ရုပ်ရှင် နှင့် ဂီတ ပညာရှင် များ ကွန်ယက် ကို ဖွဲ့ စည်း

မြန်မာ့ ရုပ်ရှင် နယ်ပယ် မှ သရုပ်ဆောင် ၊ ဒါရိုက်တာ ၊စက်မှုဘက်ဆိုင်ရာပညာရှင်များနှင့်ဟာသပညာရှင် များ၊ဇာတ်ညွှန်း
ဆရာများ၊ ဇာတ်ပို့ များ ဖြင့် လွတ်လပ်သော မြန်မာ့ ရုပ်ရှင် ကွန်ယက် (Burma Free Theater Network) ကို စတင်ဖွဲ့ 
စည်းလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

ထိုကွန်ယက် ကို ဧပြီလ ၂၂ ရက်နေ့ တွင် စတင်ဖွဲ့ စည်းခြင်းဖြစ်ပြီး နာမည်ကျော် ဟာသပညာရှင် တစ်ဦး နှင့် ဒါရိုက်တာ
တစ်ဦးက ဦးဆောင်ပြီး ဖွဲ့ စည်း ခဲ့သည် ဟု သတင်း ရရှိသည်။ လွတ်လပ်သော မြန်မာ့ ရုပ်ရှင် ကွန်ယက် ဖွဲ့ စည်းရခြင်း
ရည်ရွယ်ချက်မှာ ရုပ်ရှင်လွတ်လပ်ခွင့် ၊ ဖမ်းဆီးထောင်ချထားသည့် အနုပညာရှင် များ ပြန်လည် လွတ်မြောက်ရေး၊
ဆင်ဆာဖြတ်တောက်မှု ဖယ်ရှားရေး ၊ ရုပ်ရှင်ထူးချွန်ဆု လွတ်လပ်မှု၊ သရုပ်ဆောင်များ ကို ဖိအားပေး စေခိုင်းမှု စသည့်
အချက်များ ကို တောင်းဆိုတိုက်ပွဲ ၀င်သွား မည် ဟု အဆိုပါ အဖွဲ့ မှ လူငယ် သရုပ်ဆောင် တစ်ဦးက FNG ကို ပြောသည်။

လွတ်လပ်သော မြန်မာ့ ရုပ်ရှင် ကွန်ယက် ကို တည်ထောင်သည့် ဟာသပညာရှင် တစ်ဦး က ” အခု နိုင်ငံရေး အကျဉ်းသား
တွေ လွတ်မြောက်ဖို့ လှုပ်ရှားမှု မှာ ကျွန်တော်တို့ လဲ လက်မှတ်ထိုးတယ် ဗျာ .. ဘာဖြစ်လို့ လဲ ဆိုတော့ အခု ထောင်ထဲမှာ
ကိုသူရ(ဇာဂနာ) တို့ လို လူတွေ ရှိနေလို့ ” ဟု ပြောသည်။

မြန်မာ့ ရုပ်ရှင် ကို ဒီနေရာမှာ မှတ်ချက်ပေး လို့ ရတယ်

လွတ်လပ်သော မြန်မာ့ ရုပ်ရှင် ကွန်ယက် ကဲ့သို့  မြန်မာ နိုင်ငံ မှာ နာမည်ကျော် အဆိုတော်များ နှင့် တေးရေး ဆရာများ
ကလည်း ကွန်ယက် တစ်ခု ကို မကြာမှီ ဖွဲ့ ကာ အခြား ကွန်ယက် များ နှင့် ချိတ်ဆက်လှုပ်ရှား မည် ဟု သတင်းရရှိသည်။

BFTN သည် စစ်အစိုးရ မှ ဆင်ဆာဖြတ်တောက် ပိတ်ပင်မှုကြောင့် လုံးဝ ပြသ နိုင်ခြင်း မရှိတော့သည့် ဇာတ်ကားများ နှင့်
ဆင်တာဖြတ်တောက် ထားသည့် ဇာတ်ကွက်များ ကို စုပေါင်းပြီး Burma Underground Cinema Film Festival
ကိုလည်း လှို့ ဝှက်စွာ ကျင်းပ အုံးမည် ဖြစ်သည် ဟု သိရသည်။