“လိုအပ်လျှင် အာဏာပြန်သိမ်း မည်” ဟု ကာကွယ်ရေး ဦးစီးချုပ် အရိပ်အမြွက် ပြော

ဟိန်းခိုင်ထွန်း၊ ၊ကာကွယ် ရေး ဦးစီးချုပ် အသစ် အဖြစ် ခန့် ထားခြင်း ခံရသည့် ဗိုလ်ချုပ်ကြီး
မင်းအောင်လှိုင် ဧပြီလ၈ ရက်နေ့ က ကျင်းပသည့်  ဗထူး တပ်မြို့ ရှိ ဗိုလ်လောင်း သင်တန်း အမှတ်စဉ်
၁၁၄ ဆင်းပွဲတွင် သင်တန်း ဆင်း ဗိုလ်လောင်း များ ကို မိန့် ခွန်း ပြောကြား ရာ ဉ် တပ်မတော် သည်
လိုအပ် လျှင် အာဏာ ပြန်သိမ်း မည် ဟု အရိပ်အမြွက် ပြောကြား ခဲ့ ကြောင်း FNG မှ သတင်း ရရှိသည်။

ခောတ်သစ် မြန်မာ နိုင်ငံ ရေး သမိုင်း တွင် အာဏာအရှိ ဆုံး ရာထူး ဖြစ်သည့် ကာကွယ်ရေး ဦးစီးချုပ်
ရာထူး ကို ရရှိခဲ့သည့် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် သည် အဆိုပါ ရာထူး ကို ပြီးခဲ့သည့် လ က လက်
ခံ ခဲ့ပြီး နောက် ပထမ ဦးဆုံး အကြိမ် အဖြစ် စစ်တပ် ၏ အရေး ပါသည့် ဗိုလ်လောင်း သင်တန်း ဆင်း
ပွဲ တွင် မိန့် ခွန်း ပြောကြား ခဲ့ခြင်း ဖြစ်သည်။

“တပ်မတော် အနေဖြင့် အမြဲ သတိရှိ နေရန် သူက ပြောကြား ပြီး တိုင်း ပြည် အတွက် အန္တရာယ် ပေါင်း
စုံ နှင့် ရင်ဆိုင် ရပြီး အကျပ် အတည်း ဆိုက်နေ ပါက လိုအပ် လျှင် ၀င်ရောက် ထိန်းသိမ်း ရမည်” ဖြစ်
ကြောင်း သူက ပြောကြား ခဲ့ဖြင်း ဖြစ်သည်။

ယခင်က ဗထူး တပ်မြို့  ဗိုလ်လောင်း သင်တန်း ဆင်းပွဲ ကို ဒု ကာကွယ်ရေး စီး ချုပ် ဟောင်း ဗိုလ်ချုပ်
ကြီး မောင်အေး တက်ရောက်ပြီး ၊ မေမြို့  ဗိုလ်သင်တန်း ဆင်းပွဲ ကို ဗိုလ်ချုပ် မှုး ကြီး သန်းရွှေ တက်
ရောက်သည်။

နေပြည်တော် စစ်တပ် အသိုင်းအ၀ိုင်းမှ အမည် မဖော်လို သည့် အရာရှိကြီး တစ်ဦးက FNG သို့ ပြော
ကြားရတွင် ပြည်ထောင်စု အစိုးရ မှ ဒု သမ္မတ ဦးသီဟ သူရ တင်အောင် မြင့် ဦး နှင့် ဗိုလ်ချုပ် ကြီးမင်း
အောင် လှိုင် တို့ မှာ ကျောင်းတော်က ရန်စ ရှိ ခဲ့သူ များ ဟု ဆိုသည်။

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် နှင့် ဗိုလ်ချုပ်ကြီး ဟောင်း ဦးသိန်းစိန် အစိုးရ တို့  အာဏာပြိုင် ဆိုင်မှု များ
နောက်ပိုင်း တွင် ပြင်းထန် လာ နိုင်သည် ဟု တပ်မတော် အရာ ရှိ ဟောင်းများ က သုံးသပ်ကြသည်။

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် သည် တပ်မတော် ထဲဉ် ၎င်း ထက် ပို၍  အတွေ့ အကြုံ ရင့် သူများ ကို ကျော်
ဖြတ်ပြီး နေရာ ရ ခဲ့ခြင်း ကြောင့် အချို့ က မကျေနပ် ကြဟု သိရသည်။ ဒုတိယ ဗိုလ်ချုပ်ကြီး သူရ မြင့်အောင်
သည် ၎င်း ၏ လက်အောက် တွင် ကာကွယ်ရေး ၀န်ကြီး မထမ်းဆောင် လို ၍ ရာ ထူး မှ နှုတ်ထွက် ခဲ့သည်။

