အပူချိန် မြင့်မားမှု ကြောင့် သေဆုံး သူ ၂၀ ကျော်ခန့် ရှိ

ဟိန်းခိုင်ထွန်း ၊          ၊မြန်မာ နိုင်ငံ ရန်ကုန် ၊ပဲခူး ၊ဧရာဝတီ ၊ နေပြည်တော်၊ မကွေး နှင့်
မန္တလေး မြို့ များ တွင် နေအပူ ချိန် များမှာ ဆက်လက် မြင့် တက်လာ လာပြီး ယနေ့  နေ့ 
လည် ရန်ကုန် မြို့ တွင် တိုင်းထွာချက်များအရ ၁၀၅ ဒီဂရီ ဖာရင် ဟိုက် အထိ ရောက် ရှိ
နေပြီဖြစ်သည်။ရန်ကုန် မြို့ တွင် နေ့ အပူချိန် မြင့် တက်မှု ဒဏ် မခံ နိုင်၍ သေဆုံးရသူ ပေါင်းမှာ ၁၀  ဦး ခန့် ရှိပြီး
နေပြည်တော် ၊မြေလတ်ဒေသနှင့် မန္တလေး တွင် လည်း ၁၂  ခန့် ရှိပြီ ဖြစ်ကြောင်း Freedom News
Group မှ စုံစမ်းသိရှိရသည်။

ရန်ကုန် ဆေးရုံကြီး အရေးပေါ်ဌာန တွင် အပူချိန် မြင့်မားမှု ကြောင် သတိလစ်ပြီး ရောက်လာသူ များ
မှာ ယခု တစ်ပတ် အတွင်း ပိုမို များပြားလားသည်။ အင်းစိန် ဆေးရုံ တွင် ယမန်နေ့ က အပူရှပ် ၍
သတိလစ် ပြီး ရောက်လာ သူ ၁ ဦး သေဆုံးခဲ့သည်။
အပူချိန် ပြင်းထန်မှု ကြောင့် ငါး နှင့် ရေသတ္တ၀ါ များ ပိုမို သေဆုံးလာပြီး မွေးမြူရေး တိရစ္ဆာန် များ
ဖြစ်သည့် ကြက်၊ဘဲ တိရိစ္ဆာန် များလည်း သေဆုံးမှု များလာသည်။ ပဲခူး နှင့် ဧရာဝတီတိုင်း မြို့ 
နယ် အချို့ တွင် ရေတွင်း ရေကန် များ ခြောက်ခန်းလျှက် ရှိသည်။

မန္တလေး မြို့ တွင် နေ့ အပူချိန် မှာ ယနေ့ တိုင်း ထွာ ချက် အရ ၁၀၇ ဒီဂရီ ဖာရင် ဟိုက်ရှိသည်။