ဂျပန် နိုင်ငံ တွင် အင်အားပြင်းငလျှင် ထပ်မံ လှုပ်၊သုံးဦး သေဆုံး

ယမန်နေ့ ညက ဂျပန် တွင် လှုပ်ခတ် သွား သည့် ငလျှင် ကြောင့် ၂ ဦး သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရရှိသည်။ Photo - Reuters

ဂျပန် နိုင်ငံ အရှေ့ မြောက် ပိုင်း မီယာဂီ ခရိုင် တွင် ယနေ့ ည ဂျပန် စံတော်ချိန် ၁၁း၃၂ မိနစ် အချိန် ဉ်
အင်အား ၇.၄ မဂ္ဂနီကျု အဆင့် ရှိ ငလျှင် တစ် ခုလှုပ်ခတ် သွားကြောင့် ဂျပန် NHK ရေဒီယို က သတင်း
ထုတ်ပြန် ခဲ့သည်။ မီယာဂီ ကမ်း လွန် ပင်လယ်ပြင် ၏ ရေအနက် ကီလိုမီလာ ၄၀ (၂၅ မိုင်)ခန့် နေ ရာ ကို
ဗဟိုပြုပြီး လှုပ် ခတ်သွားခြင်း ကြောင့် စုနမိသတိပေး ချက် ထုတ် ပြန် ထားသည်။

ငလျှင် လှုပ်ခတ် သွား ပြီး နောက် ဖူကူရှီးမား ဒိုင်အီ ချီ ညူကလီယား ဓာတ် အားပေး စက် ရုံ
အအေးခံ စနစ် ကို ပြန်လည် ပြင်ဆင် နေသည့် စက်မှု ကျွမ်းကျင် သူ နည်း ပညာရှင် များ နှင့်
လုပ်သား များ သည် ဓာတ်ပေါင်း ဖို ကို စွန့် ခွာ လာခဲ့ရသည်။

ယနေ့ ထပ်မံ ငလျှင် လှုပ်ခတ် ခဲ့ သည့် နေရာသည် မတ်လ ၁၁ ရက်နေ့ က လဥပ်ခတ် ခဲ့
သည့် နေရာ ထက် ပို ၍ဂျပန် ကုန်း မြေ နှင့် ပိုနီးသည်။

ဂျပန် သဘာဝ ဘေးဒဏ် စောင့် ကြည့် ရေး အဖွဲ့ က သောကြာနေ့ နံနက် ၁း၃၀ မိနစ် အချိန် ခန့် 
တွင် စုနမိ လှိုင်းများ ကမ်း ခြေကို လာရောက် ရိုက်ခတ် နိုင် သည် ဟု သတင်း ထုတ် ပြန် ထားသည်။

ယနေ့ လှုပ်ခတ် သွား သည့် ငလျှင် ကြောင့် ပျက်စီး ဆုံး ရှုံး မှု များ ရှိသော် လည်း အသေ အပျောက်
သတင်း ကိုမူ Freedom NewsGroup မှ စုံစမ်း နေဆဲ ဖြစ်သည်။

မတ်လ ၁၁  ရက်နေ့ က လှုပ်ခတ် သွားသည့် အင်အားပြင်းငလျှ င်ကြောင့် လူ ၁၄၀၀၀ ကျော်သေဆုံး
ပြီး ၁၅၀၀၀ ကျော် ပျောက် ဆုံး နေသည်။

စုနမိ အန္တရယ် မရှိ နိုင် ဟု ဂျပန် သဘာဝဘေး ဒဏ် သတင်းထုတ်ပြန်ရေး အဖွဲ့ မှ ထပ်မံ ကြေငြာခဲ့သည်။

This is a developing story, check it back for more and more update.


Category. Earthquake.

One thought on “ဂျပန် နိုင်ငံ တွင် အင်အားပြင်းငလျှင် ထပ်မံ လှုပ်၊သုံးဦး သေဆုံး

  1. ဂျပန်မှာလှုပ်တဲ့ငလျှင်ဟာ ဒီအကြိမ်နောက်ဆုံးအကြိမ် ဖြစ်ပါစေလို့ ဆုတောင်းလိုက်ပါတယ်
    ငလျှင်ဒဏ်ခံပြည်သူပြည်သားများ ကြံ့ကြံ့ခံနိုင်ပြီး ငလျှင်ဒဏ်မခံရမှီကထက် ပိုမိုတိုးတက်အောင်မြင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်………….

Comments are closed.