From President To Prisoner


မိမိကိုယ်ကို သမ္မတ အဖြစ် ကြေငြာထားပြီး ၂၀၁၀ ခုနှစ် နိုဝင်ဘာလ က ရွေးကောက်ပွဲ တွင် အနိုင်ရရှိ
ခဲ့သည့် ပြိုင်ဘက် သမ္မတာ အလက်ဆန် ၀ါတာရား ကို အာဏာလွှဲ ပေး ရန် ငြင်းဆန် ခဲ့သည့် လော့ရင့်
ဘက်ဘိုကို တနင်္လာ နေ့  က ၎င်း ခိုအောင်းနေရာ သမ္မတ နန်းတော် အတွင်း ရှိ ဘန်ကာထဲ တွင် ပြင်သစ်
တပ် ဖွဲ့ ဝင်များက အရှင် ဖမ်းဆီးရမိ သည်ဟု France 24 ရုပ်သံက ကြေငြာသွားခဲ့သည်။
ယခု နှစ်ဆန်း ပိုင်း ကာလကတည်းက သမ္မတ အလက်ဆန်ဝါတာရား လိုလား သူများ က အာဏာလွှဲ
ပေးရန် တောင်း ဆိုမှု ကို သူက ငြင်းပယ် ခဲ့ပြီး နောက် ပြည်သူများ က လက်နက်စွဲကိုင် တော်လှန် ကာ
သူ့ အား ဖြုတ်ချခဲ့ခြင်း ဖြစ်သည်။
ယမန်နေ့ က ပြင်သစ် နှင့် ကုလ သမဂ္ဂ တပ်များ ဘက်ဘို ပုန်းအောင်း နေရာ သမ္မတနန်းတောာ် ကို လေကြောင်း
မှ အပြင်း အထန် တိုက်ခိုက် ခဲ့ပြီး နောက် ပြင်သစ်တပ် များ က ယနေ့ မနက် အစောပိုင်း တွင် ၎င်းခိုအောင်း
ရာ နေရာ ကို တင့်ကား အစီး ၃၀ ကျော်ဖြင့် ၀င်ရောက်စီးနင်း ကာ ၀ိုင်းပတ် ပိတ်ဆို့ ပြီး နောက် ဖမ်းဆီးရမိခဲ့ခြင်း
ဖြစ်ကြောင်း အိုင်ဗရီ ကိုစ် နိုင်ငံ ဆိုင်ရာ ပြင်သစ် သံအမတ်ကြီး ယန်းမတ် ဆိုင်မွန် က AFP သတင်းဌာန ကို အတည်
ပြုပြောကြားသည်။
အလက်ဆန် ၀ါတာရာ ၏ ပြောခွင့်ရ ပုဂ္ဂိုလ် တစ်ဦးက ဘက်ဘို နှင့်သူ၏ ဇနီး အပါအ၀င် သူ၏ လက်ထောက်
အချို့ အား ဖမ်းဆီး ရမိ ခဲ့ခြင်း ဖြစ်သည် ဟု အတည်ပြု ပြောကြားသည်။
လောရင့် ဘက်ဘို အား အလက်ဆန် ၀ါတာရာ စခန်း ချရာ The Gulf Hotel ဉ်ဖမ်းဆီးထိမ်းသိမ်း ထားပြီး ယနေ့ 
ညတွင် သူ နှင့် သူ့ ဇနီး ကို အကျဉ်းထောင် သို့ လွှဲပြောင်း ပေးမည် ဟု သတင်းရရှိသည်။
ဘက်ဘို အား ဖမ်းဆီး ရမိ ပြီး နောက် ပြင်သစ် သမ္မတ ဆာကိုဇီက သမ္မတ အလက်ဆန် ၀ါတာရာ သို့ ဖုန်းဆက်
ပြောကြားသည်။
နိုင်ငံ ၏ အချို့ နေရာများ တွင် ဘက်ဘို ၏ သစ္စာ ခံ တပ် များ က ပြန်လည် ခု ခံ မှု များ ရှိသည်။ အိုင်ဗရီကိုစ် နိုင်ငံ
တွင် ပြင်သစ် တပ်ဖွဲ့ ဝင် ပေါင်း ၁၆၀၀ ခန့် ရှိသည်။
Abidjan, Laurent Gbagbo
Related Articles
- Laurent Gbagbo under arrest claim pro-Outtara forces (newstatesman.com)

စစ်အာဏာရှင်ကိုမလိုလားပေမယ့် သူများအင်အားကြီးနိုင်ငံတွေက ၀င်ရောက်စွက်ဖက်ပြီးဖြေရှင်းတာမျိုးတော့ မလိုချင်ဘူးဗျ။
မြန်မာပြည်သူတွေအချင်းချင်း စည်းလုံးညီညွတ်ပြီး တွန်းလှန်ရယူတာပဲ သဘာဝကျပြီး လှပတဲ့ အင်အားပဲလို့မြင်မိတယ်
I’m sure the time will coming definitely sooner or later..
I’m sure the time will coming definitely sooner or later…
We must rid of bad leader for the sake of the people.
မြန်မာ စစ်အစိုးရ ငိုပွဲ လည်း မြင်ရောင်မိပါသေးတယ်။ မကြာမှီ မျှော်….
yes, yes, it’s correct.