ဆန္ဒပြသူများ က နှုတ်ထွက်ပေးရန် တောင်းဆို ချက် ကို ဆီးရီးယား နှင့် ယီမင် က ဆက်လက် အန်တု

ဆီးရီးယား နိုင်ငံက နိုင်ငံ တ၀ှမ်းး မှာ ဖြစ်ပွား ခဲ့တဲ့ လူထု အုံကြွမှု တွေ ကို ဆီးရီးယား အာဏာပိုင်
တွေ က ပစ်ခတ် ပြီး နှိမ်နှင်း ခဲ့ရာမှာ  ၂၈ ဦး  သေဆုံး ပြီး ၄၀ ကျော် ဒဏ်ရာရ ရှိ တယ်လို့  CNN
သတင်းမှာ ဖော်ပြထားပါတယ်။

နိုင်ငံတောင်ပိုင်း ဒါရား မြို့ မှာ ဆန္ဒပြသူတွေ ကို ပစ်ခတ် အရေး ယူခဲ့သလိုပဲ ၊ မြို့ တော် ဒါမစကတ်
မှာလည်း ဆန္ဒပြသူတွေ ကို ပစ်ခတ် ဖြိုခွဲ ဖမ်းဆီး မှု တွေ  ရှိခဲ့ပါတယ်။

ယီမင် နိုင်ငံ မှာလည်း ဆန္ဒပြသူတွေ နဲ့  သမ္မတ အလီ အဗ္ဗဒူလာ ဆာလေး ထောက် ခံ သူတွေကြား
အပြန် အလှန် ပစ်ခတ် မှု တွေ ရှိတယ် လို့ သတင်း ရရှိပါတယ်။

နိုင်ငံတောင်ပိုင်း က တိုင်ယဇ် မြို့ မှာတော့ ဆန္ဒပြသူတွေ ကို လုံခြုံရေး တပ်ဖွဲ့ တွေ က မျက်ရည်
ယို ဗုံးတွေ သေနတ်တွေ နဲ့ ပစ်ခတ်မှု ကြောင့် အနည်း ဆုံး၃  ဦးသေဆုံး ပြီး ၁၀၀ ကျော် ဒဏ်
ရာရရှိပါတယ်။