” အံ့သြစရာကောင်းတာက ကျွန်တော့်ဆောင်းပါးထဲမှာ ခိုးကူးကိုဖမ်းပေးဖို့ တောင်းဆိုတာနဲ့ပါတ်သက်
သမျှ စိစစ်ရေးကဖြတ်တာပါပဲ”
ချိုတူးဇော်၊ ၊နိုင်ငံတကာမှာ ရုပ်ရှင်ဇာတ်ကားတကားကိုဖန်တီးထုတ်လုပ်ကြပြီဆို ထုတ်လုပ်သူက
စ ပါတယ်။ နာမည်ကျော်ကားတကားဖြစ်တဲ့ Adventurers ဆိုရင် အဲဒီဝတ္ထုကို ကိုင်ပြီး ပရိုဂျူဆာလင်
မယားဟာနှစ်ပေါက်အောင် ဒီဇာတ်ကိုရိုက်ဖို့သင့်လျော်တဲ့ ဒါရိုက်တာကို ရှာခဲ့ကြတယ်တဲ့။
နောက်ဒါရိုက်တာ ကိုတွေ့ပြန်တော့လည်း ဒါရိုက်တာအပါအ၀င် လင်မယားနှစ်ယောက်ခေါင်း သုံးခေါင်း ဆိုင်ပြီး
ဘယ်မင်းသားနဲ့ ရိုက်ရင်ကောင်းမလဲဆိုတာ တခါ ပြန်ရှာကြပြန်ပါတယ်။နောက် ရိုက်ဖြစ်တော့ နာမည်ကြီး
မင်းသားမင်းသမီးတွေမသုံးပဲ၊ Partisanဆိုတဲ့ကားလေး တကားမှာပါတဲ့မျက်နှာသစ်ခေါင်းဆောင် မင်းသားတလက်ကိုသဘောကျပြီး ရွေးချယ်ရိုက်ကူးဖြစ်ခဲ့ပါတယ်။
နောက်တော့ အဲဒီကားက အောင်မြင်လိုက်တာလေ။ မကြာသေးခင်က မြန်မာပြည်ကိုလာလည်သွားတဲ့
အစ္စရေးဒါရိုက်တာတယောက် ကို ဦးဝင်းငြိမ်းအင်တာဗျူးလုပ်တော့လည်း အဲဒီဒါရိုက်တာက သူ့ရဲ့ပေါက်
ကားဟာ မျက်နှာသစ်တွေနဲ့ချည်းပဲ ရိုက်တာလို့ပြောပြသွားခဲ့တယ်။
ဦးဝင်းငြိမ်းက ဒီမှာတော့ မင်းသားမင်းသမီးနဲ့ ဈေးကွက်တည်တဲ့အကြောင်းပြောတဲ့အခါမှာ အစ္စရေးဒါရိုက်
တာက သူတို့ဆီမှာတော့ဇာတ် ကားသာလျှင်အဓိက ဇာတ်ကားကောင်းရင်အောင်မြင်တာချည်းပဲ၊ပိုက်ဆံရ
တာချည်းပဲ လို့ပြန်ဖြေခဲ့ပါတယ်။ ဒါတွေကို ဖတ်ရမှတ်ရတော့ မြန်မာပြည်ရဲ့ ဗီဒီယိုရုပ်ရှင်လောက ကိုစိတ်
ပျက်စိတ်ကုန်အော့နှလုံးနာစိတ်က တိုးသထက်တိုးလာရပါတယ်။
ကျွန်တော် ဟိုးအစမှာဖေါ်ပြခဲ့သလိုပဲ ဗီဒီယိုဟာ ရုပ်ရှင်ကပေါက်ဖွားလာခဲ့တဲ့အတွက် တာထွက်ကောင်းခဲ့ပေမယ့် တဖြည်းဖြည်းဈေးကွက်
တည်ဆောက်မှုပုံသဏ္ဍန်မှားယွင်းတဲ့အတွက် ပုံမကျပန်းမကျကြီးထွားလာခဲ့တယ်။နောက်ဆုံးမှာပုံပျက်ပန်းပျက်ရှင်သန်နေတာ ခုချိန်ထိပါ
