
ဒီမိုကရေစီလိုလားသည့် လစ်ဗျား လက်နက် ကိုင်များက တောင်အာဖရိက သမ္မတ ဂျက်ကော့ဇူးမား ခေါင်းဆောင်သည့်
အာဖရိက သမဂ္ဂ၏ လစ်ဗျား ငြိမ်းချမ်းရေး အတွက် လမ်းပြ မြေပုံ ကို ပယ်ချလိုက်သည်။ လမ်းပြ မြေပုံတွင် ပါဝင်သည့် အချက်
များ တွင် ကဒါဖီ နှင့် သားများ အားဏာစွန့် ရေး နှင် စေ့စပ် ဆွေးနွေး ရေး အဆင့်များ တိကျ စွာ မပါရှိ ခြင်း ကြောင့် ဟု
သတင်းရရှိသည်။
နေတိုး အစည်း အဝေး သို့ တက်ရောက် ရန် ဂျာမဏီ နိုင်ငံ ဘာလင် မြို့ သို့  ရောက်ရှိ နေသည့် အမေရိကန် နိုင်ငံခြားရေး
ဝန်ကြီး ဟီလာရီ ကလင်တန် က လစ်ဗျား ခေါင်းဆောင် ကဒါဖီ နှင့် မိသားစု ချက်ခြင်းနှုတ် ထွက်ပေးရန် တောင်း ဆိုခဲ့သည်။
လစ်ဗျား နိုင်ငံ သို့ အာဖရိက သမဂ္ဂ အဖွဲ့ ရောက်ရှိ နေစဉ် နေတိုး တပ်ဖွဲ့ ဝင်များ နှင့် ဗြိတိသျှ လေတပ် က ကဒါဖီ ၏ တင့် ကား
များ နှင့် စစ်ရေး ပစ်မှတ် များ ကို အပြင်းအထန် ဗုံးကြဲ တိုက်ခိုက် ရာ တင့်ကား အစီး ၃၀ ကျော် နှင့် ယနေ့ တွင် ဗြိတိသျှ တော်
နေဒို တိုက်လေယာဉ် များ က ပစ်မှတ် ၁၅ ခု ခန့် ကို ဗုံးကြဲ တိုက်ခိုက် ခဲ့သည်။


အာဖရိကယူနီယံဟာအချိန်ကအာဏာရှင်ဂဒါဖီးရဲ့သြောဇာညောင်းပီးမီးသေတဲ့အဖွဲ့ဘဲ။
အာဖရိကနိုင်ငံအတော်များများကိုကြည့်ရင်လဲအာဏာရှင်ဆံဆံအုပ်စိုးသူတွေကအများစုဘဲ။
တောင်အာဖရိကသမ္မတဇူးမားကအာဏာရှင်ဂဒါဖီးကိုမြင့်မြတ်သောခေါင်းဆောင်ကြီးလို့နှုတ်ခွန်းဆက်သလိုက်တာနဲ့၊
လွတ်လပ်သောကမ္ဘာနဲ့လစ်ဗျားတော်လှန်ရေးသမားများကအာဖရိကယူနီယံကိုအသုံးမကျတဲ့အဖွဲ့လို့ထပ်မံသက်သေပြစရာ၊
မလိုတော့်ဘူး။ဂဒါဖီးကလဲအာဏာရှင်ဇာတိပြပြီးငါပြောတာလက်ခံ၊ဒိလမ်းဘဲရှိတယ်။
သူနဲ့သူ့သားသရဲဘီလူးများကအာဏာလက်မလွှတ်ဘဲဒီမိုကရေစီပြောင်းလဲရေးများကိုကြီးကြပ်မယ်ဆိုဘဲ။
အပြစ်အခတ်၂ဘက်လုံးကရပ်စဲပြီးသူသိမ်းထားတဲ့၊မီးလောင်တိုက်သွင်း၊သတ်ဖြတ်ထားတဲ့မြို့များကလဲထွက်မပေးဘူးတဲ့။
လူအစုလိုက်အပြုံလိုက်သတ်ထားတဲ့ကိစ္စလဲမေ့ပြစ်လိုက်ပေါ့။
ပရိသတ်တို့တရားမျှတမှုရှိမရှိစဉ်းစားကြည့်ရင်ဘာမှခေါင်းစားစရာမလိုပါဘူး။
အာဆီယံကအာဏာရှင်များနဲ့နင်လားငါလားအကျင့်သိက္ခာမဲ့တဲ့အာဖရိကယူနီယံအဖွဲ့ကဘင်ဂါဇီလဲရောက်ရော၊
လူထုကဒေါသတကြီးနဲ့ဝိုင်းသမလုပ်မလွှတ်လိုက်တာ၊လွတ်လပ်သောကမ္ဘာကယဉ်ကျေးမှုမူများကြောင့်ဘဲ။
လစ်ဗျားတော်လှန်ရေးသမားများရဲ့တောင်းဆိုချက်ကရှင်းရှင်းရိုးရိုးလေးပါ။
လွတ်လပ်စွာစီတမ်းပြီးငြိမ်းလျမ်းစွာဆန္ဒပြဘို့အာမခံချက်ရရန် ဂဒါဖီးတို့မိသားစုသရဲဘီလူးများကိုနှုတ်ထွက်ခိုင်းတာဘဲ။
လွတ်မြောက်ရေးနယ်မြေများကိုဒုံးကျည်များနဲ့ပိုက်စိတ်တိုက်ပြစ်ခတ်သတ်ဖြတ်မှုအားလုံးရပ်ပေးဘို့ဘဲ။
အဒီကကတော့ ဂဒါဖီးသရဲဘီလူးအစုတိုင်းပြည်ကထွက်သွားတာနဲ့ကိစ္စအားလုံးပြေလည်နိုင်မယ်။
ဗိုလ်သန်းရွှေဒါကိုသင်ခန်းစာယူပြီးဘာဆက်လုပ်ဘို့စိတ်ကူးလဲ။
R2P, Response to Protection လို့ခေါ်တဲ့ပြည်သူလူထုကိုမင်းဆိုးမင်းညစ်များပြစ်သတ်ခြင်းမှကာကွယ်ပေး
ရေးမူဘဲ။အဲဒီလူသားအချင်းချင်းကာကွယ်ရေးမူကိုဒီနှစ်ထဲမှာကုလသမဂ်ဂကသုံးတာ၂ခါရှိပြီ။
ဒီမူကိုနောက်ပိုင်းမှာအသုံးများမဲ့ popular resolution ဖြစ်လာမယ်။
အိုင်ဗရီကို့စ်ကမင်းဆိုးမင်းညစ် လော်ရင့်ဘက်ဂ်ဘိုကို ကုကသမဂ်ဂ က R2P Clause ကိုသုံးပြီးဝင်ဖမ်းလိုက်တာမှာ၊
အကမ္ဘာလုံးမှာရှိတဲ့အာဏာရှင်အားလုံးအတွက်ပြင်းထန်တဲ့သတိပေးချက်ဘဲ။
အချိန်ရှိခိုက်သိက္ခာရှိရှိနဲ့အမေစုနဲ့လက်တွဲပြီးစစ်မှန်သောဒီမိုကရေစီနဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်
ခေါင်းဆောင်သမှုပြုပြီးဒီမိုကရေစီစနစ်မှာအေးအေးလူလူအနားယူချင်လား။
ဂဒါဖီးခုကြုံနေရတဲံ့ဘဝဆိုးထဲရောက်ပြီးအသေဆိုးနဲ့သေချင်လား၊