
အီဂျစ် သမ္မတ ဟောင်း ဟိုစနီ မူဘာရက်
နှင့် သူ၏ အရိုက်အရာ ဆက်ခံ နိုင်ရန် စီစဉ်
ထား ရှိ သည့် သားဖြစ်သူ ဂါမယ် မူဘာရက်
နှင့် သားနှစ်ဦး တို့ အား အီဂျစ် တရား ရုံး မှ
ယနေ့ ဖမ်းဝရမ်း ထုတ်ပြန် ပေးမှု အရ ယနေ့ 
ဖမ်းဆီး ထိမ်းသိမ်း လိုက် သည် ဟု အီဂျစ်
တရားရေးဌာန ၏ ဖေ့ဘွတ် စာမျက်နှာ
တွင် သတင်း ဖော်ပြ ထားသည်။
ပြည်သူများ၏ အုံကြွ တွန်းလှန်မှု ကြောင့်
ဖေဖော်ဝါရီလ ၁၁ ရက် နေ့ က သမ္မတ ရာ
ထူးမှာ စွန့် လွှတ်ပေး ခဲ့ရသည့် မူဘာရက်သည်
ယမန်နေ့ က ၎င်း နေထိုင် ရာ ရှမ် အယ်(လ) ရှိတ် ရှိ
ဆေးရုံ တစ်ခု တွင် နှလုံး
ရောဂါ အခြေအနေ ဆိုးရွားမှု ကြောင့် တက်ရောက် ခဲ့ရသည်။
ယခု ဖမ်းဆီးထိမ်းသိမ်း မှု မှာ မူဘာရက် သမ္မတ အဖြစ် အာဏာကို ချုပ် ကိုင် ထားစဉ် အတွင်း ငွေကြေး
အလွဲ သုံးစား လုပ်မှု နှင့် လာဘ်စား မှု များ ကြောင့် ဖြစ်ကာ ဇန်န၀ါရီလ နှင့် ဖေဖော်ဝါ လူထု အုံကြွှ များ
တွင် ပစ်ခတ်မှု များ ကြောင့် ဆန္ဒပြသူများ သေဆုံးရ မှု အတွက် လည်း စစ်မေး မည် ဖြစ်သည်။
သမ္မတ ဟောင်း မူဘာရက် အား ရှမ် အယ် ရှိတ် ရှိ ပိရိမစ် ပုံ စံ တည်ဆောက် ထား သည့် ဆေး ရုံကြီး
တွင် စစ်ဆေး မေးမြန်း နေပြီ ဖြစ်သည်။
မူဘာရက် ကမူ သူသည် လာဘ် ပေး လာဘ် ယူ မှု မလုပ် ခဲ့ဘူး ဟု ငြင်းဆန်ထားသည်။
လက်ရှိ အိမ်စောင့် အစိုးရ နှင့် စစ်တပ် သည် မူဘာရက် လက်ထက် က ပြည်ထဲ ရေး ၀န်ကြီး အပါအ၀င်
ဝန်ကြီး ခြောက်ဦး နှင့် ထောက်လှမ်း ရေး ညွှန်ချုပ် နှစ်ဦး အပါအ၀င် အစိုး ရ အရာရှိ အများ အပြား ကို
ဖမ်းဆီးထားသည်။
အီဂျစ် ကာကွယ်ရေး ဦး စီးချုပ် ဟူစိန် တန်တော် ဝေသည် မူဘာရက် လက်ထက် က ပြည်နယ် အုပ်ချုပ်
ရေး မှုများ နှင့် အလဇန္ဒြီးယား မြို့ မှ ရဲမှုး တစ်ဦး တို့ ကို ရာထူး မှ ဖယ်ရှား ရန် ယမန်နေ့ က အမိန့် ထုတ်
ပြန်ခဲ့သည်။
ယမန်နေ့ ထုတ် ၀ါရှင်တန် ပို့ စ် သတင်းစာက မူဘာရက် ၏ ချမ်းသာ ကြွယ်ဝ မှုများ ကို ဤ သို့ ဖွင့်ချ
ထားသည်။
Mubarak
Related Articles
- Mubarak Denies Corruption and Defends His Legacy – New York Times (news.google.com)
- Mubarak: I Am Not Corrupt (newser.com)
