အရီဇိုးနား လွှတ်တော် အမတ် ဂျွန်မက်ကိန်း ဘန်ဂါဇီ သို့ ရောက်ရှိ

အရီဇိုးနား လွှတ်တော် အမတ် နှင့် ၂၀၀၈ ခုနှစ် တွင်  သမ္မတ ရွေးကောက်ပွဲ  ၀င်ရောက် အရွေးခံခဲ့သူ
ဂျွန်မက်ကိန်း သည် ယနေ့  သောကြာနေ့ တွင် လစ်ဗျား အတိုက် အခံ များ ထန်းချုပ် ထားရာ နိုင်ငံ
အရှေ့ ပိုင်း ဘန်ဂါဇီ မြို့  သို့ ရောက်ရှိ သည် ဟု AFP သတင်း တွင် ဖော်ပြထားသည်။ ဆီးနိတ် လွှတ်တော် လက်နက် ၀ယ်ယူမှု ကော်မတီ ၏ ဥက္ကဌ ဖြစ်သူ ဂျွန် မက်ကိန်းသည် ဘန်ဂါဇီ
မြို့ တွင် ကျဉ်ကာမှန်  များ နှင့် ကျဉ်ကာ စနစ် ပါရှိသည့် မာစီးဒီး ကားဖြင့် လှည့်လည် ခဲ့ပြီး လစ်ဗျား
ပြည်သူများက အမေရိကန် အလံများ ဝှေ့ ယမ်းကာ သောင်းသောင်း ဖျဖျ ကြိုဆိုခဲ့သည်။

ဘန်ဂါဇီ မြို့ သို့ ရောက်ရှိ နေစဉ် အတွင်း မက်ကိန်းက လစ်ဗျား ပြည်သူများ နှင့် ဒီမိုကရေစီ လိုလား
သူများသည် သူ့ ၏ သူရဲ ကောင်းများ ဖြစ်သည် ဟု ပြောကြား ခဲ့သည်။

လစ်ဗျား နိုင်ငံ သို့ မက်ကိန်း ရောက် ရှိ ချိန် သည် အမေရိကန် အစိုးရက လစ်ဗျား ခေါင်းဆောင် ကဒါ
ဖီ ၏ တပ်များ ကို ဖယ်ရှား ရန် မောင်းသူမဲ့လေယာဥ် များ စေလွှတ် ပြီး ချိန် လည်း ဖြစ်သည်။

အနောက် နိုင်ငံ များ သို့ ရောက်နေသည့် လစ်ဗျား ပြည်သူများ သည် နှစ် ၃၀ အတွင်း ပထမ ဦးဆုံး
အကြိမ် ဘန်ဂါဇီ မြို့ သို့ ရောက် ရှိလာ ပြီဖြစ်သည်။