အဖြစ် တာဝန်ထမ်းဆောင် ခဲ့တဲ့
နိုင်ငံ ခြားရေး ၀န်ကြီးဌာန က ဗိုလ်မှုးချုပ် လှမြင့် က လွှဲပြောင်းတာဝန် ယူပြီ ဖြစ်သည်။
မြို့ တော်ဝန် ဦးအောင်သိန်းလင်း သည် ကြံ့ဖွတ် ပါတီ သတင်းစာရှင်းလင်း ပွဲဉ်
သတင်းထောက်များ ကို ရိုင်းရိုင်း စိုင်းစိုင်း ဆက်ဆံ ခဲ့ ပုံ မှာ နာမည် ဆိုး နှင့် ကျော်ကြား
သည့် ကြံ့ဖွတ် ပါတီ ကို ပင် အရှက် ရစေ သည် ဟု အဆိုပါ ပါတီ မှ ခေါင်းဆောင် တစ်ဦးက
FNG သို့ ပြောသည်။
ရန်ကုန် မြို့ တော် ၀န် ရာထူး မှ ရပ် နား ခံရ သော်လည်း စာနယ်ဇင်း ဆရာ များ နှင့် ဆက်
ဆံရေး အဆင် ပြေသည့် မန္တလေး မြို့ တော်ဝန် ဗိုလ်မှုးချုပ် ဟောင်း ဦးဖုန်ဇော် ဟန် က မူ
မူလ တာဝန် များ ကို ဆက်လက် တာဝန် ထမ်း ဆောင်ရန် ဦးသိန်းစိန် ၏ ပြန်လည် နေရာ
ချထား ပေးခြင်း ကို ခံရသည်။
မြို့ တော်ဝန် ဦးအောင်သိန်း လင်း သည် ရွေးကောက်ပွဲ အနိုင်ရသည့် နေ့ မှာ ပင် သူ့ အား မ
ကျေနပ် သူများ က ကမ္ဘာအေးဘုရား လမ်းရှိ သူ၏ နေအိမ် ကို မစင် ထုပ်(ချီးထုပ်) များ ဖြင့် ပေါက်
ခဲ့ကြသည်။

အားလုံးအတူတူ နဲ့ အနူနူပါဘဲ၊ အလှည့် ကျစနစ်ပေါ့ ၊ ဂျပန်ပြန်ကြီးကရော မြို့ တော်ကြီးအတွက် ဘာတွေဆောင်ရွက်ပေးမလဲ
စည်ပင်နဲ့  ပတ်သက်ပြီး ပြောချင်ပါသေးတယ်ဗျို့ …ထောက်ကြန့် မြို့  စည်ပင်သာရေးရုံးက ဦးသန်းစိုးကလည်း သူ့ လက်အောက်ခံရက်ကွက်က အိမ်တွေကို ခြံစည်းရိုးခတ်ရင် တစ်သိန်းတောင်းပါတယ်တဲ့…အဲဒီလူရဲ့  ဖုန်းနံပါတ်ကတော့ ၀၁၇၃၁၀၁၄၆၂ ပါတဲ့… သူ့ ရဲ့ မျက်နှာမှာတော့ ထင်ရှားတဲ့ မှဲ့ နက်တစ်လုံးပါပါတယ်….ပိုက်ဆံ တစ်သိန်းပေးချင်တဲ့သူရှိရင် ဆက်သွယ်လိုက်ပါတဲ့..
မြို့ တော်ဝန် ဦးအောင်သိန်း လင်း သည် ရွေးကောက်ပွဲ အနိုင်ရသည့် နေ့ မှာ ပင် သူ့ အား မ
ကျေနပ် သူများ က ကမ္ဘာအေးဘုရား လမ်းရှိ သူ၏ နေအိမ် ကို မစင် ထုပ်(ချီးထုပ်) များ ဖြင့် ပေါက်
ခဲ့ကြသည်။ ………………
ဘယ်ကလာ … လူကြီးမင်းအောင်သိန်းလင်းအတွက်တော့ နတ်သုဒ္ဓါ လေ … နောက်ထပ် တောင့်တနေမလားပဲ
…..ဟားဟား …. မစင်က အင်နာဂျီ အတွက် ဖန်တီးအသုံးပြုလို့ရပါသေးတယ်ဗျ။ အဲဒီ ဘိုအောင်သိန်းလင်းနဲ့ ခုတက်နေတဲ့ မြို့တော်ဝန်တွေက ဘယ်နေရာများ အသုံးတည့်လို့လဲဗျာ…. လိပ်ကန်းတွေပဲလေ
မြို့တော်ဝန် ဦးအောင်သိန်းလင်းသည် ကြံ့ဖွတ်ပါတီ သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များကို ရိုင်းရိုင်း စိုင်းစိုင်း ဆက်ဆံခဲ့ပုံမှာ နာမည်ဆိုးနှင့် ကျော်ကြားသည့် ကြံ့ဖွတ်ပါတီကိုပင် အရှက်ရစေသည်ဟု အဆိုပါ ပါတီမှ ခေါင်းဆောင် တစ်ဦးက FNG သို့ ပြောသည်။
(တော်တော်သိက္ခာရှိတဲ့ ကြံ့ဖွတ်က ရှက်တတ်သေးတာ အံ့စရာ)
ပေါက်ကွဲလွန်းလို့ဝင်ရေးတာပါဗျာ
ကျနော်တို့ရန်ကုန်တိုင်း၊ကျောက်တံတားမြို့နယ်ကစည်ပင် ရဲတွေအကြောင်းပေါ့ဗျာ သင်္ကြန်တွင်သူတို့ စားသောက်ဖို့အတွက် အကြောင်းပြ ပီး လိုင်စင်ရ..သူတောင်းစားယူနီဖောင်းတွေဝတ်ပီး တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် အနဲဆုံး ၂၀၀၀ကျပ် ဆိုပီလိုက်တောင်းနေတယ်ဗျာ…မြို့တော်ဝန်မောင်လှမြင့်ရေ …ဘာလုပ်နေလဲ ဗျ နောက်ပီးရှိသေတယ် ဘယ်ကသိမ်းလာမှန်းမတဲ့လက်ဝှေ့ပွဲအခွေတွေ လက်မှတ်တွေလာပီးအတင်ရောင်တယ်… မ၀ယ်ရင်လည် ၅၀၀၊ ၁၀၀၀ လောက်တော့ပေးပါတောင်တယ်ဗျ။ မြို့တော်ဝန်မောင်လှမြင့်ရေ..ခင်ဗျားရဲ့ လိုင်စင်ရ သူတောင်းစား စည်ပင်ရဲ တွေကိုဒီလိုရှာပီစားခိုင်းထားလား……..