လော့ရင့် ဘက်ဘို ပုန်းခိုနေသည့် သမ္မတ နန်းတော် တွင်း ရှိ ဘန်ကာ သည် ၎င်း ၏ အကျဉ်း
ထောင် ပင် ဖြစ်ကြောင်း ရွေးကောက်ပွဲ အနိုင်ရ သမ္မတ အလက်ဆန် ၀တ်တာရာ က ယနေ့ 
ပထမဦး ဆုံး အကြိမ် ရုပ်သံ မှ မိန့် ခွန်း ပြောကြား ရာဉ် ထည့်သွင်း ပြောကြား ခဲ့သည်။
လော့ရင့် ဘက်ဘိုသည့် ၎င်းအား သစ္စာခံသည့် လက်နက် ကို တပ် ဖွဲ့ အချို့ နှင့် သမ္မတနန်း
တော်တွင်း ရှိ ဘန်ကာ ထဲ တွင် ခိုအောင်း နေခြင်း ဖြစ်ပြီး ၀တ်တာရာ ၏ တပ်များ အပြင်
ပြင်သစ် နှင့် ကုလ သမဂ္ဂ ငြိမ်း ချမ်းရေး ထိန်းသိမ်း ရေး တပ် ဖွဲ့ များ ကပါ သူ ခိုအောင်း
နေသည့် နေရာ ကို ပိတ် ဆို့ ထားသည်။
လက်ရှိ သမ္မတ အလက်ဆန် ၀တ်တာရာ က ရုပ်သံ မှမိန့် ခွန်း ပြောကြားရာ ဉ် နိုင်ငံ ကို
ပုံမှ ပြန်လည် ဖြစ်အောင်လုပ်ဆောင် မည် ဖြစ်ပြီး ကိုကိုး နှင့် ကော်ဖီ တင်ပို့ မှု ကို ဥရောပ
သမဂ္ဂက ပိတ်ဆို့ ထားခြင်း ကို ဖယ်ရှား ပေးပါရန် တောင်းဆိုလိုက်သည်။
အိုင်ဗရီကိုစ် နိုင်ငံ အနှံ အပြား တွင် နှစ် ဖက် တပ် များ ၏ တိုက် ပွဲများ ဆက်လက် ရှိနေပြီး
လုယက်မှုများ နှင့် ဖောက်ထွင်း မှု များ လည်း ရှိနေသည်။
လော့ရင်း ဘက်ဘိုသည် ဘန်ကာအတွင်းမှာ ထွက်မလာ ပါက ထိုနေရာသည် ၎င်း ၏ အကျဉ်း
ထောင် ပင် ဖြစ်သွား နိုင်ကြောင်း ၀တ်တာရာ က ပြင်သစ် ရုပ်သံမှ တစ်ဆင့် တိုင်းပြည်သို့ ပြောကြားသည့်
မိန့် ခွန်းဉ် ပြောကြား ခဲ့သည်။
အလက်ဆန်ဝတ်တာရာ ကို လိုလားသည့် တပ်များ နှင့် လော့ရင် ဘက်ဘို အား သစ္စာ ခံ သည့်
အစိုးရ တပ် များ ၏ တိုက် ပွဲ အတွင်း ပြည်သူ နှစ်ရာ ကျော် သေဆုံး ပြီး အမြောက်အမြား ဒဏ်
ရာရရှိသည် ဟု လူ့ အခွင့် အရေး အဖွဲ့ များ က ပြောသည်။

” PYITENYIM, MINMAKHANNAING”
( For example!WaiThanDayar King).
If peoples’ highest desirs with best strategy & tactics againt their kings,Kings will never continnue to rule peoples.