ပဲ။ ဒီပုံပျက်ပန်းပျက်ဗီဒီယိုမှာ ဟိုးအရင်က ရွာနေအိမ်ထိုင် ပရိုဂျူဆာကြီးတွေလည်းမရှိတော့ပါဘူး၊ဒါရိုက်တာကြီးတွေအများစုကလည်း မရိုက်ကြတော့ပါဘူး။သူတို့အသက်အရွယ်တွေနဲ့မင်းသားမင်းသမီးကို ရက်မချိတ်ချင်၊ဘယ်တိုက်ကိုမှလည်း ၀င်ထွက်ချင်တော့ပုံမရ
တော့ဘူး။ ဒါရိုက်တာကြီးတွေသာ အနားယူသွားတယ်၊မြန်မာ့ဗီဒီယိုရုပ်ရှင်လောကမှာ ဘယ်လောက်ဒါရိုက်တာဖေါင်းပွသလဲဆိုရင် ၃၅ လမ်းထဲဝင်တိုက်မိရင် မမေးနဲ့ ဒါရိုက်တာပဲလို့ပြောစမှတ်ပြုရတဲ့အထိပါ။ လူတိုင်းဒါရိုက်တာလုပ်လိုက်ကြတာ။ ဗီစီဒီရိုက်တဲ့သူကလည်း
ဒါရိုက်တာ၊ တီဗီအစီအစဉ်ရိုက်တဲ့သူကလည်း ဒါရိုက်တာ၊ကြော်ငြာရိုက်တဲ့သူကလည်း ဒါရိုက်တာ၊ကင်မရာမင်းကတက်လုပ်တဲ့ဒါရိုက်တာ
သရုပ်ဆောင်ကတက်လုပ်တဲ့ဒါရိုက်တာ၊ပိုက်ဆံရှိလို့ထလုပ်တဲ့ဒါရိုက်တာ များလိုက်တဲ့ဒါရိုက်တာတွေ။ ဒါရိုက်တာတွေဟာ များတဲ့အဆင့်
ကိုကျော်ပြီး ပေါ တဲ့အဆင့်ကိုရောက်လာတော့ အထင်သေးခံရ၊အနှိမ်ခံရတော့တာပေါ့။ ဘာပညာရည်မှမ၀တဲ့လူတွေက ရိုက်ကွင်းပေါ်မှာ
မင်းသားက ပြောသမျှ၊ပြင်သမျှကို ခေါင်းတညှိတ်ညှိတ်နဲ့ လက်ညှိုးထောင်ခေါင်းညှိတ်လုပ်ပြီး ဒါရိုက်တာနာမည်ခံတော့ လည်းဒါရိုက်တာ
ဆိုတာ အထင်ကြီးစရာမရှိတော့ပါဘူး။
အဲဒီလို ပုံပျက်ပန်းပျက် ဗီဒီယိုကနေ ရုပ်ရှင်ကိုပြန်မွေးဖွားလိုက်တော့ ဒီနေ့ ရုံတင်နေတဲ့ ဇာတ်ကားတွေမှာ လာထားတွေ၊အာဘွားတွေ၊
ဖြစ်ကုန်ရော။ ဒါရိုက်တာဆိုတာ ကင်မရာဝပ်ခ်စ်တွေသိရမယ်၊ဇာတ်ညွှန်း၊တည်းဖြတ်၊အက်တင် စတဲ့အခြေခံတွေကိုသိရမယ်ဆိုတာထက်
မက ဒါရိုက်တာကောင်းတယောက်ဖြစ်ဖို့ဆိုရင် Mature and Intellectual ရင့်ကျက်မှုနဲ့အကြားအမြင်ကြွယ်ဝမှု ရှိရမယ်ဆိုတာကအရေး
ကြီးဆုံးပါ။ ဒါမှ ဒီပြကွက်ဟာ ဖြစ်နိုင်မဖြစ်နိုင်၊ယုတ္တိတန်၏မတန်၏။အပြင်မှာ ရှိသည့်တိုင် ပြသင့်မပြသင့် ချင့်ချိန်နိုင်မှာဖြစ်ပါတယ်။
ခုတော့ မိဘရှေ့ခြေကလိန်ချိတ်ထိုင်နေတဲ့ သားနဲ့၊အဖေရှေ့မှာ ရည်းစားကို ပုခုံးတမီမီလုပ်နေတဲ့သမီးနဲ့အက်တင်တွေက စ မှားတော့
