ရွှေဈေး နှင့် ဒေါ်လာဈေး၊ မြေကွက်ဈေး ပြန်တက်

ကမ္ဘာ့ ရွှေဈေး နှစ် ၂၀ အတွင်း အမြင့်ဆုံး ကို ရောက်ရှိ

နိုင်ငံတွင် ရွှေဈေး နှင့် ရေနံစိမ်း ဈေးနှုန်း များမှာ ဆက်လက်မြင့် တက်လျှက် ရှိသည်။

နေမျိုးဦး၊            ၊ယနေ့ နံနက် ဈေးကွက် ဖွင့် ချိန် တွင် မြန်မာ ငွေ နှင့် လဲလှယ်ရာ တွင် အမေရိကန်
၁ ဒေါ်လာဈေး
ပေါက်ဈေးမှာ ၈၈၆ ကျပ်ထိ ပြန်လည် တက်သွားပြီး ၊ ရွှေဈေး မှာ ၁၆ ပဲသား အခေါက်ရွှေ ၁ ကျပ်
သားလျှင် သင်္ကြန် မတိုင်ခင်က ကျပ် ၆၆.၀၀၀ ဈေး ရှိရာမှ ယနေ့  ၆၉၀.၀၀၀ ကျပ် သို့ မြင့် တက်သွား
သည် ဟု သတင်း ရရှိသည်။

ရန်ကုန် တွင် ကန်ထရိုက် တိုက်ခန်းများ မှာ ဈေးကျနေပြီး ၊ အိမ် နှင့် ခြံပါ သော မြေကွက် များ မှာ
အရောင်း အ၀ယ်ဖြစ်ကာ ဈေးတက်နေသည်။

ရန်ကုန် မြို့ မှ ရွှေဆိုင် လုပ်ငန်း ရှင် တစ်ဦးက ရွှေဈေး မြင့် တက်သွား ခြင်းသည့် ကမ္ဘာ့ ရွှေဈေး
မြင့်တက်သွားခြင်း ကြောင့် ဖြစ်သည်ဟု ဆိုသည်။ နယူးယောက် ရွှေဈေး ကွက် တွင် ရွှေ  ၁ အောင်
စ မှာ ယနေ့  ဒေါ်လာ ၁၅၀၂ ဖြစ်သည်။

၂၀၁၁ ခုနှစ် ပထမ လေးလ အတွင်း မှာ ပင် မြန်မာ နိုင်ငံ ဉ်ရွှေ ၀ယ် စု သူ သိသိသာသာ များလာ
သည် ဟု မြို့ မ ရွှေ ဆိုင် မှာ တာဝန်ရှိ သူ တစ်ဦးက FNG သို့ ပြောသည်။


ရေနံ ထွက်သည့် အာရပ် နိုင်ငံ များ တွင် ပြည်တွင်း စစ်ပွဲ များ နှင့် လူထု အုံကြွှမှု များ ကြောင့် ရေနံ
စိမ်း ဈေးမှာ မြင့် တက်လျှက် ရှိပြီး လန်ဒန် ဘရင့် ရေနံစိမ်း တစ်စည် မှာ ၁၂၃ ဒေါ်လာ ဈေးပေါက်ပြီး
၂ နှစ် အတွင်း အမြင့် ဆုံး ဈေးကို ပြန်လည် ရောက်ရှိခြင်း ဖြစ်သည်။

မြန်မာ နိုင်ငံတွင် အိမ်ခြံမြေဈေး ဆက်လက် မြင့် တက် လျှက် ရှိ သော်လည်း အမေရိကန်တွင် ဆက်
လက် ကျဆင်း လျှက် ရှိသည်။