သင်္ကြန်နားနီး ၊ အရောင်း အ၀ယ် စည်ကားလာ

မြန်မာ နှစ် သစ်ကူး အတာ သင်္ကြန် နီးကပ် လာပြီ ဖြစ်သဖြင့် ရန်ကုန် နှင့် နယ်မြို့ များ တွင် အခြေ
ခံစား ကုန် ၀ယ်ယူ သို လှောင်မှု များ ကြောင့် ဈေး နှင့် ပွဲ ရုံ များ တွင် ရောင်းဝယ် ဖောက် ကား သူ
များ ဖြင့် စည် ကား နေသည် ဟု သတင်း ရရှိသည်။

သင်္ကြန်ကာလ အတွင်း အလှုအတန်း ပြု မည့် သူများက ဆီ၊ ကောက်ညှင်းဆန်၊ ထန်းညက် နှင့်
ဂျုံ အ၀ယ်များကြ ပြီး ဆန် နှင့် အခြား ကြက်သွန် ၊အာလူး စသည့် စားကုန်များ မှာ လည်း အရောင်း
ရဆုံး ဖြစ်နေသည် ဟု ညောင်ပင် လေး ဈေးမှ ပွဲရုံ လုပ်ငန်း ရှင် တစ်ဦး က Freedom News Group
သို့ ပြောသည်။

သင်္ကြန် ကာ အတွင်းဉ်  မြန်မာ နိုင်ငံ တွင်း နေ ထိုင် ကြသူများ မှာ စတုဒီသာ ဒါန ပြုလုပ်ခြင်း၊ မုန့် လုံး
ရေပေါ် နှင့် အချိုရည် များ လှုတန်း ခြင်း စသည် တို့ ကို ပြုလုပ် ကြသည်။

ဈေးကွက် တွင် ၀ယ်လို အား မြင့် မား လာသောကြောင့် စားသောက် ကုန် ဈေး နှုန်း အချို့ မှာ မြင့်
တက်ပြီး  မြေပဲ နှင့် နှမ်းဆီ မှာ ဈေးကွက် အတွင်း ပြတ်လပ် မှု ပင် ပေါ်ပေါက် နေသည် သတင်းရရှိ
သည်။

သကြား တစ်ပိဿာ ကို ၁၇၀၀ ကျပ် အထိ ဈေးမြင့် တက်ခဲ့ပြီး၊ စားအုန်း ဆီ တစ် ပိဿာ လျှင် ၃၀၀
ကျပ် မြင့် တက်လာ ၂၇၀၀ ဈေးပေါက်ခဲ့သည်။