တာပါပဲ။
ကိုယ်ပြလိုက်တဲ့ ပြကွက်တိုင်းဟာ ကိုယ့်တိုင်းပြည်၊ကိုယ့်လူမျိုးကိုယ့်လူ့အဖွဲ့အစည်းကိုကိုယ်စားပြုနေတယ်လို့ နိုင်ငံရေးအမြင်မှမရှိရင် ဘယ်လိုလုပ်ပြီး ဒါရိုက်တာကောင်းဖြစ်မှာလဲ။ ခုတော့ဗျာ မြန်မာ့ရုပ်ရှင်ဈေးကွက်က ဘယ်လိုဖြစ်နေလဲဆိုတော့ ဆာမိဈေးကွက်၊ဆာမိအနုပညာ သာဖြစ်နေပါတော့တယ်။ ဆာမိ ဆိုတာ ၃၅ လမ်းထဲကို ကုမဏီတခုရဲ့ လက်တိုလက်တောင်းလုပ်ပေးရင်း ၀င်လာတဲ့ ကုလားလူမျိုးတယောက်ပါ။ ရုပ်ရှင်လောကသားပါးဝလာတာနဲ့အမျှ ဆာမိက မန်နေဂျာဖြစ်
လာတယ်။(ခုတော့ ကုမဏီ ၃ ၄ ခုကိုကိုင်ထားတဲ့ စူပါမန်နေဂျာပါ)။ သူ့ဖါသာအရည်အချင်းရှိလို့ မန်နေဂျာပဲလုပ်လုပ်၊ဒါရိုက်တာပဲလုပ်
လုပ် ကုလားဖြစ်ဖြစ်တရုတ်ဖြစ်ဖြစ် မုဒိတာပွားရမှာဖြစ်ပေမယ့် ဆာမိက စတီးလ် ဆိုတဲ့နာမည်နဲ့ ဇာတ်ညွှန်းတွေရေးပါတယ်။ စတီးလ် ဆိုတာ steal ခိုးသည်ဆိုတဲ့အဓိပါယ်နဲ့ယူတာတဲ့။ ဆာမိ ရဲ့ဇာတ်ညွှန်းတွေက ရှိရှိသမျှ တမီလ်ကား၊ဟိန္ဒူစတန်နီကား၊အာရဗီကား ကုလားကားမှန်သမျှကို ဖြတ်ညှပ်ကပ်ပြီး ရေးတာပါ။ ဖြစ်ချင်တော့ ပရိတ်သတ်ကလည်း ကြိုက်ကြသတဲ့ဗျာ။ ဒီလိုနဲ့ ဆာမိမှဆာမိ၊ ဆာမိ ဟာ ချိုတူးဇော်အပါအ၀င်၊မောင်မျိုးမင်း(ရင်တွင်းဖြစ်)၊မီးပွား၊မိုက်တီး ရှိရှိသမျှဒါရိုက်တာအားလုံးထက်ကိုမြန်မာ့ရုပ်ရှင်မှာသြဇာရှိတဲ့ သူဖြစ်လို့နေပါတယ်။ ရုံတင်ခဲ့တဲ့ ရှော့ခ် စီရီးတွေဟာ သူ့လက်ရာတွေပေါ့။ ဟော့ရှော့ခ်တို့ဘာတို့လေ။ ဒီတော့ ငွေရှာကောင်းတဲ့ ဆာမိ
ကို ကိုဆာမိမှကိုဆာမိ ကုမဏီတွေက ပင့်ထားကြပါတယ်။ သူ့ကုသိုလ်နဲ့သူအကျိုးပေးတာကိုပြောစရာမရှိပေမယ့် ဆာမိကကျွန်တော်
တို့လို ဒါရိုက်တာအုပ်စုတွေကို အတ်ကြောင်တွေလို့သတ်မှတ်ပြီးဝေဖန်သမှုပြုပါသေးတယ်။ ခုခေတ်က ပလော့တ်ခေတ်တဲ့။ ဘယ်သူမှ
ရုံထဲလာပြီးဇာတ်လမ်းတွေထိုင်မကြည့်ချင်ဘူး၊စကားတွေနားမထောင်ချင်ဘူး။အခန်းတိုင်းအစအဆုံး ရယ်နေအောင်လုပ်နိုင်ဖို့ပဲလိုတယ်၊
