တရုတ် စားသောက် ကုန် ဈေးနှုန်းများ သည် မေလ က ထက် ၆.၆ ရာခိုင်နှုန်းထပ်မံ မြင့်တက်သွားပြီး
ယနေ့ မနက် ထပ်မံ ရရှိသည့် သတင်းများ အရ တရုတ် ယွမ် ငွေကြေး တန်ဖိုး ထပ်မံ ကျဆင်း ကာ
စားကုန် ဈေး နှုန်းများ မြင့် ဆက်လက်မြင့် တက်နေသည် ဟု သတင်း ရရှိသည်။ တရုတ် နိုင်ငံတွင်း သုံး ငွေကြေးတစ် မျိုး ဖြစ်သည့် ယွမ် ငွေကြေး ဖောင်းပွ မှု ကြောင့် တရုတ်
နိုင်ငံ ထုတ် ကုန် ပစ္စည်းများ ဆက်လက် ဈေးမြင့် တက် ဆဲ ရှိ နေပြီး ယခု ဖောင်းပွ နေ သည့်
နှုန်းထား ကို ဆက်လက် ထိမ်း သိမ်း နိုင်ခြင်း မရှိလျှင် တရုတ် စီးပွား ရေး သည် ပြိုလဲ နိုင်သည်
ဟု နိုင်ငံ တကာ ငွေကြေး ရံပုံငွေ အဖွဲ့ IMF က တရုတ် ပြည် ကို အကြံပေး ထားသည်။
မတ်လ လယ်က မြန်မာ ငွေ ၁၀၀၀ ကျပ် ကို တရုတ် ယွမ်ငွေ ၆.၆၀ ခန့် ရရှိခဲ့ သော်လည်း ယခု
၇.၂၀ ခန့်ရရှိ သည် ဟု မူဆယ် မြို့ မှ ကုန် သည် တသ်ဦး က ပြောသည်။
တရုတ် နိုင်ငံ တွင်း ထုတ် လုပ်သည့် ကုန် ပစ္စည်း တစ်ချို့ ၏ အရည်အသွေး ညံ့ဖျင်း မှုများ နှင့်
နိုင်ငံ တကာ စီးပွားရေး တုံ့ ဆိုင်း နှေးကွေး မှု များ ကြောင့် တရုတ် ၏ ပြည်ပ ၀င်ငွေ ကျဆင်းမှု
ပေါ်ပေါက် လာရခြင်းသည် စီးပွား ရေး နှေး ကွေး စေသည့် အချက် ဖြစ်သည် ဟု ဘောဂ ဗေဒ
ပညာ ရှင် များ က ထောက် ပြကြသည်။
” တရုတ် စီးပွားရေး နှင့် ရင်းနှီး မြုပ်နှံ မှု ဆိုင်ရာ အချက် အလက် အမှန် တွေ ကို ဖော်ထုတ်ဖွင့်
ချမှု တွေ ကြောင့် တရုတ် စီးပွား ရေး ဟာ အခု လို ကျဆင်း ခြင်း ဖြစ်တယ်လို့ ” လည်း တရုတ်
နိုင်ငံ ရေး ကျွမ်းကျင် သူ ဟာဗတ် တက္ကသိုလ် ပါမောက္ခ ဒယ်နီရယ် ရောစ် က ပြောသည်။
တရုတ် ၀န်ကြီးချုပ် ၀မ်ကျား ပေါင် က မမှန် ကန်သည့် အချက်အလက် များ ဖော်ထုတ် သူတွေ
ကို အရေးယူမှာ ဖြစ်ပြီး တရုတ် စီးပွားရေး ကတော့ ပုံမှန် ပဲ ဟု သတင်း ထောက် များ ကို ပြော
ကြားခဲ့သည်။
အမေရိကန် ရင်းနှီးမြုပ် နှံ သူ ဂျော့ ဆိုရောစ် က တရုတ် ငွေကြေး တန်ဖိုး ကျဆင်း မှု သည်
စိုးးရိမ်း စရာ အခြေ အနေ ဖြစ်သည် ဟု သုံးသပ် ပြောကြားသည်။
တရုတ် နိုင်ငံ တွင် လူသုံး ကုန် ပစ္စည်း ဈေးနှုန်း များ သာ မက အခြေ ခံ စား ကုန် ဈေးနှုန်းလည်း
ဆက်လက် မြင့် တက် လျှက် ရှိသည်။ တရုတ် နိုင်ငံ တွင် ကုန် ဈေး နှုန်းများ မှာ မတ် လ အတွင်း
၅.၈ ရာခိုင်နှုန်း မြင့် တက် သွားသည်။
တရုတ် နိုင်ငံ တွင် ငွေကြေး ဖောင်းပွ မှု နှုန်းဆက် လက် မြင့် တက် နေသောကြောင့် ဟောင်ကောင်
ဂျပန် နှင့် စင်္ကာ ပူ နိုင်ငံ တို့ မှ စတော့ အညွန်း ကိန်းများ ဆက်လက် ထိုး ကျ လျှက် ရှိသည်။
