လစ်ဗျား ခေါင်းဆောင် ဗိုလ်မှုးကြီး ကဒါဖီ ရဲ့ အုပ်ချုပ်မှု ကို ဆန့် ကျင်နေတဲ့ လစ်ဗျား ဒီမိုကရေစီ
လိုလားသူ တွေ ကို အမေရိကန် က လက်နက် မဟုတ်တဲ့ ထောက်ပံ့ကြေး ဒေါ်လာ ၂၅ သန်း
ကူညီမယ်လို့ ဒီနေ့  နိုင်ငံခြား ရေး ၀န်ကြီး ၀န်ကြီး ဟီလာရီ ကလင်တန် က ထုတ်ဖော်ပြောကြား
လိုက်ပါတယ်။
ဒီမိုကရေစီ နဲ့  လွတ်မြောက်ရေး အတွက် တိုက်ပွဲ ၀င်နေကြတဲ့ လစ်ဗျား သူပုန် တွေ ကို ဗြိတိသျှ ၊
ပြင်သစ် နဲ့ အီတလီ နိုင်ငံ တွေ က စစ်ဖက် ရေးရာ အကြံပေး ပုဂ္ဂိုလ် တွေ ကို စေလွှတ် ပြီး ကူညီ
နေကြပါတယ်။
ပြင်သစ် နဲ့  အမေရိကန် တပ်မှုး တစ်ချို့ ကတော့ လစ်ဗျား နိုင်ငံ မှာ အရပ်သား တွေ အသေအပျောက်
များ နေတာကြောင့် မြေပြင်တပ်တွေ ၀င်ရောက် ပြီး ကဒါဖီ ရဲ့  လုပ်ရပ် တွေ ကို ဟန့် တား ရမယ်လို့ 
ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီ ကို အရေး ဆိုကြပါတယ်။
ကဒါဖီ ဟာ ဒီနေ့ ထိ အပြစ်မဲ့ ပြည်သူ ၁၀,၀၀၀ ကျော်ကို သတ်ဖြတ် ပြီး ဖြစ်ပါတယ်။
ဒီနေ့ မှာတော့ စစ်ပွဲ ဓာတ်ပုံ သတင်းထောက် တစ်ဦး ဖြစ်တဲ့ အပြင် အော်စကာ ဆုလျှာထား
ခံရတဲ့ အာဖဂန် နစ္စတန် စစ်ပွဲ မှတ်တမ်း ရုပ်ရှင် ဖြစ်တဲ့ “Restrepo” ဒါရိုက်တာ နဲ့ ဓာတ်ပုံဆရာ
တင် ဟီသာရီတန် နဲ့  Getty Image က ဓာတ်ပုံဆရာ ခရစ် ဟွန်ဒရောစ် တို့ နှစ်ဦး ဟာ
မစ်ဆူရာတာ မြို့ မှာ ကဒါဖီ ရဲ့  လက်ဖြောင့် တပ်သားတွေ ပစ်ခတ် လိုက်တဲ့ ကျဉ်ဆန် ထိမှန် ပြီး
သေဆုံး ခဲ့ကြပါတယ်။
တင် ဟီသာရီတန် ဟာ Human Rights Watch အတွက် အလုပ်လုပ် ပေး နေသူ လည်း ဖြစ်ပါတယ်။
ဆီးရီးယား နိုင်ငံ
ဆီးရီးယား နိုင်ငံမှာတော့ သမ္မတ ဘာရှား အာဆတ် ကို ဆန့် ကျင် တဲ့ ဆန္ဒပြမှု တွေ ပိုမို အားကောင်း
လာပြီး Homs မြို့ မှာတော့ ဆန္ဒပြသူတွေ ဟာ မြို့ ရဲ့ အရေး ပါတဲ့ နေရာတွေ ကို သိမ်း ပိုက်ထား နိုင်ခဲ့ပါတယ်။
သမ္မတ ဘာရှား အာဆတ် ရဲ့ တပ်တွေ တိုက်ခိုက်မှု ကြောင့် ဆန္ဒပြသူ ၂၀၀ ကျော် သေဆုံး ခဲ့ပြီး ဖြစ်ပါတယ်။
ဆန္ဒပြသူ တွေ ဟာ ဓမ္မစကတ် မြို့ တော် ရဲ့ လမ်းတွေ ကို ပိတ်ဆို့ ဆန္ဒပြ နေကြကာ ၂၀၀၀ ပြည့် နှစ်က စပြီး
ဖခင် နေရာ ကို ဆက်ခံ ကာ အာဏာယူထားတဲ့ အာဆတ် ကို နှုတ် ထွက် ပေး ဖို့ တောင်း ဆိုနေပါတယ်။
Related Articles
- Tim Hetherington in Sierra Leone (theatlantic.com)
- RESTREPO Co-Director Tim Hetherington Killed in Libya (collider.com)
- “Restrepo” Director Tim Hetherington Killed in Libya (lafiga.firedoglake.com)
- ‘Restrepo’ Co-Director Remembered as Courageous (abcnews.go.com)
- Restrepo Director Killed in Libya (reason.com)
- Photojournalist/documentarian Hetherington killed by bomb in Libya (hollywood.com)
- Restrepo Co-Director Tim Hetherington Killed in Lybia (businessinsider.com)
- Tim Hetherington, Co-Director Of RESTREPO, Killed In Mortar Attack (aintitcool.com)
- ‘Restrepo’ director Tim Hetherington killed in Libya (news-briefs.ew.com)
