
Of the Rich, By the Rich, For the Rich
အမေရိကန် သမ္မတ အိုဘားမား တို့  ဇနီး မောင်နှံ ဟာ ၂၀၁၀ ခုနှစ် မှာ ၀င်ငွေ ဒေါ်လာ ၁.၈ သန်း
သာ ရှိပြီး ၂၀၀၉ ခုနှစ်က ၀င်ငွေ ၅.၅ သန်း နဲ့  ၂၀၀၈ ခုနှစ် က ၀င်ငွေ ၂.၆ သန်း အောက် ကို လျှော့
ကျ သွား ခြင်း ဖြစ်ပါတယ်။အမေရိကန် သမ္မတ အဖြစ် အိုဘာမား ရရှိ တဲ့ လစာငွေ ဟာ တစ်နှစ်ကို
၃၉၅.၀၀၀ ဖြစ်ပါတယ်။
သမ္မတ အိုဘာမား နဲ့  ဇနီး ဖြစ်သူ မစ်ချယ်(လ) အို ဘားမား ဟာ သူတို့ ရဲ့ စာအုပ် ရောင်း ရ ငွေ က
လည်း ၀င်ငွေရ ရှိ ပြီး ၂၀၁၀ ခုနှစ် ၀င်ငွေ ခွန် ပေး ဆောင် မှု မှာတော့ အလုပ် အကိုင် ကို သမ္မတ
နဲ့  စာရေး ဆရာ ဆိုပြီး ဖော်ပြထား ပါတယ်။
သမ္မတ အိုဘား မား နဲ့  မိသားစု ဟာ ၂၀၁၀ အတွက် အခွန်ငွေ ဒေါ်လာ ၅ သိန်းကျော်ပေး ဆောင်ရ
ပြီး သူတို့  ၀င်ငွေ ထဲ က ၃ သိန်း နီးပါး ကို တော့ လူမှု ရေး လုပ်ငန်း တွေ ကို လုပ်ဆောင် နေတဲ့ အကျိုး
အမြတ် မယူတဲ့ အဖွဲ့ တွေ အတွက် လှုဒါန်း ထားပါတယ်။
အမေရိကန် နိုင်ငံ သား တွေ ပျမ်းမျှ ၀င်ငွေ ကတော့ တစ်နှစ် ကို ဒေါ်လာ ၅၂.၀၄၉ ဖြစ်ပါတယ်။ဒီနှစ်မှာ
အမေရိကန် နိုင်ငံ သား ၄၇ ရာခိုင်နှုန်း နီးပါး ဟာ သူတို့ ရဲ့  ၀င်ငွေ ဟာ ပြည်တွင်း အခွန် ဌာန ရဲ့ သတ်
မှတ် နှုန်းထား အောက် ကျဆင်း နေတဲ့ အတွက် ၀င် ငွေဆောင် စရာ မလို ဘူး လို့  FOX သတင်းဌာန
က ဖော်ပြထား ပါတယ်။
ဒီနှစ်မှာတော့ အမေရိကန် နိုင်ငံ ရဲ့  အချမ်းသား ဆုံး ပုဂ္ဂိုလ် ၄၀၀ ကလည်း သူတို့ ရဲ့  ၀င်ငွေ တွေ ကျဆင်း
ခဲ့တဲ့ အတွက် အရင် နှစ် တွေ က ထက် အခွန် ပေး ဆောင် ရနှုန်း နိမ့် ကျ ခဲ့ပြီး ခြုံပြောရ ရင်တော့ အမေရိ
ကန် အစိုးရ ရဲ့  အခွန် က ရတဲ့ ၀င် ငွေ ကျဆင်း တဲ့ နှစ် ဖြစ်တယ် လို့  ဖလော်ရီဒါ ပြည် နယ် မိုင်ယာမီ မြို့ က
IRS ညွှန်ကြားရေး မှုး ဒေါက်ဂလစ် ၀ဲသာ က FNG ကိုပြောပါတယ်။
အမေရိကန် သမ္မတ အိုဘာမား ဟာ ၁၉၉၅ ခုနှစ်မှာ memoir Dreams From My Fatherနဲ့ 
၂၀၀၆ ခုနှစ် မှာ နိုင်ငံ ရေး စာအုပ်ဖြစ် တဲ့ The Audacity of Hope နဲ့  ပြီးခဲ့တဲ့ နှစ်က ကလေးတွေ
အတွက် စာအုပ်ဖြစ်တဲ့ Of Thee I Sing: A Letter to My Daughters ဆိုတဲ့ စာအုပ် သုံး အုပ် ကို
ရေး ခဲ့ပြီး သူ့ အကြောင်း နဲ့  ဘ၀ ဖြတ်သန်း မှု အကြောင်း ရေးထား တဲ့ စာအုပ် ၁၂ အုပ်ကနေ ကလည်း
