လေကြောင်း ထိမ်းသိမ်း ရေး မျှော်စင် ၏ မှားယွင်း အချက် ပြမှု ကြောင့် အမေရိကန် သမ္မတ
အိုဘားမား ၏ ကတော် ဖြစ်သူ မစ်ချယ် အိုဘားမား စီးနင်း လိုက် ပါလာသည့် သမ္မတ အိမ်ဖြူ
တော် လေယာဉ် သည် အန်ဒရူး လေတပ် စခန်း လေယာဉ် ကွင်း သို့ အရေး ပေါ် ဆင်း သက် ရ
သည် ဟု ၀ါရှင်တန် ပို့ စ် သတင်းစာတွင် ဖော်ပြထားသည်။
မစ်ချယ် အိုဘားမား စီးနင်း လိုက် ပါလာသည့် Boeing 737 လေယာဉ် သည် လေကြောင်း
အချက်ပြ မျှော် စင် ၏ ပျံသန်းမှု ဆိုင်ရာ မှားယွင်း အချက် ပေးမှု ကြောင့် တန်ချိန် ၂၀၀ ရှိ
C-17 အမျိုးအစား စစ်ဘက်သုံး ကုန်တင် လေယာဉ် နှင့် တိုက် မိ မလို ဖြစ်ခဲ့ သည် ဟု အမေ
ရိကန် လေကြောင်းထိမ်းသိမ်းရေး ဌာန မှ တာဝန် ရှိသူ တစ်ဦး က ပြောသည်။
ပုံမှန် အား ဖြင့် အဆိုပါ လေယာဉ် နှစ်စီး သည့် ၅ မိုင် အကွာ မှ ပျံသန်း ရရမည် ဖြစ်သော်
လည်း အန္တရယ်ရှိသည့် နီးကပ် မှုအနေဖြင့် ၃ မိုင်ခန့် အကွာ မှ နီးကပ်စွာ ပျံသန်း နေသော
ကြောင့် အရေး ပေါ် ဆင်းသက် ရခြင်း ဖြစ်သည်။
မစ်ချယ် အိုဘားမား ၏ လေယာဉ် ကို ပိုတိုမက် လေကြောင်း ထိမ်းသိမ်းရေး မျှော်စင် မှ
တာဝန် ယူထားခြင်း ဖြစ်ပြီး မျှော်စင် ရှိ တာဝန် ကျ အင်ဂျင် နီယာမှ အိပ်ငိုက် နေခြင်း
ကြောင့် ဖြစ် နိုင်သည် ဟု NPR ရေဒီယို မှ ထုတ်လွှင့် သွားသည်။
အဆိုပါ အဖြစ် အပျက်သည် တနင်္လာ နေ့ က ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။
Potomac Terminal Radar Approach Control

FNG က နေ အိုဘားမား ၀င်ငွေ ကို တင်ထားတဲ့ သတင်း ကို ကြိုက်တယ်။ ထိရောက်တဲ့ သတင်း တစ်ပုဒ် ပဲ ရိုးရိုး လေးနဲ့ ရှင်းတယ်။
An engineer who has responsibility should be fired for the rest of his life.