မြန်မာ နှင့် မြောက်ကိုရီးယား ဆက်သွယ်မှု စုံစမ်းဖော်ထုတ် ပေးရန် လွှတ်တော်အမတ် တောင်းဆို

မြန်မာ စစ်အစိုးရ နှင့် မြောက်ကိုရီးယား နိုင်ငံ တို့  စစ်ရေး ပူးပေါင်းဆောင် ရွက်မှုများ နှင့် ညူကလီး
ယား လက်နက် ထုတ်လုပ် ရန် အရှိန်အဟုန် မြင့် ပူးပေါင်း ဆောင် ရွက် နေမှု များ ကို စုံစမ်း စစ်ဆေး
ပေး ပါရန် အင်ဒီယာနာ ပြည်နယ် အထက်လွှတ်တော် အမတ် ရစ်ချတ် လူဂါက ယနေ့ တောင်း ဆို
လိုက်သည်။

လွှတ်တော် နိုင်ငံခြား ရေးရာ ကော်မတီ အဖွဲ့ ဝင် တစ်ဦး လည်း ဖြစ်သည့် ရီပတ် ဘလီကန် အထက်
လွှတ်တော် အမတ် ရစ်ချတ် လူဂါ က မြန်မာ နှင့် မြောက် ကိုရီးယား နှစ် နိုင်ငံ တို့ စစ်ရေး ပူးပေါင်း
ဆောင် ရွက် နေမှု များ ကို အရေးယူ ဖော်ထုတ် စုံစမ်း ပေး ရန် သမ္မတ အိုဘားမား အစိုးရ အား
တောင်း ဆို ခဲ့ခြင်း ဖြစ်သည်။

ရစ်ချတ် လူဂါ ၏ မြန်မာ နိုင်ငံ နှင့် ပတ်သက်ပြီး စုံစမ်း အရေးယူပေး ရန် တောင်းဆိုချက် ကို ကင်တပ်
ကီ လွှတ် တော် အမတ် မစ် မက်ကောနယ် နှင့် အိုကလာဟိုးမား လွှတ်တော် အမတ် ဂျိမ်း(စ) အိုင်ဟိုဖ်
တို့ က ထောက်ခံ သဘောတူထားသည်။