ဧရာဝတီ တိုင်း တွင် သူပုန်ထ

တင်ကျော်ကျော်စိုး၊ ၊ဧရာဝတီ တိုင်း မြောင်းမြ ခရိုင် ၊ လပွတ္တာ ခရိုင် များ တွင် ယခု သီတင်း
အပတ် အတွင်း လက်နက် ကိုင် အဖွဲ့ များ ၏ သူပုန် ထ ပစ်ခတ်မှု များ ရှိ ခဲ့သည် ဟု FNG မှ
သတင်း ရရှိသည်။ မြောင်းမြ ခရိုင် အတွင်း ရှိ ဆန်စက် အချို့ ကို သူပုန် များ က ၀င်ရောက် စီးနင်း
ပြီး ဆန်များ တောင်းမှု နှင့် ရေကြောင်း အကောက် ဆိပ်များ ကို စက်လှေ များ ဖြင့် ၀င်ရောက် စီးနင်းမှု
များ ရှိ ခဲ့ သည် ဟု မြောင်းမြ-ရန်ကုန်မော်တော် ပြေးဆွဲ သူ တစ်ဦး က ပြောသည်။

လက်နက် ကိုင် သူပုန် များသည် စစ်တပ် များ မှ စစ်သား များ ဖြစ် နိုင်သည် ဟု  ယူဆရ ပြီး ၎င်းတို့ ကိုင်
ဆောင် ထားသည့် လက်နက် များ တွင် မြန်မာ့ တပ် မတော် မှ သုံးဆွဲ သည့် လက်နက် များ ဖြစ်သည်
ဟု လပွတ္တာ မြို့ တွင် တာဝန်ထမ်းဆောင် နေသည့် နာဂစ်မုန်တိုင်း ဒဏ် ခံရသူများ အကူ အညီပေးရေး
ကျန်းမာရေး ၀န်ထမ်း တစ်ဦး က FNG သို့ ပြောသည်။

မြန်မာ စစ်တပ် အတွင်း ရိက္ခာ ဖြတ်တောက်မှု များ နှင့် စားဝတ်နေရေး ကျပ် တည်း သောကြောင့် တပ်
မတော်သားများ သည် ယခုကဲ့ သို့ လုပ်ဆောင် ခြင်း ဖြစ် နိုင်သည် ဟု မြောင်းမြ မြို့ တွင်  ရွှေ ဆိုင် ဖွင့်
လှစ်ထားသူ တစ်ဦးက FNG သို့ ပြောသည်။

စစ်အစိုးရ အာဏာသိမ်း ပြီး နောက် ပိုင်း တွင် ဧရာဝတီ တိုင်း ရှိ ကရင် အမျိုးသား များက လက်နက်ကိုင်
တော်လှန် ရေး လှုပ်ရှား မှု များ စတင် ခဲ့သော် လည်း စစ်အစိုးရ က အင်အား အလုံးအရင်း ဖြင့် ကြည်း၊ရေ
လေ စစ်ဆင် ရေး ပြုလုပ် ပြီး ချေမှုန်း ခဲ့သည်။

ဧရာဝတီ တိုင်း မှ စစ်တပ် များ သည် နာဂစ် မုန်တိုင်း ဒဏ် ကို ခံခဲ့ရသော် လည်း သက်ဆိုင်ရာ စစ်ဌာနချုပ်
များ မှ ပြန်လည် ထူထောင် ရေး အကူ အညီ အထောက်အပံ့ အနည်းငယ် သာ ရရှိ ခဲ့သည်။ထိုဒေသ များ ရှိ
တပ် စခန်းများ တွင် လက်နက် နှင့် ခဲယမ်း၊မီး ကျောက် များကို  ပြန် လည် ထုတ်ရောင်းမှု များ ရှိ ခဲ့သည်။

ပြီး ခဲ့သည့် စနေ နေ့ က အရပ်ဝတ် သူပုန် ခြောက် ဦးသည် လပွတ္တာ ခရိုင် ပြင်စလူ အနီး ရှိ ဆန် စက် တစ်ခု
ကို ၀င်ရောက် ဓားပြ တိုက် သွား ပြီး ဆန်စက် မန်နေဂျာ ထံ မှ ငွေကျပ် ၅၀ ၀၀၀ တောင်း ယူကာ စပါး တင်း
၅၀ ခန့် ကို မော်တော် ဖြင့် သယ်ဆောင် သွား သည် ဧရာဝတီ တိုင်း ဆန်လုပ်ငန်း ရှင် များ အသင်း မှ
ဝန်ထမ်း တစ်ဦးက ပြောသည်။

One thought on “ဧရာဝတီ တိုင်း တွင် သူပုန်ထ

  1. TS might be the one behind it to create an excuse to exercise the power to stage a stupid constitutional coup. Then…needless to say..

Comments are closed.