
မတ်လ(၂၄)ရက်နေ့ ည ၈ နာရီ ၃၀ မိနစ် အချိန် က မြန်မာနိုင်ငံ အရှေ့ပိုင်းသို့ ဗဟိုပြု လှုပ်ခတ်သွား
သည့် ပြင်းအားအဆင့် ရစ်ခ်ျတာစကေး ၇ အဆင့် ရှိ ငလျင်ကြောင့် ပျက်စီး ဆုံရှုံး ခဲ့သည့် တာချီလိတ်
တာလေ ၊လွယ်မွေ နှင့် မိုင်းဖြတ် ဒေသများ တွင် နေစရာ မရှိ ဖြစ်နေသည့် မိသားစု များ အတွက်
ကူညီ ကယ်ဆယ် မည့်  သူ ကို စောင့်မျှော် နေရကြောင်း တာချီလိတ် ခရိုင် ရှိ တပ်မတော် အရာရှိ
တစ်ဦး က Freedom News Group သို့ ပြောသည်။
အင်အား ပြင်းထန်သည့် ငလျှင် ကြောင့် တာလေ မြို့ တွင် လူ ၁၀၀ ကျော် သေဆုံး ခဲ့ပြီး မိသားစု
၇၀ ကျော် လူ ၃၀၀ နီးပါး အိုးမဲ အိမ်မဲ့ ဖြစ်နေကြရာ မိုးရာသီ မစတင် ခင် ၎င်း တို့ ၏ ပြန်လည်
ဆောက် လုပ် နိုင်ရန် အတွက် အကူ အညီ လိုနေကြသည်။
တာချီလိတ် မြို့ တွင် လည်း အနည်း ဆုံး အိမ် ခြေ ငါးဆယ် ကျော်ခန့် ပျက် စီး ဆုံး ရှုံး ခဲ့ရာ ပြန်
လည် ဆောက် လုပ် နိုင်ရန် အတွင် အဆင်သင့် မဖြစ် သေး ဟု သိရသည်။
တာလေ မြို့ တွင် နေအိမ် ပျက်စီး ပြီး မိသားစု ၀င် တစ်ဦး ဆုံးရှုံး ခဲ့ရသည့် အိမ်ထောင်စု ၀င်တစ်
ဦးက ” ငလျှင် လှုပ်ပြီး တုန်းကတော့ ကတော့ ဆေး နဲ့ စားစရာ တွေ လာပေးကြတယ်။ အခု
သိပ် မလာကြတော့ဘူး ၊အိမ် က အကုန် ပြို သွားတယ် အပျက်အစီး တွေ ကို ဖြည်းဖြည်းချင်း
ရှင်နေရတယ်။ ပြန်မဆောက် နိုင် သေး ဘူး “ဟု FNG သို့ ပြောသည်။
ဂျပန် နိုင်ငံ တွင် ငလျှင် လှုပ် ခတ် ရာ ဒေသ သို့  ဂျပန် ၀န်ကြီးချုပ် နှင့် နိုင်ငံ့ ခေါင်းဆောင်း များ
သွားရောက် ကြည့် ရှု သော်လည်း မြန်မာ နိုင်ငံ တွင် လက်ရှိ အစိုးရ အဖွဲ့ မှ ရှမ်းပြည် ကိုယ်စား
ပြု ဒု-သမ္မတ စိုင်းမောက် ခမ်း အပါ အ၀င် မည် သူမှ သွားရောက်ကြည့်ရှု ခြင်း မရှိချေ။
မတ်လ ၂၄ ရက်နေ့ က လှုပ်ခတ် သွား ခဲ့သည့် ရှမ်းပြည် ငလျှင် တွင် လူ ၃၀၀ နီးပါး သေဆုံးသည်။

နာဂစ်တုန်းက လှူသမျှကို အစိုးရကလှူသလိုပြောတော့ အားလုံးတပ်လန်ကုန်တယ်။ အခုကူညီတဲ့အရှိန်လျော့သွားပြီ။
ရှမ်းပြည်နယ်မှာဖြစ်တာကို ဒုသမ္မတသွားတယ်လို့သတင်းစာမှာပါတယ်။နောင် မြန်မာပြည်မှာ ဖြစ်တဲ့ သဘာဝဘေးကို အကူအညီ ရဖို့ သိပ်မဖြစ်နိုင်တော့ဘူး။ မိဘလုပ်တာမဟုတ်တော့ သားသမီးမျက်နှာငယ်ရတယ်။ တိုင်းပြည်ကိုချစ်တတ်ကြပါစေလို့သာ ဆန္ဒပြုမိပါတယ်။