ယုတ္တိယုတ္တာရှိစရာမလိုဘူး။ဘာမက်ဆေ့ခ်ျမှ မလိုဘူး တဲ့ ။ အနုပညာကိုမြတ်နိုးတဲ့သူတိုင်း အော်ဂလီဆန်စရာစကားပေမယ့် လောလောဆယ် ရုံထဲဝင်လာတာ ဆာမိ
ပရိတ်သတ်ချည်းပဲမို့ ကျွန်တော်တို့ ဘာမှမပြောသာပါဘူး။
ပရိုဂျူဆာတွေကလည်း ဆာမိမှဆာမိ တမိတည်းမိနေကြတော့ ရုပ်ရှင်အစည်းအရုံးဝင်းထဲက ရုပ်ရှင်သမိုင်းပြတိုက်ရှေ့ ရုပ်ရှင်ဖခင်ကြီးများဖြစ်တဲ့ ဦးညီပုတို့ရုပ်တုတွေနားမှာ ဆာမိ ရုပ်တုကိုပါ ထားဖို့ပဲ ကျန်ပါတော့တယ်။
ဗီဒီယိုကို အောက်ကားအထက်ကားစုံအောင်ရိုက်ပြီး နည်းမျိုးစုံနဲ့ဈေးကွက်ကိုမွှေနှောက်ဖျက်ဆီးသွားတဲ့ ကုမဏီကြီးလည်း ခုတော့ ရပ်လို့သွားပါပြီ။ အဲဒီကုမဏီကြီးဟာ သူတင်တဲ့ မင်းသား ၂ လက်စလုံးအခြေအနေမကောင်းတဲ့အခါ တလောကလုံး ရှိသမျှဈေးကွက်
ဝင်မင်းသားတွေကို ပတ်ဝယ်ပြီး နယ်ကို သူကိုယ်တိုင်ဆင်း သူ့မင်းသားတွေကိုဝယ်မယ်ဆိုရင် အဲဒီ စူပါမင်းသားတွေကို ဘယ်လိုလျှော့
ဈေးနဲ့ရမယ်ဆိုပြီး တွဲရောင်းလိုက်တာ စူပါမင်းသားတွေပါ တပြုံတခေါင်းကျသွားတဲ့အဖြစ်ကို ရင်ဆိုင်ခဲ့ရပါတယ်။ ပြောရရင် အဲဒီ ပရိုဂျူဆာအမျိုးသမီးဟာ စီးပွားရေးလုပ်တာအရမ်းတော်ပါတယ်။ ဒါပေမယ့် စီးပွားရေးပဲလုပ်ရမှာဖြစ်ပြီး အနုပညာလောကထဲကို စီးပွားရေးလိုလာလုပ်တာပဲ ဆိုးတာပါ။ သူ့လုပ်ရည်ကိုင်ရည်နဲ့ ဗီဒီယို မဖြန့်ပဲ ခြင်ဆေးခွေတို့၊ငံပြာရည်တို့ရောင်းရမှာ။
သူနားမလည်တာက အနုပညာဆိုတာ ဘာလဲဆိုတာပါပဲ။ အနုပညာဆိုတာ အဲဒီလူ့အဖွဲ့အစည်းရဲ့ အဆင့်အတန်းကိုကိုယ်စားပြုတယ်၊
အဲဒီလူ့အဖွဲ့အစည်း ဘယ်လောက်အဆင့်အတန်းရှိတယ် ဆိုတာ အဲဒီ လူ့အဖွဲ့အစည်းကထွက်လာတဲ့ အနုပညာအရည်အသွေးတွေနဲ့
ဆုံးဖြတ်တယ်ဆိုတာတွေလည်း သိဟန်မတူပါဘူး။ ဒီအလုပ်ကို ငွေနဲ့တည်ဆောက်လာတဲ့အချိန်ကစပြီး ဒီလောက ပျက်ခဲ့တာပါပဲ။
ဒီလိုအဖက်ဖက်ကပျက်စီးယိုယွင်းမှုတွေကို ဘယ်လိုနည်းနဲ့ ပြန်ဆယ်ရပါ့ဆိုပြီး ကျွန်တော်နဲ့ရုပ်ရှင်ချစ်တဲ့ လောကသူငယ်ချင်းရောင်းရင်း