ပြီးခဲ့သည့် နှစ် အောက်တိုဘာလ က တရုတ် နိုင်ငံ သည် ဂျပန် နိုင်ငံ ကို ကျော် ဖြတ်ပြီး ကမ္ဘာ့ 
ဒုတိယ စီးပွားရေး အင်အား အကြီး မား ဆုံး နိုင်ငံ ဖြစ်ခဲ့သည်။
အမေရိကန် ဒေါ်လာ နှင့် လဲလှယ် ရာတွင် တရုတ် ယွမ်ငွေတန် ဖိုး ယနေ့ ထပ်မံ ကျဆင်းသွား ပြီး
၁ ဒေါ်လာလျှင် ယွမ်ငွေ ၆.၅ အထိမြင့် တက်သွားသည့် ယခု နှစ်ဆန်း ပိုင်းက ၅.၈ မှ နေ၍ ငွေကြေး
ဖောင်းပွမှု တက်သွားခြင်းဖြစ်သည်။
CHINA

တရုတ် က အစကတည်း က လူမူေ၇း နားလည် သူမှမဟုတ်တာ၊ သူတို့ရဲ့ လူမဆန်တဲ့ စီးပွားရေးစနစ်၊ ကိုယ်ကျင့်တရားမရှိတဲ့ အတွက် ပျက်စီးမှုကို မှုချတွေ့၇မှာပါ၊
တ၇ုတ်စက်တ၇က်စုတ်လေ
တရုတ်တွေ လုပ်စားနေတာကြာပါပြီ၊ အရည်အသွေးကို လိုက်နေတဲ့ခေတ်မှာ တစ်နပ်စားကြံလုပ်ချင်တာ၊ ခံရတာနည်းတောင် နည်းသေးတယ်။ တို့မြန်မာပြည်သူပြည်သားတွေလည်းခံနေရအုံးမှာပါပဲ။ ဆင်းရဲချွတ်ခြုံလွန်းလို့ ဈေးပေါလို့သာဝယ်နေ၊ သုံးနေကျတာ၊ သုံးလိုက်တဲ့တရုတ်ပစ္စည်း၊ ကိုင်လိုက်တဲ့တရုတ်ပစ္စည်း၊ စားလိုက်ရတဲ့တရုတ်ပစ္စည်း၊ ဘယ်လောက်ဘယ်လောက်များ လူ့ခန္ဒာကိုယ်ကို အဆိပ်သင့်စေပြီး၊ ယိုယွင်းဆွေးမြေ့ စေပြီလဲမသိဘူး။ သူများအစိုးရတွေက တော်လို့၊ ကိုယ့်ပြည်သူကို အလိမ်အညာအန္တရာယ်ပစ္စည်းစားသောက်ကုန်ကနေ အချိန်မှီကယ်တင်ကြပေမယ့်၊ တို့မြန်မာအစိုးရကတော့ ဘယ်သူသေသေ ငတေမာဆိုတဲ့ ဖိုးတရုတ်အတိုင်းပါပဲ။ ဖိုးတရုတ်ပိုက်ဆံနှုန်းမကဘူး၊ သူ့ရဲ့ လူမဆန်တဲ့ စီးပွားရေးစနစ်၊ ကိုယ်ကျင့်တရားမရှိတဲ့ အုပ်ချုပ်မှုစနစ်ကြီး အမြန်ကျဆုံးပါစေ။
တရုတ် က အစကတည်း က အင်အားကြီး နိုင်ငံ လို့ ကမ္ဘာ က ထင်အောင် စာရင်းလိမ်ပြ ပြီး ချမ်းသာတာ ကို အခုတော့ သွားပြီ
In U.S.A,white,black,yellow & technical color men& women like chinese-beggers because of having to use china’s worest goods at every where & when.
If we looked at Developmental countries,Japan,S-Korea,Singapore,Thailand & others,firstly! they used to open their doors of Marketing Economy on Policy of Gathering,Copying & making(G.C.M)and then,produced more & more quannity to quality in regional markets to global markets.For example!Japan’s goods couldn’t be very good firstly although cheap & beauty on persuading of coustomers but finally! could promote goods’ quality( For example!Japan’s modern beautiful cars on cheap fuel oil costs but china’s goods became more & more wore and falling down in global markets.