နေတိုး တိုက်ခိုက်မှု အရှိန်မြှင့်၊ အမေရိကန် တိုက်လေယာဉ်များ ပြန်လည် ပါဝင်

လစ်ဗျား လွတ်မြောက် ရေး အတွက် ကာတား နိုင်ငံ ဒိုဟာ တွင် ကျင်းပသည့် ထိပ်သီး အစည်း အဝေး

FNG၊ ၊လစ်ဗျား ခေါင်းဆောင် ကဒါဖီ ရဲ့ တပ် တွေ ကို အမေရိကန် တိုက်လေယာဉ် တွေက လည်း
ဒီနေ့ လေကြောင်း ကနေ တိုက်ခိုက်မှု လုပ် တယ်လို့  ပင်တဂွန် သတင်းထုတ် ပြန်မှု တစ်ခု မှာ ဖော်ပြ
ထား ပါတယ်။ မနေ့ က ဗြိတိသျှ နဲ့  ပြင်သစ် တိုက်လေယာဉ် တွေ ဟာ ကဒါဖီ ရဲ့ တင့် ကား အစီး
၂၀ ခန့် ကို ဖျက်ဆီး နိုင်ခဲ့ပြီး ဒီနေ့ မှာ တော့ အစီး ၃၀ ခန့် ဖျက်ဆီး နိုင်ခဲ့ တယ်လို့ အယ်(လ)ဂျာ
ဇီးယား ရုပ်သံ က ထုတ်လွှင့် ကြေငြာ သွား ခဲ့ပါတယ်။ နေတိုး အဖွဲ့ က လည်း လစ်ဗျား ခေါင်းဆောင်
ကဒါဖီ ရဲ့ တပ် တွေ ကို ပိုမို အရှိန်မြှင့် ပြီး တိုက် ခိုက် မယ်လို့ ဒီနေ့ ကြေငြာခဲ့ပါတယ်။

ဒီနေ့ မနက် အစောပိုင်းမှာတော့ အမေရိကန် တိုက်လေယာဉ် တွေဟာ ထရီပိုလီ မြို့ နားက ကဒါဖီ
ရဲ့  တာဝေး ပစ် အမြောက် လက်နက် တွေ ထားတယ် လို့ ယူဆ ရတဲ့ နေရာတွေ ကို လေကြောင်းက
နေတိုက် ခိုက် ခဲ့ပါတယ်။

လစ်ဗျား လွတ်မြောက် ရေး အတွက် ကာတား နိုင်ငံ ဒိုဟာ တွင် ကျင်းပသည့် ထိပ်သီး အစည်း အဝေး

ဒီသီတင်း ပတ် အတွင်းမှာ ပဲ ဗြိတိန် နဲ့  ပြင်သစ် ရဲ့ လေကြောင်း တိုက် ခိုက်မှု တွေ တိုးမြှင့် လုပ်
ဆောင် ခဲ့တဲ့ အတွက် အက်ဒါဘီယာ မြို့ ကို ပြန်လည် သိမ်းယူ နိုင်ခဲ့ပြီး ဘရေဂါ မြို့ ကို ပြန်လည် သိမ်းပိုက်
နိုင်ဖို့ တိုက်ခိုက် နေဆဲ ဖြစ်ပါတယ်။
လစ်ဗျား အစိုးရ နိုင်ငံခြားရေး ၀န်ကြီး ခါလစ် ကိမ်းက မစ်ဆူရာတာ မြို့  တိုက် ပွဲ မှာ လက်ဘနွန် က
ဟစ် ဇဘိုလာ က သူပုန်တွေ လည်း ပါဝင် တိုက် ခိုက် နေကြောင်း စွပ်ဆွဲထား ပါတယ်။ မစ်ဆူရာ
တာ မြို့ ကို ၀င်ဖို့ ကြိုးစား နေတဲ့ လစ်ဗျား သူပုန်တွေ ဟာ ပြင်သစ် တိုက်လေယာဉ် တွေ ရဲ့ အပြင်း
အထန် တိုက် ခိုက် မှု ကြောင့် အဲဒီ