တွေ ၀ိုင်းတွေးဆကြတော့ နည်းလမ်းတခုပြန်တွေ့ပါတယ်။ အဲဒါက စနစ်ပြောင်းဖို့ပါ။
`မင်းသားဗဟိုပြုစနစ်´ ကနေ ` ဇာတ်ကားဗဟိုပြုစနစ်´ ကိုပြောင်းဖို့ပါ။ နိုင်ငံတကာမှာလို ဇာတ်ကားတကားကောင်းဖို့ ၀ိုင်းပြီးတက်ညီလက်ညီကြိုးပမ်းကြမယ်၊ကောင်းရင်ကောင်းသလို အကျိုးခံစားခွင့်တွေရကြမယ်ဆို အားလုံးကြိုးစားကြမှာပါ။ ဗီဒီယိုကျင့်ဗီဒီယိုကြံကြံပြီးပျက်ခဲ့ရတဲ့ မြန်မာ့ရုပ်ရှင်ကို ပြန်အဖတ်ဆယ်ဖို့ အဓိက သော့ချက်က ဗီဒီယိုကိုပဲပြောင်းရပြင်ရမှာလို့ကျွန်တော်
မြင်ပါတယ်။ ဗီဒီယိုလောကကြီး မင်းသားဗဟိုပြုစနစ်နဲ့ လည်ပတ်နေသေးသရွေ့ ကျွန်တော်တို့ ရုပ်ရှင် ရဲ့အရည်အသွေးဟာနိမ့်ကျနေဦး
မှာပါပဲ။ ခက်တာက ဗီဒီယိုထုတ်လုပ်မှုနှုန်းဟာ တလကို အနည်းဆုံး ကားလေးဆယ်ကနေ၊ ကားတရာကျော်ပါတယ်။ ဘယ်နိုင်ငံမှ ဒီလောက်များမယ်မထင်ပါဘူး။ ဒါတောင် စနစ်တကျကျောင်းတွေ၊သင်တန်းတွေရှိတာမဟုတ်ဘူးနော်။ မြန်မာလူမျိုးတွေဟာ အင်မတန်မှ
ပွဲကြိုက်တဲ့လူမျိုးဆိုတာ ဗီဒီယိုက သက်သေထူနေပါတယ်။ ကောင်းကောင်းမကောင်းကောင်း ပြန်လာရင် အခွေတခွေကတော့ဆွဲလာငှား
လာပြီးကြည့်ကြတာပါပဲ။ ခုတော့ ကြည့်တဲ့နှုန်းသိသိသာသာကျလာပြီထင်ပါတယ်။အဲဒီလိုကားထွက်နှုန်းနဲ့ စူပါထိပ်ဆုံးရောက်နေတဲ့ မင်း
သားရဲ့အိုက်တင်ကိုသေချာကြည့်ကြည့်ပါ ။ဒီကားမှာလည်း ဒီမျက်နှာ၊နောက်တကားလည်းဒီမျက်နှာ၊ဒီဇာတ်ရုပ်လည်းဒီအက်တင်၊နောက်
ဇာတ်ရုပ်လည်းဒီအက်တင် အင်မတန်မှစိတ်ပျက်စရာကောင်းပါတယ်။ မင်းသမီးတွေဆိုလည်း အသံလေယူလေသိမ်းကအစလွဲနေတယ်။
အဓိက ကာရိုက်တာ ဆိုတာ ဘာလဲသူတို့သဘောကိုပေါက်ကြဟန်မတူပါဘူး။ ပိုဆိုးတာက မော်ဒယ်တွေကနေ ဖြစ်လာတဲ့ မင်းသမီးတွေ၊မင်းသားတွေပါ။ မော်ဒယ်ရဲ့ အဓိက sense က smart ပါ။ အက်တာရဲ့ အဓိက sense က character ပါ။မော်ဒယ်တယောက်အဖို့ စားတာသွားတာလာတာအမြဲတမ်း စမတ်ကျဖို့လိုပေမယ့် အက်တာကတော့ ဇာတ်ရုပ်အရ လိုအပ်ရင် နှာခေါင်းထဲလက်ထည့်ရတယ်။ဒူးထောင်ပေါင်ကားထိုင်ရတယ်။ ခုတော့ တက္ကသိုလ်ကျောင်းသူသာလုပ်တယ် ထိုင်ကော့ကော့၊