၎င်း သည် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၏ လူယုံ တစ်ဦး ဖြစ်ပြီး မည်မျှ ထိ ယုံ ရ မည် ဆိုသည် ကို မူ မည်သူမျှ
မသိ နိုင် ကြောင်း စစ်လက်နက် ပစ္စည်း ထုတ်လုပ် ရေး တပ် မှ အရာရှိ တစ်ဦးက Freedom News Group
သို့ ပြောသည်။

မြန် မာ့ တပ်မတော် ၏ အကြီး အကဲ ၊ ကာကွယ်ရေး ၀န်ကြီး (သို့ မဟုတ်) ကာကွယ်ရေး ဦးစီးချုပ် အဖြစ်
တာဝန်ထမ်းဆောင် ခဲ့သူများ
(List of Commander in Chief in Burma)

၁. ဗိုလ်ချုပ် အောင်ဆန်း  ၁၉၄၅ မှ ၁၉.၀၇.၁၉၄၇ (ရဲဘော်သုံးကျိပ် အဖွဲ့ ဝင် နှင့် မြန်မာ့ တပ်မတော် တည်ထောင်သူ)
၂. ဗိုလ်မှုးချုပ် လင်္ကျာ       ၁၉၄၇ မှ ၁၉၄၈ (ရဲဘော်သုံးကျိပ် အဖွဲ့ ဝင် နှင့် မြန်မာ့ တပ်မတော် တည်ထောင်သူ များ တွင် ပါဝင်)
(လင်္ကျာ – ဖရီးမင်း စာချုပ် ကို ချုပ်ဆို နိုင်ခဲ့သူ)
၃.ဗိုလ်ချုပ်ကြီး နေ၀င်း     ၀၁.၀၂.၁၉၄၉ မှ – ၂၀.၀၄.၁၉၇၂ (ရဲဘော်သုံး ကျိပ် အဖွဲ့ ဝင် မြန်မာ စစ်တပ် ကို အင်အား ပိုမို ကောင်း
လာရန် လုပ်ဆောင် ခဲ့ပြီး စစ်လက် နက် ပစ္စည်း စက်ရုံ များ နိုင်ငံ တွင်း စတင် တည် ထောင်ကာ ပြည်နိုင်ငံများ မှ စစ်လက်နက်
ပစ္စည်း ၀ယ်ယူမှု ကို စတင်ခဲ့
၎. ဗိုလ်ချုပ်ကြီး စန်းယု  ၂၀.၀၄.၁၉၇၂ မှ- ၀၁.၀၃.၁၉၇၄ (နောက်ပိုင်း တွင် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ ဥက္ကဌ နှင့် သမ္မတ
ဖြစ်လာသည်

၅. ဗိုလ်ချုပ်ကြီး သူရ တင်ဦး ၀၁.၀၃.၁၉၇၄ မှ ၀၆.၀၃.၁၉၇၆ (နောက်ပိုင်း တွင် အတိုက်အခံ ပါတီ တစ်ခု ဖြစ်သည့် အမျိုးသား
ဒီမိုကရေ စီ အဖွဲ့ ချုပ် ခေါင်း ဆောင် ဖြစ်လာခဲ့သည်)

၆. ဗိုလ်ချုပ်ကြီး သူရ ကျော်ထင် ၀၆.၀၃.၁၉၇၆ မှ   ၀၃.၁၁.၁၉၈၅ (ဗိုလ်ချုပ်ကြီး သူရ ကျော်ထင်သည် ဗမာ့ ကာကွယ်ရေး
တပ်မတော် ကို ၁၉၄၃ ခုနှစ် တွင် တပ်သားအဖြစ်မှ စတင် ၀င်ရောက် ခဲ့သည့် တစ်ဦး တည်း သော ကာကွယ်ရေး ဦးစီးချုပ် ဖြစ်)

၎င်းသည် ကာကွယ်ရေး ၀န်ကြီး တာဝန် ကို လည်း သူ၏ ကာကွယ်ရေး ဦးစီးချုပ် သက်တမ်းတွင် ပူးတွဲ ယူခဲ့ပြီး
ဗိုလ်ချုပ်ကြီး သူရအေး ကို သည် ၎င်း ကာကွယ်ရေး ဦးစီးချုပ် တာဝန် ယူစဉ် ကာကွယ်ရေး ၀န်ကြီး အဖြစ်
တာဝန် ယူခဲ့သည်။