ကာတာ နဲ့ ယူအေအီး နိုင်ငံတွေ က ကူညီပေးမှု ကြောင့် လစ်ဗျား နိုင်ငံ အရှေ့ ဘက်က သူပုန်တွေ
ထိန်းချုပ် ထား တဲ့ မြို့ မှာ မိုဘိုင်း ဖုန်း လိုင်း ဆက်သွယ်မှု တွေ ပြန်လည် ရရှိ ခဲ့ပါတယ်။ ယူအေအီး
နိုင်ငံ က မိုဘိုင်း ဆက်သွယ်ရေး လိုင်း ကို အီဂျစ် နိုင်ငံ ကတစ် ဆင့် ဘန်ဂါဇီ မြို့ ဆီ ကို ဆက်

လစ်ဗျား နိုင်ငံ အနောက် ပိုင်းမှာ သူပုန် တွေ ထိမ်းချုပ် ထား တဲ့ တစ်ခု တည်း သော မြို့ ဖြစ်တဲ့
မစ်ဆူရီတာ မြို့ ကို လစ်ဗျား ခေါင်း ဆောင် ကဒါဖီ ကို သစ္စာခံ တဲ့ တပ် တွေ မနေ့ က ၀ိုင်း ထားပေမယ့်
ဒီနေ့ ပြန်လည် ဆုတ်ခွား သွားကြာပါပြီ။

ကာတာ တိုက်လေယာဉ်များ

ပြင် သစ် နဲ့  အင်္ဂလန် နိုင်ငံ နဲ့  နေတိုး တပ်ဖွဲ့ ကလည်း ကဒါဖီ ကို စစ်ရေး အရ ပိုမို ဖိအားပေးမယ်
လို့ မနေ့ က ကာတာ နိုင်ငံ ဒိုဟာ မြို့ မှာ ကျင်း ပတဲ့ လစ်ဗျား ဆက်သွယ်မှု အုပ်စု ဆွေးနွေ ပွဲမှာ ပြော
ကြားခဲ့ပါတယ်။ ဒီဆွေးနွေး ပွဲ ကို လစ်ဗျား အတိုက် အခံ တွေ အပါအ၀င် ၊ ဗြိတန် နဲ့ ပြင်သစ် နိုင်ငံခြား
ရေး ၀န်ကြီး တွေ ၊ ကုလ သမဂ္ဂ အထွေထွေ အတွင်း ရေး မှုးချုပ် ဘန်ကီမွန်း နဲ့  လစ်ဗျား အတိုက် အခံ
တွေ ကို ကူညီ ထောက်ပံ့နေ တဲ့ အာရပ် နိုင်ငံ တွေ တက်ရောက် ခဲ့ပါတယ်။ အင်္ဂလန်
မှာ နိုင်ငံရေး ခိုလှုံ ခဲ့တဲ့ လစ်ဗျား နိုင်ငံခြားရေး ၀န်ကြီး ဟောင်း မူဆာ ခူဆာ လည်း ဒီ အစည်းအဝေး
ပွဲ ကို တက်ရောက် ခဲ့ပါတယ်။

ဒီအစည်း အဝေး ကနေ လစ်ဗျား သူပုန်တွေ ကို ငွေကြေး နဲ့  လက်နက် ကူညီထောက်ပံ့ဖို့ ဆုံးဖြတ်ခဲ့
တယ်လို့  CNN သတင်းမှာ ဖော်ပြထားပါတယ်။ ချမ်းသား တဲ့ နိုင်ငံ တွေ ပါဝင်တဲ့ လစ်ဗျား ဆက်သွယ်မှု
အုပ်စု ကို မေလ ဆန်းမှာ အီတလီ နိုင်ငံမှာ ထပ် မံ ကျင်းပ မှာ ဖြစ်ပါတယ်။

Contact Group, Al Jazeera