သွားကော့ကော့၊ရပ်ကော့ကော့ မော်ဒယ်ကော့ကော့နေတော့ ဘယ်လိုမှ ပကတိဖြူစင်တဲ့ကျောင်းသူဟန်မမိတော့ဘူး။ဆိုးတာက အဲဒီကော့ကော့ကိုပဲ ပရိတ်သတ်က ကြိုက်ကြအားပေးကြတော့ ကျွန်တော်တို့ကပဲ မှားနေသယောင်ယောင် ဖြစ်ရတယ်။ ဒါပေမယ့် ကျွန်တော်တထစ်ချပြောရဲတာက တကယ့် ဥာဏ်ရည်ဥာဏ်သွေးမြင့်တဲ့၊စဉ်းစားတွေးခေါ်နိုင်တဲ့ ရုပ်ရှင်ကို အဆင့်အတန်းရှိရှိကြည့်တတ်
တဲ့ မြန်မာပရိတ်သတ်တွေက မြန်မာကားကိုလုံးဝမကြည့်တော့ဘူးဆိုတာပါပဲ။
ရန်ကုန်မြို့၊မန္တလေးမြို့ရဲ့လမ်းတွေပေါ်မှာ ဗန်းကလေးတွေနဲ့ နိုင်ငံတကာကရုပ်ရှင်ကားတွေက လွယ်လွယ်ကူကူဝယ်လို့ရပါတယ်။ ရိုးရိုးကူးခွေဆို တထောင်ဖိုးလေးခွေ၊ဒိုင်မှာငါးခွေ၊ ကွာလတီခွေဆို ငါးရာ။တခွေကို ၂၀၀ နဲ့ တရုတ်ကား၊ဟောလီးဝုဒ်၊ဘောလီးဝုဒ်၊ကိုရီးယား အကုန်ရပါတယ်။ စပါယ်ရှယ်အဖက်တွေ တလှေကြီးလုပ်ထားလည်း ၂၀၀ပဲ။ လူတွေထောင်ချီသုံးထားလည်း ၂၀၀ ပဲ။ လာမပြောနဲ့ အားလုံး ၂၀၀ ပဲ။ အဲ အဲဒီမှာ မြန်မာဗီဒီယိုက စူပါမင်းသားအာရ်စီကြေး တခွေကို
၄၅၀၀ ၊ ၃၆၀၀ စသဖြင့်ယူပါတယ်။ ဒီတော့ ပရိတ်သတ်အနေနဲ့စဉ်းစားကြည့်ပါဦး။ ဒီဗီဒီ ကွာလတီ ကိုရီးယားကားတချပ် ၂၀၀ နဲ့ အိမ်
ရှင်မတွေဟာ ၀ယ်ပြီး မီးပူတိုက်ရင်းကြည့်၊ဟင်းရွက်သင်ရင်းကြည့် ကြည့်ကြပါတယ်။ မြန်မာဗီစီဒီကျတော့ ငှားခ ၂၀၀ နဲ့ကွာလတီက
တော့ အထွေအထူးမပြောတော့ပါဘူး။ အဲဒီ ၂၀၀ ဈေးကွက်ထဲကို မြန်မာကား၊မြန်မာခွေချကြည့်ရင် ၀ယ်မယ်ထင်လားဆိုတော့ ကျွန်တော်တော့ ထင်တယ်လို့ယုံယုံကြည်ကြည်ပြောရဲပါတယ်။မြန်မာတွေက မြန်မာကားကောင်းရင် ဘာဟောလီးဝုဒ်၊ဘာဘောလီးဝုဒ်၊ဘာကိုရီးယားမှ မမက်ပါဘူး။မြန်မာတွေအကြိုက်ဆုံးက မြန်မာကားပါ။ ကျွန်တော်ဒီလို ကြံဆကြည့်ပါတယ်။ မြန်မာကားကို မျက်နှာသစ်လေးတွေနဲ့ရိုက်မယ်။ဇာတ်လမ်းဇာတ်ညွှန်းနဲ့သေသေသပ်သပ်ကွာလတီဖြစ်အောင်ရိုက်ပြီး ၂၀၀ ဈေးကွက်ကိုတင်မယ်။ တချပ်ကို ၅၀ ပဲမြတ်တယ်ထား၊ အချပ် တသိန်းဆို သိန်းငါးဆယ်၊ တနိုင်ငံလုံးမပြောနဲ့ ရန်ကုန်ဈေးကွက်တောင် အချပ်ရေ သုံးလေးငါးသိန်း ရှိပါတယ်။ ဒီတော့ ခုဈေးကွက်ထက်တောင်သာနိုင်ပါတယ်။ အဲဒီလိုဆို ပရိုဂျူဆာအသစ်လေးတွေ၊ဒါရိုက်တာအသစ်လေးတွေ၊သရုပ်ဆောင်သစ်လေးတွေ ရိုက်ကြတယ်။ကားလေးက အရမ်းကောင်းတယ်ဆို ချပ်ရေ ၃ ၄သိန်းတာသွားမယ်။ ဒါဆို အပြိုင်အဆိုင် ကွာလတီကောင်းအောင် ကြိုးစားလာကြမယ်။ကြိုးစားလာနိုင်မယ်ပေါ့။ စူပါမင်းသား
စူပါဒါရိုက်တာဖြစ်ပေမယ့် ကားမကောင်းရင် ချပ်ရေ ထောင်ဂဏန်းလောက်မှာ ရပ်သွားမယ်။ဒီလိုနည်းနဲ့ တဖြည်းဖြည်း ဇာတ်ကားဗဟို
ပြုစနစ်ကို တည်ဆောက်လာနိုင်မယ်။ဒီနည်းနဲ့ ရုပ်ရှင်ပါ ကွာလတီပြန်ဖြစ်လာမယ် လို့။
ဒါပေမယ့် ၀မ်းမသာကြပါနဲ့ဦး။အဲဒီနည်းကိုအောင်မြင်အောင်လုပ်ဖို့ ကျွန်တော်တို့ အဓိက လိုနေတာက တရားဥပဒေစိုးမိုးရေးပါ။
နေ့စဉ်နဲ့အမျှ ရုပ်မြင်သံကြားကနေ နားလျှံနေအောင်ကြားနေရတဲ့ တရားဥပဒေစိုးမိုးရေး ဟာ ပြောရရင် ရန်ကုန်မန္တလေးမြို့ကြီးတွေကစပြီး၊တနိုင်ငံလုံးဘယ်မှာမှ မရှိပါဘူး။ ကျွန်တော်တို့ အခိုးခံနေရတယ်။ကျွန်တော်တို့ရဲ့ ဗီဒီယိုခွေတွေကို ခိုးပြီးပြောင်ပြောင်တင်းတင်းလမ်းပေါ်မှာချရောင်းနေတာ ကို လက်ပိုက်ကြည့်နေကြရပါတယ်။ သွားတိုင်လည်း ဘာမှထိထိရောက်ရောက်အရေးယူခြင်းမရှိပါဘူး။
တနှစ်တနှစ် မြန်မာ့ရုပ်ရှင်နိုင်ငံတကာကိုထိုးဖေါက်ဖို့လို့ အာပေါင်အာရင်းသန်သန်ပြောပြောနေတဲ့ ပါးစပ်ကြီးသာ ပုပ်သွားမယ် ခိုးကူးခွေ
တော့ ဖမ်းမပေးပါဘူး။
ခိုးကူးခွေ ဖမ်းမပေးတာဟာ အခြေခံလူတန်းစားတွေ စားဝတ်နေရေးကို အဓိကငဲ့လို့လို့သတင်းလွှင့်ပါတယ်။အလကားပြောတာပါ။ ခုနက စနစ်သာတည်ဆောက်မယ်ဆိုရင် မြန်မာပရိတ်သတ်တွေ ပိုပြီးတော့တောင်သက်သာချောင်ချိတဲ့ ဈေးနှုန်းနဲ့ကြည့်ရမှာဖြစ်သလို၊ လမ်းဘေးက ဗန်းနဲ့ဈေးသည်လေးတွေလည်း တရားဝင်ခွေရောင်းတဲ့ဈေးသည်လေးတွေဖြစ်လာမှာပါ။
