မှားယွင်း ဗုံးကြဲ မှု အတွက် နေတိုး က တောင်းပန် ရန် မလို ဟု ဆို

ဘရီဂါ မြို့ အ၀င်လမ်း တွင် တွေ့ ရသည့် လစ်ဗျား သူပုန် တစ်ဦး (AP Photo/Altaf Qadri)

ဒီမိုကရေစီ လိုလားသည့် လစ်ဗျား လက်နက် ကိုင် များ ကို ဒုတိယ အကြိမ်မြောက် မှား ယွင်း
ပစ်ခတ်မှု အပြီး တွင် မြောက် အတ္တလန္တတိတ် စစ်ရေး ပူးပေါင်းဆောင် ရွက် မှု  နေတိုး အဖွဲ့ ၏
ပြောခွင့် ရ ပုဂ္ဂိုလ် တစ်ဦး ဖြစ်သူ ရေတပ် ဗိုလ်ချုပ်ကြီး ရပ်ဆဲလ် ဟာဒင် က ယနေ့ မှားယွင်း ပစ်
ခတ်မှု အတွက် တောင်း ပန် ရန် မလို ဟု ပြောကြား ခဲ့သည်။

မှားယွင်း ပစ်ခတ် မှု မှာ ဘရီဂါ မြို့ အနီး တွင် ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပြီး မှားယွင်း ပစ်ခတ်မှု ကြောင့်
လစ်ဗျား သူပုန် နှစ်ဦးနှင့် ဆရာဝန် နှစ်ဦး သေဆုံး ပြီး တင့်ကား နှစ် စီး ပျက် စီး ခဲ့ကာ ၁၄ ဦး ခန့် 
ဒဏ်ရာ ရရှိ ခဲ့သည်ဟု လစ်ဗျား လွတ်မြောက် ရေး တပ်မတော် မှ ဗိုလ်ချုပ် ကြီး မိုဟာမက် ဖာတာ
ယူနစ် က WallStreet Journal ကို ပြောသည်။

“လစ်ဗျား သူပုန် တွေ ဟာ တင့်ကား ကို အသုံး ပြုတယ် လို့ နေတို့ အဖွဲ့ က သိရှိထား ခြင်း မရှိ
သေးတဲ့ အပြင် ၊ လစ်ဗျား အတိုက် အခံ တွေ ဟာ တင့်ကား အသုံး ပြု တာ နဲ့ ပတ် သက်ပြီး နေ
တိုး စစ်ဌာန ချုပ် ကို သတင်း ပို့ ထား ခြင်း မရှိသေး ဘူး ” ဟု ယနေ့  သတင်းစာ ရှင်း လင်း ပွဲ
ဉ် ပြောကြား ခဲ့သည်။

နေတိုး အဖွဲ့ ရဲ့  မှား ယွင်း ပစ်ခတ် မှု ကြောင့် ပြီး ခဲ့သည့် သတင်း ပတ် အတွင်း လစ် ဗျား သူပုန်
၁၄ ဦး သေဆုံး ခဲ့သည်။

ဘရီဂါ မြို့ မှာ အခိုင် အမာ တပ် စွဲ ထား တဲ့ လစ်ဗျား  အသွင် ကူး ပြောင်း ရေး အတိုက် အခံ အစိုးရ
အဖွဲ့ ကို အီတလီ၊ပြင် သစ် နဲ့  ကာ တာ နိုင်ငံ တွေ က လစ်ဗျား အစိုး ရ အဖြစ် တရား ၀င် အသိအမှတ်
ပြုထား သည်။

ကဒါဖီ လိုလား သည့် တပ်များ အသုံး ပြုခဲ့သည့် တင့်ကား နှစ်စီး ကို လစ်ဗျား သူပုန် တွေ က အသုံး
ပြုခဲ့သည့် အတွက် ပစ်ခတ် ခံခဲ့ရခြင်း ဖြစ်သည်။

_____  _____   _____

လစ်ဗျား သူပုန်တွေ ကို အမေရိကန်၊ အီဂျစ် ၊ ဗြိတိန် နဲ့  ပြင်သစ် နိုင်ငံ တွေ က စစ်သင်တန်း ပို့ ချမှု တွေ
ရှိပြီး ၎င်းတို့ ထိန်း ချုပ် ထားရာ ဒေသ တွေ က ရေနံ ရောင်းရ ငွေ တွေ နဲ့  ကာတာ နဲ့  ဒူဘိုင်း နိုင်ငံ
တွေက တင့်ကားဖျက် လက် နက် တွေ နဲ့  ချေမှုန်း ရေး လက်နက် တွေ ၀ယ်ယူ အသုံး ပြုကြပါတယ်။

ဒီနေ့  မနက် မှာ တော့ လစ်ဗျား ခေါင်းဆောင် ကဒါဖီ ရဲ့ တပ် တွေက ဘရီဂါ မြို့ ကနေ ဆုတ် ခွာ သွား
ပြီ ဖြစ် လို့  လစ်ဗျား သူပုန် တွေ က မြို့ ထဲ ကို စတင် ၀င် ရောက် နေပြီ ဖြစ်ပါတယ်။

နေတိုး အဖွဲ့  နဲ့  လစ်ဗျား သူပုန် တွေ ကြားမှာ တင်းမာ မှုတွေ ရှိ နေပြီး နေ တိုး အဖွဲ့ ရဲ့  လေကြောင်း
တိုက် ခိုက်မှု တွေ ဟာ ထိရောက် မှု မရှိ ဘူး လို့ လစ်ဗျား သူပုန် တွေ က ဝေဖန် ခဲ့ပါတယ်။

နေတိုး အဖွဲ့  က လည်း လေကြောင်း တိုက်ခိုက် မှု တွေ ဟာ အရပ်သား တွေ ကို ကာကွယ် ပေး ဖို့ လောက်သာ
ဖြစ်တဲ့ အတွက် လုံ လောက် မှု ရှိတယ် လို့ ဆိုပါတယ်။

နေတိုးအဖွဲ့ ရဲ့ မှား ယွင်း ပတ် ခတ် မှု နဲ့  ပတ်သက် ပြီး လစ်ဗျား သူပုန် တစ်ဦးက ” နေတိုး အဖွဲ့ ဟာ လစ်ဗျား
သူပုန် တွေ ကို ကူညီ ဖို့ လိုတာ အခုတော့ ဒုက္ခပေး နေ ပြီ လို့  ” CNN ကို ပြောပါတယ်။

နေတိုး သတင်း စာ ရှင်းလင်း ပွဲ ဗီဒီယို ကြာမြင့် ချိန် ၄၂ မိနစ်