၎င်း လက်ထက် တွင် ကာကွယ်ရေး ၀န်ကြီး ဌာန ကို ပိုမို အဆင့်မြှင့်ခဲ့ပြီး စစ်တိုင်း အချို့ ကို တိုးချဲ ဖွဲ့ စည်းခဲ့ကာ တပ်မတော်
ဖွဲ့ စည်း ပုံ အချို့ ကို ပြောင်းလဲခဲ့သည်

၇. ဗိုလ်ချုပ်မှုးကြီး စောမောင် ၀၃.၁၁.၁၉၈၅ မှ ၂၂.၀၄.၁၉၉၂ ( ၁၉၈၈ ခုနှစ် စစ်တပ် အာဏာသိမ်း ခေါင်းဆောင် ဖြစ်သည်)

၈. ဗိုလ်ချုပ်မှုးကြီး သန်းရွှေ  ၂၂.၀၄.၁၉၉၂ မှ ၀၁.၀၄.၂၀၁၁ ( စစ်တိုင်းများ ဆက်လက် တိုး ချဲ့ ခဲ့ပြီး ပြည်ပ မှ စစ်လက်နက်
များ ၀ယ် ယူခဲ့သည်။ လွှတ်တော် တွင် စစ်သား အများစု နေရာ ယူထား နိုင်အောင် စီစဉ် ခဲ့ပြီး ၊ စစ်ထောက်လှမ်းရေး အဖွဲ့ 
ကို ဖျက် သိမ်းခဲ့သည်)

၉. ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ၀၁.၀၄.၂၀၁၁  (တာဝန်ထမ်းဆောာင် ဆဲ)

5 thoughts on ““လိုအပ်လျှင် အာဏာပြန်သိမ်း မည်” ဟု ကာကွယ်ရေး ဦးစီးချုပ် အရိပ်အမြွက် ပြော

  1. မင်းအောင်လှိုင်အတွက်၂လမ်းဘဲရှိတယ်။
    လူသတ်သမားရာဇဝတ်ကောင်သန်းရွှေရဲ့သြောဇာအာဏာခံလုပ်ပြီးလူသတ်သမားအဖြစ်၊
    International Criminal Court ကိုသွားချင်လား။
    ဒါမှမဟုတ်မြန်မာပြည်နဲ့လူထုကိုဖက်ဆစ်ရန်ကကာကွယ်ပေးတဲ့သမိုင်းပေးတာဝန်ကိုရဲရဲဝန့်ဝန့်ယူပြီး၊
    ဖက်ဆစ်သန်းရွှေကိုဖြုတ်ချပြီးပြည်သူ့လက်ထဲအာဏာပြန်အပ်မလား။
    အာဏာရှင်ကိုဘာမှငဲ့စရာမလိုဘူး။
    လူထုသူရဲခေါင်းအဖြစ်နဲ့လူထုနဲ့မပေါင်းနိုင်ဘူးလား။
    အချိန်မနှောင်းသေးဘူး။
    မိုက်မြဲဆက်မိုက်နေရင်တော့သမိုင်းမှာနေရာမရ၊အဝီဇိလားရမယ်မှတ်ပါ။

  2. စည်းလုံးပါတယ် နေ့  စဉ်တွေကို ကြည့် လိုက်လေ

  3. ဘယ် သူ ခွဲ ခွဲ ဒို့  မ ကွဲ အ မြဲ စည်း လုံး မည် တဲ့  .. ဘယ် လို စည်း လုံး လဲ တော့ မ သိ ဘူး..

  4. ( လုပ်ကြပေါ့… ရှင်တို့က ရဲတွေပဲ…) ပြိုင်စရာမရှိ ကိုယ့်အချင်းချင်းပဲ အားပြိုင်ကြပါ… ကျန်တဲ့သူတွေက ဘေးကနေ လက်ခုပ်တီးပေးရုံပဲ ရှိတော့တာပေါ့…

  5. တခါပဲရမယ်။ ကမ္ဘာကြီးကကျဉ်းလို.လာပါပြီ ဆိုတာနေပြည်တော်ကစစ်အုပ်စုသိသင်.ပါတယ်။ ရိုးရိုးလေးပါ “ တခါပဲရမယ်”

Comments are closed.