ဒီခိုးကူးခွေတွေ ဘယ်ကထွက်တယ်ဆိုတာကို တိတိလင်းလင်းမဖေါ်ထုတ်နိုင်တာလား၊မဖေါ်ထုတ်ရဲတာလား၊ဖေါ်ထုတ်ခွင့်မရှိတာလားဆို
တာကတော့ သက်ဆိုင်ရာ ကအသိဆုံးနေပါလိမ့်မယ်။
တခါတုန်းက မြန့်မာရုပ်ရှင်အဆင့်အတန်းမြင့်မားဖို့ဆိုရင် . . .ဆိုတဲ့ခေါင်းစဉ်နဲ့ပေါ်ပြူလာဂျာနယ်မှာ ကျွန်တော်ဆောင်းပါးရေးခဲ့ပါတယ်။
အံ့သြစရာကောင်းတာက ကျွန်တော့်ဆောင်းပါးထဲမှာ ခိုးကူးကိုဖမ်းပေးဖို့ တောင်းဆိုတာနဲ့ပါတ်သက်သမျှ စိစစ်ရေးကဖြတ်တာပါပဲ။
သိတဲ့အတိုင်းအဲဒီတုန်းက ပေါ်ပြူလာဂျာနယ်အယ်ဒီတာချုပ်ဦးဟိန်းလတ်က စာနယ်ဇင်းက ပုဂ္ဂိုလ်ဆိုတော့ ကျွန်တော်က ဒီလိုမေးခဲ့မိပါ
ရဲ့ . . .။
`ပေါ်လစီ ထိခွင့်မရှိဘူး ဆိုတဲ့စာပေစိစစ်ရေး ကိုမေးပေးစမ်းပါဦး ဆရာရယ် ခိုးကူး က ပေါ်လစီ လားလို့ ´
ချစ်ခင်စွာ
ချိုတူးဇော်
အထက်ပါ သဘောထား အမြင် စာစု ကို ဒါရိုက်တာ နှင့် စာရေး ဆရာ ချိုတူးဇော်၏ Facebook မှတ်စု မှ ရယူ
ပါသည်။
မူရင်း စာစု နှင့် သဘောထားအမြင် မှတ်ချက် များ ကို ဤနေရာတွင် ကလစ် နှိပ်ပြီး ကြည့်ရှု နိုင်သည်။
Archive _ Director Inflation

မြန်မာရုပ်ရှင်ဆိုရင်……..အလကားပေးရင်တောင် မကြည့်ဘူးလို့ လူမျိုးခြားတွေ ( ကုလားနဲ့တရုတ်တွေ ) ပြောတုံးက ဒီကောင်တွေ တော်တော်မိုက်ရိုင်းတာပဲလို့………ဟိုး..အရင်တုံးကပြန်ပက်မိတယ်……အင်း………….အခုတော့ ကျွနုပ်တို့မြန်မာတွေကိုယ်တိုင်ကတောင်…..ဒီလိုပြောနေရတဲ့ အဖြစ်ဖြစ်နေပြီ အရပ်ကတို့ရေ……..ကိုချိုတူးဇော်ပြောသလို ဇတ်ကားအခြေပြုကားတွေ ကောင်းကောင်းရိုက်ပြီး…..ကုလားတရုတ်တွေကို မြန်မာကားဆိုရင်မကြည့်ရင်မနေနိုင်လောက်ကိုဖြစ်အောင်..ကောင်းတဲ့ကားတွေ ပေါ်လာပါစေလို့……..ဆုတောင်းပါတယ်ဗျာ
အင်း…မူဗွီသရဏံ ဂစ္စာမိ လို့ ပြောရင် လွန်အံ့မထင် လို့  အရင်က စာကြေးမှုံမှာ ဆရာ ငွေဥဒေါင်း(ဦးကြီးမောင်) မှတ်ချက်ချသလို မှတ်ချက်ပေးလိုက်ရပါတယ် ကိုချိုတူးဇော်ရေ…