ခံစား ခွင့် တွေ ရရှိပါတယ်။
သူရဲ့  စာတော်ဖတ် က တော့ ဒီနှစ် မှာ အိုဘားမား ရဲ့  စာအုပ်ဟာ သမ္မတဟောင်း ဂျော့ ဘုရှ် (အငယ်)
ရဲ့  စာအုပ် ဖြစ်တဲ့ Decision Point လောက် မရောင်းရ ဘူးလို့ ဆိုပါတယ်။
Archive: Obama Income
Source : BBC World News. FOX
Related Articles
- Obama’s tax return: Income down — to $1.7 million (boston.com)
- Obamas Paid $453,770 Taxes on $1.7 Million Income (usnews.com)
- Books earned Obama $1.8m in 2010 (bbc.co.uk)

မလုပ်ကြ ပါနဲ့ ကွယ် . သူတို့ ကို ၀င်ငွေခွန် မဆောင်ခိုင်းတာပဲ ကောင်းပါတယ် .အကယ်လို့် ဆောင်ခဲ့ မယ်ဆိုရင် သူတို့ က သူတို့ တရားဝင် သတ်မှတ်ထားတဲ့ လစာ ရဲ့ ရာခိုင်နှုန်းနဲ့ပဲ ဆောင်မှာလေ .တရားမ၀င်ရ တဲ့ ဟာကို ဘယ်ဆောင်မတုန်း …ပြီးတော့ သူတို့ ဆောင်ရရင် ပြည်သူလူ ထု က လဲ လိုက်ပြီးဆောင်ဖို့ ဥပဒေတွေ ထုတ်တော့ မှာလေ နောက်ဆုံးတော့ ပြည်သူတွေ ပဲ အခွန်တောထဲ မှာနစ်လိမ့်မယ် …သူတို့ က တော့ ဒုန်းရင်းဒူုန်ရင်းပဲ … ကြည့်လေ ခု သမ္မတ အသစ်ကြီး ဦးသိန်းစိန် ကလဲ ၀န်ထမ်းတွေကို လစာ မတိုးပေးချင်တာနဲ့ သူတို့ ရဲ့ လစာ သိန်း၅၀ ကို မယူသေးပါဘူးလုပ်နေတာ ..သုတို့ က ယူလဲ ကလေးမုန့်ဖိုးလောက်ရှိတာ ..အပြင်ပန်းကြည့် ရင်တော့ သဘောထား အလွန်ပြည့် ၀တဲ့ သူကြီးပေါ့ နော်.. ကျွန့် တော့် အမြင်သက်သက်ပါ …..
ဒီသတင်းမျိုးကို
မြန်မာနိုင်ငံထဲက
ပြည်သူ့ သတင်းစာတွေမှာ ပါဝင်နိုင်အောင်ကြိုးစားပေးသင့်တယ်
ကျုပ်အမြင်ပေါ့နော
ဒါက ရိုးရိုးလေးနဲ့ 
ထိရောက်မှုရှိတဲ့ အက်ရှင်လေးလို့ မြင်တယ်
ဥပမာ
စက်သေတန်နဲ့ တရစပ်ပြစ်နေတဲ့သူကို
စနိုက်ပါနဲ့ 
တစ်ချက်တည်းကျဉ်တစ်တောင့်ထည်းနဲ့ ဖြုတ်လိုက်တဲ့သဘောရှိလိမ့်မယ်
ကျုပ်အထင်ကိုပြောတာပါ
သန်းရွှေ သူ့ ပါးစပ်ထဲ (၂၅)တမတ်စိထည့် ပြီး နေတိုင်း အခွန်ဆောင်နေ ပါသည်။
မမှီတာလို့ရေးမလို့…မ…ပြုတ်သွားတယ်။
သြော်သနားပါတယ်နော်…ဒို့ဆီက…ဦးသန်းရွှေလောက်တောင်ဝင်ငွေမရှိဘူး။
ဒို့ရဲ့ ဗိုလ်ချုပ်မှူးကြီးကိုမှီတာနောက်တစ်ခုက…ဘယ်တုန်းကမှဝင်ငွေခွန်ပေးဆောင်
စရာမလိုတာပဲ။ အမေရိကန်သမ္မတ တွေ..မြန်မာစစ်ဗိုလ်ချုပ်တွေရဲ့ဝင်ငွေကိုမှီအောင်
မနည်းကိုကြိုးစားကြရအုံးမှာပါလားနော်…။